ကြက်ဆူပင်: တည်းဖြတ်မှု မူကွဲများ

No edit summary
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ဥာ +ဉာ, -ဥ် +ဉ်, -ုွ +ွု, -ံွ +ွံ, -ှွ +ွှ, -ံု +ုံ, -စျ +ဈ, -သြ +...
စာကြောင်း ၅၃ -
 
မြန်မာနိုင်ငံ စစ်ကိုင်းတိုင်း ၊ မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ်တို့တွင် ပေါက်ရောက်ဖြစ်ထွန်းသည်။သမနွေးပိုင်းရာသီ ကို နှစ်သက်သော်လည်းပူပြင်း ခြောက်သွေ့သောဒေသများတွင်လည်း ဖြစ်ထွန်းသည်။ မြစ်နားကမ်းနား ချောင်းမြောင်းပေါသည့်
ဒေသများတွင် သဘာ၀အလျောက် ပေါက်ရောက်သည်။သဘာ၀အလျောက် ပေါက်ရောက်သော်လည်း ယခုအခါ အသီးမှ အဆီများ ထုတ်ယူရန်အတွက် ကျယ်ပြန့်စွာ စိုက်ပျိုးသည်ကို တွေ့ရသည်။မြေအမျိုးအစား။ ။ အလွန်စေးသည့်မြေမှ တစ်ပါး မည်သည့် မြေမဆို စိုက်ပျိုးနိုင်သည်။ တောင်ခြေရှိ မြေနီ ၊ မြေ၀ါမြေဝါ ၊ သဲဲမြေကြမ်းများတွင် စိုက်ရန် အထူးသင့်လျော်သည်။ မြေဖွာ၍ ရေစိမ့်၀င်နိုင်ရန်ရေစိမ့်ဝင်နိုင်ရန် လိုအပ်သည်။ စိုက်ပျိုးမည့်မြေကို လိုအပ်သလို ပြုပြင်ပြီး မျိုးစေ့ကို တိုက်ရိုက်ချ၍ စိုက်ပျိုးရသည်။ အတန်းလိုက် စိုက်ပျိုးသင့်သည်။ တစ်တန်းနှင့် တစ်တန်း ၆ ပေ အကွာထားပြီး ၂ ပေကွာ အတန်းလိုက် ကျင်းကလေးများ တူး၍ တစ်ကျင်းလျှင် မျိုးစေ့ ၃-၄ စေ့ချပေးသင့်သည်။ စိုက်ပြီးလျှင် မျိုးစေ့များအား မြေဖြင့် ဖုံးပေးရမည်။ မြေခြောက်သွေ့နေလျှင် တွင်းစေ့အောင် ရေခံစိုက်သင့်သည်။ အစေ့မှအပင်ပေါက်ရန်၈ရက်၁၀ရက်ခန့်ကြာသည်။အပင်မြင့်၃ ပေခန့်ရှိသောအခါ ခေါက်နှိမ်ပေးခြင်းအားဖြင့် အကိုင်းအခက်များစွာ ဖြာထွက်လာပြီး အသီးထွက် ပိုမိုလာနိုင်သည်။ စိုက်ပြီး ၄ လအကြာတွင် ကြက်ဆူသီးများ ရင့်မှည့်လာ၍ ညိုလျက် ရှိသော အသီးများ ကွဲအက်စပြုလာသောအခါတွင် လက်ဖြင့် ဆွတ်ခူးရပါသည်။အသီးခူးချိန်အား ၃ လခန့် အထိ ဆက်လက် ခူးသွားနိုင်သည်။ဆွတ်ခူးပြီးအသီးများအား လုံး၀ခြောက်အောင်နေလှန်းထားခြင်းအားဖြင့် အသီးများ အက်ကွဲပြီး အစေ့များ ရရှိနိုင်ပါသည်။
 
 
စာကြောင်း ၇၈ -
♥ အာနိသင်
 
မြန်မာဆေးကျမ်းများ အလိုအရ ကြက်ဆူသည် ချို၏ ။ ခါးသက်သက်ရှိ၏ ။ ပူသော ဂုဏ်သတ္တိရှိ၏ ။ ကြေကျက်ခဲ၏ ။ သုက်ကို ပွားစေ၏ ။ ၀မ်းသက်စေ၏ဝမ်းသက်စေ၏၀မ်းမီးကိုဝမ်းမီးကို တောက်စေ၏ ။ ထက်မြက်၏။ လေသလိပ်ကို နိုင်၏ ။
► အရွက်အသုံးပြုပုံ
 
၁ ။ အရွက်ကို ခေါင်း ကိုက်ပျောက်ဆေး၊ အနာအုံဆေး အဖြစ် အသုံးပြုသည်။
၂ ။ အရွက်ကို ရေဖြင့် သုံးခွက်တစ်ခွက်တင် ကျို၍ သောက်လျှင် လေသလိပ်အားကြီးခြင်း ၊ ေ၀ှးစေ့ကြီးခြင်းေဝှးစေ့ကြီးခြင်း ၊ ဆီးအိမ်၌ ထုံကျင်ကိုက်ခဲခြင်းနှင့် လည်ချောင်းနာ ၊ သည်းခြေနာတို့ကို ပျောက်စေ၏။
 
► အစေ့အသုံးပြုပုံ
 
၁ ။ ကင်းဆိပ်ဖြေဆေးအဖြစ် အစေ့ကို သွေး၍ လိမ်းပေးရ၏ ။
၂ ။ လေချုပ်၊ အဖျား ၊ ချောင်းဆိုး၊ ၀မ်းဗိုက်ဝမ်းဗိုက် ဖောရောင် ၊ ထိုးအောင့်ခြင်း ၊ ခါး ၊ ဆီးအိမ် ၊ ခေါင်းကိုက်ခဲခြင်း နှင့် ပန်းနာ ၊ နူနာ ၊ ဖျဉ်းဒူလာ ၊ အသည်း ရောဂါ၊ ၀မ်းကိုက်ရောဂါတို့အတွက်ဝမ်းကိုက်ရောဂါတို့အတွက် ဖော်စပ်သောဆေးများတွင် ထည့်သွင်းအသုံးပြု၏ ။
 
► အစေ့ဆီအသုံးပြုပုံ
 
၁ ။ အစေ့ဆီကိုပြုပြင်၍ ၀မ်းနုတ်ဆေးဖော်စပ်ရာတွင်ဝမ်းနုတ်ဆေးဖော်စပ်ရာတွင် သုံးသည်။
၂ ။ ကလေး လွယ်ကူစွာ ဖွားမြင်နိုင်ရန်အတွက် ကြက်ဆူဆီကို သုံး၏ ။
၃ ။ ကြက်ဆူဆီကို ဆံပင်သန်ဆေးအဖြစ်လည်း သုံး၏ ။