ဂျပန်နိုင်ငံ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ဥာ +ဉာ, -ဥ် +ဉ်, -ုွ +ွု, -ံွ +ွံ, -ှွ +ွှ, -ံု +ုံ, -စျ +ဈ, -သြ +...
အရေးမကြီး fixing dead links
စာကြောင်း ၁၂၈ -
ဂျပန်သည် အိမ်နီးချင်းနိုင်ငံများနှင့် နယ်နိမိတ်ဆိုင်ရာ အငြင်းပွားမှုတွင် ပါဝင်ပတ်သက်လျှင် ရှိသည်။ ၎င်းတို့မှာ ရုရှားနိုင်ငံနှင့် တောင်ကူရေးကျွန်းများ အငြင်းပွားမှု၊ တောင်ကိုရီးယားနှင့် လျန်ကုတ် ကျောက်ဆောင် အငြင်းပွားမှု နှင့် တရုတ်၊ ထိုင်ဝမ်နိုင်ငံတို့နှင့် ဆန်ကာကူးကျွန်း အငြင်းပွားမှု၊ တရုတ်နှင့် အိုကီနိုတိုရီရှီမာ ပတ်ဝန်းကျင် သီးသန့်စီးပွားရေးဇုန် ဆိုင်ရာ အငြင်းပွားမှုတို့ ဖြစ်သည်။<ref>{{cite book|title=Peace in Northeast Asia|year=2008|publisher=Edward Elgar Publishing Limited|pages=26–29|editor=Schoenbaum, Thomas J.}}</ref>ထို့ပြင် ဂျပန်တို့သည် [[မြောက်ကိုရီးယားနိုင်ငံ]] နှင့် ဂျပန်နိုင်ငံသားတို့အား ပြန်ပေးဆွဲမှု နှင့် နျူးကလီးယားလက်နက် နှင့် ဒုံးကျည်များ ကိစ္စတို့ကြောင့် ပြသနာ ဖြစ်ပွားလျှက် ရှိသည်။<ref>{{cite web|last=Chanlett-Avery|first=Emma|title=North Korea's Abduction of Japanese Citizens and the Six-Party Talks|url=http://www.fas.org/sgp/crs/row/RS22845.pdf|work=CRS Report for Congress|publisher=Federation of American Scientists|accessdate=January 7, 2011}}</ref>
 
ဂျပန်သည် ကမ္ဘာပေါ်ရှိ နိုင်ငံများထဲမှ စစ်ရေး အသုံးစရိတ် အကြီးမားဆုံး နိုင်ငံများတွင် တစ်ခု အပါအဝင် ဖြစ်သည်။<ref>{{cite web|title=The 15 countries with the highest military expenditure in 2009|url=http://www.sipri.org/research/armaments/milex/resultoutput/milex_15|publisher=Stockholm International Peace Research Institute|accessdate=January 16, 2011}}</ref> အီရတ်စစ်ပွဲ အတွင်းက ဂျပန်နိုင်ငံမှ တိုက်ခိုက်ရေး မဟုတ်သော တပ်များကို စေလွှတ်ခဲ့သော်လည်း နောက်ပိုင်းတွင် ပြန်လည် ရုပ်သိမ်းခဲ့သည်။<ref name="Iraq deployment">{{cite web |url=http://www.iht.com/articles/2006/06/20/news/japan.php |title= Tokyo says it will bring troops home from Iraq |work=International Herald Tribune |date=June 20, 2006 | accessdate=March 28, 2007|archiveurl=http://web.archive.org/web/20060701220151/http://www.iht.com/articles/2006/06/20/news/japan.php|archivedate=July 1, 2006}}</ref> ဂျပန်၏ ရေကြောင်းကာကွယ်ရေးတပ်မှာ ပစိဖိတ်သမုဒ္ဒရာ ကမ်းခြေ နို်ငငံများ စစ်ရေးလေ့ကျင့်မှုတွင် အမြဲပါဝင်လေ့ ရှိသည်။<ref>{{cite web|title=About RIMPAC|url=https://web.archive.org/web/20130806203903/http://www.mindef.gov.sg/imindef/mindef_websites/topics/exrimpac/abt_rimpac.html|publisher=Government of Singapore|accessdate=March 2, 2014}}</ref>
 
ဂျပန်စစ်တပ် (ဂျပန်ကာကွယ်ရေးတပ်) အား ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၉ အရ စစ်ကြေငြာခြင်းနှင့် နိုင်ငံတကာ အငြင်းပွားမှုများတွင် စစ်ရေးအရ ဖြေရှင်းခြင်းကို တားမြစ်ထားသည်။ ဂျပန် ကာကွယ်ရေးတပ်သည် ပုံမှန် စစ်တပ်တစ်ခု ဖြစ်သော်လည်း ဂျပန်နိုင်ငံ ပြင်ပတွင် သေနတ်တစ်ချက်မျှ မဖောက်သည့် စစ်တပ် ဖြစ်သည်။<ref>正論, May 2014 (171).</ref> ဂျပန်စစ်တပ်ကို ကာကွယ်ရေးဝန်ကြီးဌာနက အုပ်ချုပ်ပြီး အခြေခံအားဖြင့် ဂျပန်မြေပြင်ကာကွယ်ရေးတပ်(JGSDF) ၊ ဂျပန်ရေကြောင်း ကာကွယ်ရေးတပ် (JMSDF) နှင့် ဂျပန် လေကြောင်းကာကွယ်ရေးတပ် (JASDF) တို့ ပါဝင်သည်။ ထိုတပ်များသည် လတ်တလောတွင် ငြိမ်းချမ်းရေး ထိန်းသိမ်းစောင့်ရှောက်ရေး လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်လျှက် ရှိသည်။ အီရတ်သို့ ဂျပန်တပ်များပို့လွှတ်ခြင်းမှာ ဒုတိယကမ္ဘာစစ် ပြီးသည့် အချိန်မှစ၍ ပထမဆုံး ဂျပန်စစ်တပ်အား နိုင်ငံခြားတွင် အသုံးပြုခြင်းပင် ဖြစ်သည်။<ref name="Iraq deployment"/> နိပွန်ကဲအီဒန်ရန် ဟု ခေါ်သော ဂျပန်စီးပွားရေး အသင်းမှ ဂျပန်နိုင်ငံ အနေနှင့် နိုင်ငံတကာ စစ်လေယာဉ်နှင့် ဒုံးကျည် ပူးပေါင်း တည်ဆောက်သည့် ပရော့ဂျက်များတွင် ပါဝင်နိုင်ရန် အတွက် အစိုးရအား လက်နက်တင်ပို့မှုကို ပိတ်ပင်ထားခြင်းမှ ရုပ်သိမ်းရန် တောင်းဆိုလျှက် ရှိသည်။<ref>{{cite news|url=http://in.reuters.com/article/2010/07/13/idINIndia-50097320100713 |title=Japan business lobby wants weapon export ban eased |publisher=Reuters |date= July 13, 2010|accessdate=April 12, 2011}}</ref>