သခင်သန်းထွန်း: တည်းဖြတ်မှု မူကွဲများ

No edit summary
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ဥာ +ဉာ, -ဥ် +ဉ်, -ုွ +ွု, -ံွ +ွံ, -ှွ +ွှ, -ံု +ုံ, -စျ +ဈ, -သြ +...
စာကြောင်း ၁ -
[[File:ThaKhin Than Htun.jpg|thumb|right|220px|သခင် သန်းထွန်း]]
==သန်းထွန်း၊ သခင် (၁၉၁၁-၁၉၆၈)==
သခင်သန်းထွန်းကို ခရစ်နှစ် ၁၉၁၁ ခု၊ သြဂုတ်လဩဂုတ်လ ၁၅ ရက်တွင်[[တောင်ငူ]]ခရိုင် ကညွှတ်ကွင်းမြို့၌မွေးဖွားသည်။ အဘမှာ သစ်ကုန်သည် ဦးဘိုးမောင်၊ အမိဒေါ်အေးဖြူတို့ ဖြစ်၏။ မောင်နှမ ၈ ယောက်အနက် ၅ယောက်မြောက်သားဖြစ်ပါသည်။ ငယ်စဉ်က မိခင်ကွယ်လွန်သွားခဲ့ပြီး ဘကြီးအရင်းဖြစ်သူ အင်္ဂလိပ်အစိုးရ ပထမဆုံးခန့်အပ်သော ရှမ်းပြည်နယ် မြို့မဝန်ထောက်ကြီး ဦးကြီးညိုထံတွင် နေထိုင်ခဲ့ပြီး တောင်ကြီး ABM အထက်တန်းကျောင်းတွင် ပညာသင်ကြားခဲ့သည်။ သခင်သန်းထွန်းသည်[[ပျဉ်းမနားမြို့]] အင်္ဂလိပ်မြန်မာ အထက်တန်းကျောင်းမှ ၁၉၃၁ ခုတွင် ဆယ်တန်း(တက္ကသိုလ် ဝင်တန်း) အောင်မြင်ပြီးနောက် [[ရန်ကုန်မြို့]]၊ ဆရာဖြစ်သင်ကောလိပ်တွင် ပညာဆက်လက်သင်ကြားသည်။ ဆရာအတတ်သင်ကြားတတ်မြောက်ပြီးသောအခါ ရန်ကုန်မြို့ကန်တော်လေးရပ်ရှိ ဘားမားမွတ်စလင် အထက်တန်းကျောင်းတွင်ကျောင်းဆရာအဖြစ် အမှုထမ်းခဲ့လေသည်။
 
ဗြိတိသျှခေတ် မြန်မာနိုင်ငံလွတ်လပ်ရေးကြိုးပမ်းမှု ကာလတွင် သခင်သန်းထွန်းသည် [[တို့ဗမာအစည်းအရုံး]]သို့ ဝင်ရောက်ခဲ့သည်။ ထိုနောက် ၁၉၃ရ ခုနှစ်တွင်[[နဂါးနီစာအုပ်အသင်း]]ကို စည်းရုံးတည်ထောင်ခဲ့၏။ တို့ဗမာအစည်းအရုံးတွင်လယ်ယာစိုက်ပျိုးရေးဆိုင်ရာ တာဝန်ခံအမှုဆောင်အဖြစ်၎င်း၊ အတွင်းရေးမှူးအဖြစ်၎င်း တာဝန်ယူကာ ဆက်လက်ပါဝင်လှုပ်ရှားခဲ့ပေသည်။ ၁၉၄ဝ