စကြဝဠာ: တည်းဖြတ်မှု မူကွဲများ

စာကြောင်း ၅၂ -
 
 
စကြဝဠာ ဟူသော ဩကာသ လောကတွင် အပါအဝင်ဖြစ်သော ရေမြေတောတောင် အနေအထားအဖွဲ့အစည်းကို ပိုင်းခြား၍ ယေဘုယျအားဖြင့် ခေါ်ဝေါ်သော ဝေါဟာရဖြစ်၏။ [[မြင်းမိုရ်|မြင်းမိုရ်တောင်]]ကို ဗဟိုပြု၍ ဝန်းရံလျက်ရှိသော ကျွန်းကြီးလေးကျွန်းနှင့် အရန်ကျွန်းငယ်နှစ်ထောင်ကို နေတစ်စင်း၊ လတစ်စင်းက အလှည့်ကျ အလင်းရောင် ပေးလျက်ရှိ၏။ ထိုသို့ နေတစ်စင်း၊ လတစ်စင်းနှင့် အတူတကွ၊ လေးကျွန်းတစ်မြင်းမိုရ်အစုအဝေးကို
စကြဝဠာဟု ခေါ်သည်။ စကြဝဠာ များသည် မရေတွက်နိုင်လောက်အောင် မြောက်မြားစွာ တည်ရှိ၏။ တစ်ထောင်သော စကြဝဠာအစုကို စူဠလောကဓာတ်ဟု ခေါ်၏။ ထိုအစုဆယ်စု (ဝါ) စကြဝဠာတစ်သောင်းကို၊ မဇ္ဈိမလောကဓာတ်ဟု ခေါ်၏။ စကြဝဠာများသည် အမြဲတည်နေသည် မဟုတ်ပေ။ ဖြစ်ပေါ်လိုက် ပျက်စီးလိုက်ရှိ၏။ အတူတကွ ဖြစ်ပေါ်ဖြစ်ဖက်၊ ပျက်ဖော် ပျက်ဖက်ဖြစ်ကုန်သော စကြဝဠာ ကုဋေတစ်သိန်းစုကို
မဟောလောကဓာတ်ဟု ခေါ်၏။ ထိုထက်များပြား၍ ရေတွက်ခြင်းငှာ မဆုံးနိုင်သော စကြဝဠာအစုကိုမူကား အနန္တ လောကဓာတ်ဟု ခေါ်၏။ ယခု ကျွန်ုပ်တို့ မှီတင်းနေထိုင်သော စကြဝဠာကား မဇ္ဈိမ လောကဓာတ်ဟု ခေါ်သော စကြဝဠာ တစ်သောင်းစု၏ အလယ်ဗဟို၌ တည်ရှိ၏။ စကြဝဠာ တစ်ခုလုံးကို အစိုးရသော မင်းကို [[စကြဝတေးမင်း]]ဟု ခေါ်၏။