ရုရှားဘာသာစကား: တည်းဖြတ်မှု မူကွဲများ

"'''ရုရှားဘာသာ'''သည..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
 
No edit summary
စာကြောင်း ၁ -
'''ရုရှားဘာသာ'''သည် [[ဆလပ်ဗ်ဘာသာစကား]] ဖြစ်သည်။ ရုရှားဘာသာကို [[ရုရှားနိုင်ငံ]]၊ [[ဘီလာရုဇ်နိုင်ငံ]]၊ [[ကာဂျစ်စတန်နိုင်ငံ]]၊ နှင့် [[ကာဇက်စတန်နိုင်ငံ]]တို့တွင် အဓိကအားဖြင့် ပြောဆိုကြသည်။ [[ယူကရိန်းနိုင်ငံ]]၊ [[မော်လ်ဒိုဗာနိုင်ငံ]]၊ [[လတ်ဗီယာနိုင်ငံ]]၊ [[လစ်သူယေးနီးယားနိုင်ငံ]]၊ [[အက်စ်တိုးနီးယားနိုင်ငံ]] နှင့် [[ဆိုဗီယက်ပြည်ထောင်စု]]တွင် ယခင်က ပါဝင်ခဲ့ဖူးသည့် နိုင်ငံများတွင် ရုရှားဘာသာစကားကို တရားဝင်မဟုတ်သော်လည်း ကျယ်ပြန့်စွာ ပြောဆိုလျက်ရှိသည်။.<ref>{{cite web|url=http://www.gallup.com/poll/109228/russian-language-enjoying-boost-postsoviet-states.aspx |title=Russian Language Enjoying a Boost in Post-Soviet States|publisher=Gallup.com|date=August 1, 2008|accessdate=2010-05-16}}</ref><ref name=demoscope>{{cite journal|last=Арефьев|first=Александр|title=Падение статуса русского языка на постсоветском пространстве|journal=Демоскоп Weekly|year=2006|issue=251|url=http://www.demoscope.ru/weekly/2006/0251/tema01.php|language=Russian}}</ref> ရုရှားဘာသာသည် [[အင်ဒို-ဥရောပ ဘာသာစကား]]အုပ်စုတွင်မျိုးနွယ်တွင် ပါဝင်သည့် ဘာသာစကားတစ်ခုဖြစ်ပြီး လက်ရှိပြောဆိုလျက်ရှိသော အရှေ့ဆလပ်ဗ်ဘာသာစကားသုံးခုအနက်မှ တစ်ခုလည်း ဖြစ်သည်။
 
[[ရုရှားနိုင်ငံ]]၊ [[ယူကရိန်းနိုင်ငံ]]၊ နှင့် [[ဘီလာရုဇ်နိုင်ငံ]] တို့တွင် ရုရှားဘာသာစကားကို [[မိခင်ဘာသာစကား]]အဖြစ် ပြောဆိုသော လူဦးရေ ၁၄၄ သန်းရှိသည်။ ရုရှားဘာသာသည် ရခုမြောက် လူပြောအများဆုံးဘာသာစကားတစ်ခု<ref>{{cite web|title=The World's Most Widely Spoken Languages|url=http://www2.ignatius.edu/faculty/turner/languages.htm|work=Saint Ignatius High School|accessdate=17 February 2012|location=Cleveland, Ohio}}</ref> ဖြစ်ပြီး [[ကမ္ဘာ့ကုလသမဂ္ဂ]]၏ ရုံးသုံးဘာသာစကား၆ခုအနက်မှ[[ကမ္ဘာ့ကုလသမဂ္ဂ၏ရုံးသုံးဘာသာစကား|တရားဝင် ရုံးသုံးဘာသာစကား]]၆ခုအနက်မှ တစ်ခုလည်း ဖြစ်သည်။
 
