နာနတ်သီး: တည်းဖြတ်မှု မူကွဲများ

No edit summary
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ဥာ +ဉာ, -ဥ် +ဉ်, -ုွ +ွု, -ံွ +ွံ, -ှွ +ွှ, -ံု +ုံ, -စျ +ဈ, -သြ +...
စာကြောင်း ၁၁ -
ခေတ်သစ် နာနတ်အယဉ် တစ်မျိုးဖြစ်သည့် Cayene နာနတ်မျိုးမှာ အပင်အမြင့် ၃၆ လက်မမှ လက်မ ၄ဝ လောက်အထိရှိပြီး၊ အရွက်တွေ မှာဘေးဘက်သို့ ၄၈ လက်မမှ လက်မ ၆ဝ လောက်အထိ ဖြာထွက် ကြသည်။ အရွက်အရေအတွက် ၆ဝ မှ ၈ဝ လောက်အထိ ရှိတတ်ပြီး ပျမ်းမျှအားဖြင့် အလျားလက်မ ၄ဝ၊ အနံ ၂.၅လက်မခန့်ရှိသည်။ ပန်းပွင့် ခိုင်တွင် အပွင့်အရေအတွက် ၁၅ဝ လောက်ပါရှိပြီး ပွင့်ချပ်ကလေးများမှာ ခရမ်းဖျော့ဖျော့မှ အပြာရောင်အထိ ဖြစ် တတ်သည်။ အသီးရိုးတံမှာ သုံး လက်မမှ ငါးလက်မလောက်အထိ ရှည်ပြီး Cayene နာနတ်မျိုး၏ အသီး အလေးချိန်မှာ ၅.၅ဝ ပေါင်လောက် ရှိသည်။ အသီးမရင့်မှည့်မီ စိမ်းနက်ရောင်ရှိပြီး မှည့်သောအခါ အစိမ်းရောင် အစက်အပြောက် ကလေးတွေ ပါသည့် အဝါရောင် ဖြစ်လာသည်။ ကမ္ဘာတွင် နာနတ်ကိုစီးပွားဖြစ် စိုက်ပျိုးထုတ်လုပ် နေကြသည့် နိုင်ငံ များဖြစ်ကြသော ဟာဝိုင်အီ၊ ဖိလစ်ပိုင်၊ ကင်ညာ၊ မက္ကဆီကို၊ တရုတ်တိုင်ပေ၊ ထိုင်းနှင့်မလေးရှားတို့တွင် Cayene, Queen, Hilo စသည့် နာနတ်မျိုးသစ်များကို စိုက်ပျိုးကြသည်။ ယခင်က Cayene နာနတ်မျိုးတွင် ဆူးပါသော မျိုးနှင့် ဆူးမဲ့မျိုးဟူ၍ နှစ်မျိုးရှိခဲ့သော် လည်း နောက်ပိုင်းတွင် ဆူးမဲ့မျိုးကို သာစိုက်ပျိုးလာကြသည်။
 
Queen နာနတ်မျိုးမှာ မျိုးဟောင်း ဖြစ်ပြီး သြစတေးလျနှင့်ဩစတေးလျနှင့် တောင်အာဖရိ ကတွင် အများဆုံးစိုက်ပျိုးပါသည်။ Queen မျိုးသည် အပင်၊ အရွက်၊ အသီးအရွယ်အစား စသည်၌ Cayene မျိုးထက်ငယ်သည်။ အရွက်၏ နှုတ်ခမ်းတစ်လျှောက်လွှသွားကဲ့သို့ သော ဆူးငယ်ကလေးတွေ ခပ်စိပ်စိပ် ပါသည်။ အသီးအလေးချိန်မှာ နှစ် ပေါင်မှ သုံးပေါင်နီးပါးသာရှိသည်။ မျက်ကွင်းခေါ် ပန်းပွင့်၏ ချက်နေရာ ဟောင်းမှာ Cayene မျိုးထက် နက် ရှိုင်းသဖြင့် မျက်ကွင်းကုန်အောင်လှီး ထုတ်သောအခါ အသားဆုံးရှုံးမှုများ သည်။ အသီးရိုးတံတိုပြီး အသားမှာ ရွှေဝါရောင် ခပ်ရင့်ရင့်ရှိပြီး Cayene လောက် အရည်မရွှမ်းပါ။ သို့သော် အနံ့အရသာ ပိုမိုကောင်းမွန်ပြီး အမျှင် နည်းကာ အသားကြွပ်ဆတ်ဆတ် ရှိသည်။ Queen မျိုးမှဆင်းက်ဖြစ်ထွန်း သော Macgregor နှင့် Z Queen ဟူ သောမျိုးဆက်သစ်နှင့်ခုလည်းရှိသေး သည် Macgregor ကို သြစတေးလျတွင်ဩစတေးလျတွင် အစိုက်များပြီး Z Queen ကို တောင်အာဖရိကမှာ အစိုက်များပါ သည်။
 
အနောက်အိန္ဒိယကျွန်းစု နိုင်ငံ များ ကျူးဘား၊ ပွာတိုရီကိုနှင့် မက္ကဆီ ကိုတို့တွင် Red Spanish မျိုးကို အစိုက်များသည်။ စည်သွပ်လုပ်ငန်း သုံး နာနတ်မျိုးဖြစ်သော Singapore Spanish ကို မလေးရှားတွင် အကြီး အကျယ်စိုက်ပျိုးထုတ်လုပ်လျက်ရှိ သည်။ အရွက်အလျား နှစ်ပေမှ နှစ်ပေ၊ သုံးလက်မလောက်ရှည်ပြီး အရွက် နှုတ်ခမ်းနှစ်ဘက်၌ ဆူးသွားခပ်စိပ်စိပ် ပါရှိသော Abacaxi မျိုးကိုတော့ ဘရာဇီးတွင်အစိုက်များပါသည်။