ဓနုလူမျိုး: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး →‎ဓနုလူမျိုး
အရေးမကြီး →‎ဓနုလူမျိုး
စာကြောင်း ၁၂ -
များသောအားဖြင့် ရှမ်းတို့ကဲ့သို့ ခေါင်းတွင် အဝတ်ပတ်လေ့ရှိ၏။ [[ဗုဒ္ဓွအယူဝါဒ]]ကို ကိုးကွယ်ကြသည်။ ဓနုလူမျိုးတို့၏ ဇာစ်မြစ်မှာ ဝိဝါဒ ကွဲပြားလျက်ရှိ၏။ [[မစ္စတာ အက်(ဖ)၊ အိပ်ချ၊ ဂျိုင်း]]ဆိုသူက ဓနုတို့သည် ဟံသာဝတီတောင်ဘက်မှ လာရောက်နေထိုင်ကြသော မြန်မာအုပ်စု တစ်စုမှ ပေါက်ဖွားလာကြသူများဟု ယူဆ၏။ [[မစ္စတာ စီ၊ အီး၊ ဗရောင်း]]ကမူ ဓနုတို့သည် ကရင်တောင်သူလူမျိုးများမှ ဆင်းသက်လာသည်ဟု ယူဆလေသည်။ အချို့နေရာများ၌ ရှမ်းမျိုး ၃ဝ တွင် ဓနုလူမျိုးသည်လည်း အပါအဝင်ဖြစ်၏ဟု ဆိုကြ၏။ သို့သော် ဓနုလူများစုသည် ရှမ်းစကားကို မပြောကြသဖြင့် ယင်းယူဆချက်မှာ မမှန်နိုင်ဟု [[မစ္စတာ ဂျေ၊ ဂျီ စကော့]]ဆို၏။
 
ဓနုလူမျိုးအများဆုံး နေထိုင်ရာဒေသများသည် ရှေးအခါက ရှမ်းနှင့်မြန်မာတို့ တွေ့ဆုံ၍ ကုန်ရောင်းကုန်ဝယ်ပြုကြရာ နေရာများဖြစ်၏။ ထိုကြောင့် ဓနုတို့သည် ရှမ်းနှင့်မြန်မာ နှစ်ဦးတို့မှ နွယ်၍ ဆင်းသက်လာသောသူများ ဖြစ်သည်ဟု ယူဆရ၏။ မြန်မာစကားပြော တိုင်းရင်းသားအုပ်စုထဲတွင် [[ရခိုင်]]၊ [[ယော]]၊ [[အင်းသား]]၊ [[ထားဝယ်သား]]တို့အတူ အုပ်စုတစ်ခုအဖြစ် ထည့်သွင်းထားသည်။ ယခုအခါ [[ရွာငံမြို့|ရွာငံ]]၊ [[ပင်းတယမြို့|ပင်းတယ]]နှင့် [[ပွေးလှမြို့|ပွေးလှမြို့နယ်]]တို့ကိုပူးပေါင်း၍ [[ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသ]]တည်ထောင်ထာပေးပြီးဖြစ်သည်။ တည်ထောင်ထားပေးပြီး ဖြစ်သည်။
<ref>မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၅)</ref>