==အမျိုးအစားခွဲခြားခြင်း==
ရုရှားဘာသာစကားသည် အင်ဒို-ဥရောပဘာသာစကားမျိုးနွယ်တစ်ခုဖြစ်သည့် ဆလပ်ဗ်ဘာသာစကားတစ်ခုဖြစ်သည်။ ရုရှား ဝေါဟာရများနှင့် စာပေအရေးအသားပုံစံတို့သည် အနောက်ဥရောပနှင့် အလယ်ဥရောပဘာသာစကားများဖြစ်ကြသည့် [[ဂရိဘာသာ|ဂရိ]]၊ [[လက်တင်ဘာသာ|လက်တင်]]၊ [[ပိုလန်ဘာသာ|ပိုလန်]]၊ [[ဒတ်ချ်ဘာသာ|ဒတ်ချ်]]၊ [[ဂျာမန်ဘာသာ|ဂျာမန်]]၊ [[ပြင်သစ်ဘာသာ|ပြင်သစ်]]၊ [[အီတလီဘာသာ|အီတလီ]] နှင့် [[အင်္ဂလိပ်ဘာသာ|အင်္ဂလိပ်]]ဘာသာစကားတို့၏ လွှမ်းမိုးခြင်းကို ခံခဲ့ရသည်။<ref>{{cite web | title=Encyclopaedia Britannica 1911 | url=http://www.1911encyclopedia.org/Russian_Language}}</ref> ယူရလ်လစ်၊ [[တူရကီဘာသာ|တူရကီ]]၊ [[ပါရှန်းဘာသာ|ပါရှန်း]]၊ [[အာရေဗျဘာသာ|အာရေဗျ]] ဘာသာစကားတို့သည်လည်း ရုရှားဘာသာစကားအပေါ် အနည်းငယ်သက်ရောက်မှုရှိသည်။ [[ကယ်လီဖိုးနီးယား]]ရှိ ဘာသာစကားလေ့လာရေးတက္ကသိုလ်တစ်ခု၏ အဆိုအရ ရုရှားဘာသာစကားသည် အင်္ဂလိပ်စကားပြောလူမျိုးများအတွက် လေ့လာရာတွင် ခက်ခဲသောဘာသာစကားတစ်ခု ဖြစ်ပြီး ရုရှားဘာသာကို အလယ်အလတ်အဆင့်ပြောဆိုနိုင်ရန်အတွက် နာရီပေါင်း ၁,၁၀၀ ခန့်အထိ လေ့လာရန်လိုအပ်နိုင်သည်။
 
==စံပြုရုရှားဘာသာစကား==
စံပြုရုရှားဘာသာစကားပုံစံကို ယေဘူယျအားဖြင့် ''ခေတ်သစ်ရုရှားစာပေအရေးအသား'' (современный русский литературный язык) ဟုခေါ်ဆိုကြသည်။ ၁၈ရာစုအစပိုင်း၌ ဘုရင်[[မဟာပီတာ]]၏ အုပ်ချုပ်မှုအောက်တွင် ရုရှားစာပေကို ခေတ်မီအောင်ပြုလုပ်စေခြင်းဖြင့် ရုရှားခေတ်သစ်စာပေသည် ပေါ်ထွန်းလာပြီး ယခင်ခေတ်ဟောင်းစာပေပုံစံတို့မှ တိုးတက်လာခဲ့သည်။ [[မစ်ဟေး လိုမိုနိုဆိုဗ်]]သည် ၁၇၅၅ခုနှစ်တွင် စံပြုသဒ္ဒါကျမ်းကို ပထမဆုံး စာတမ်းပြုစုခဲ့ပြီး ရုရှားအကယ်ဒမီကျောင်း၏ ပထမဆုံး အဓိပ္ပါယ်ဖွင့်ဆိုကျမ်းဖြစ်သည့် ရုရှားအဘိဓါန်ကို ၁၇၈၃ခုနှစ်တွင် ထုတ်ခဲ့သည်။ ၁၈ရာစုနှစ်အဆုံးပိုင်းနှင့် ၁၉ရာစုနှစ်များသည် ရုရှားဘာသာစကား၏ "ရွှေခေတ်"ဟု အသိများကြပြီး ထိုကာလများတွင် ရုရှားဘာသာ၏ သဒ္ဒါ၊ ဝေါဟာရစကားလုံးနှင့် အသံထွက်ပုံစံတို့သည် စံပြုစဖွယ် အခြေခိုင်လာပြီး ရုရှားတစ်ပြည်လုံးအနှံ့တွင် ရုရှားစာပေအရေးအသားသည် ကြီးပွားတိုးတက်လာခဲ့သည်။ ၂၀ရာစုမတိုင်မီအထိ မျိုးရိုးမြင့်သောအဆင့်အတန်းမှ ဆင်းသက်လာသူများနှင့် မြို့နေလူတန်းစားများသာ စံရုရှားစကားပြောပုံစံကို ပြောဆိုကြပြီး ကျေးလက်ဒေသများတွင်နေထိုင်သည့် ရုရှားရွာသားတို့သည် သူတို့၏ ကိုယ်ပိုင် ဒေသိယဘာသာစကားများကို ဆက်လက်ပြောဆိုလျက်ရှိခဲ့ကြသည်။ ၂၀ရာစုအလယ်ခန့်တွင် ထိုဒေသိယဘာသာစကားများသည် [[ဆိုဗီယက် အစိုးရ]]မှ ပြဌာန်းခဲ့သည့် ပညာရေးစနစ်နှင့် ရေဒီယို၊ [[ရုပ်မြင်သံကြား]]စသော ပြန်ကြားဆယ်သွယ်ရေးနည်းများကြောင့် နောက်ဆုံးတွင် ပျောက်ကွယ်ခဲ့ရသည်။
 
==External links==