မုန့်ဟင်းခါး: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး clean up using AWB
စာကြောင်း ၁ -
{{Infobox အသင့်အစားအစာ
| name = မုန့်ဟင်းခါး
| image = [[File:Mohinga,Traditional_Burmese_Fish_Noodle_SoupTraditional Burmese Fish Noodle Soup.jpg|250px]]
| caption =
| alternate_name = မုန့်၊ မုန့်ဟင်း
စာကြောင်း ၁၉ -
== သမိုင်းကြောင်း ==
 
ရှေးမြန်မာ့သမိုင်း တစ်လျောက်တွင် မုန့်ဟင်းခါးနှင့် ပတ်သတ်၍ ကျောက်စာ၊ ပေစာများဖြင့် မှတ်တမ်းတင် ခဲ့ခြင်း မရှိသဖြင့်မုန့်ဟင်းခါး ပေါ်ပေါက်ရာ ဇာတိ နှင့် ခေတ်ကာလအား သိရှိရန် များစွာ ခက်ခဲလှသည်။မုန့်ဟင်းခါးအား အစောဆုံး အထောက်အထား ဖြင့် တွေ့ရှိရသည့် နေရာမှာ ကုန်းဘောင်ခေတ် စာဆို ဦးပုည၏ လင်္ကာများ အနက်မှ တစ်ခုတွင် ဖြစ်ပြီး "မုန့်ဟင်း"ဟု သုံးနှုန်းခဲ့သည်။ ယနေ့တိုင် အချို့ဒေသများတွင်မုန့်ဟင်းခါးအား "မုန့်" "မုန့်ဟင်း" အစရှိ သဖြင့် ခေါ်ဝေါ် လျှက်ရှိဆဲ ဖြစ်သောကြောင့် ကုန်းဘောင်ခေတ်တွင် မုန့်ဟင်းခါးပေါ်ပေါက်ပြီး ဖြစ်သည်ဟု ယူဆကြသည်။ တဖန် ပျူမြို့ဟောင်းများ တူးဖေါ်ရာတွင် ဆန်မှုန့်နှင့် အချဉ်ဖေါက်ပြုလုပ်သော ကိရိယာအများအပြား တူးဖေါ် ရရှိခဲ့သောကြောင့် ထမင်းအစားထိုး၊ ဆန်ဖြင့်ပြုလုပ်သည့် မုန့်နှင့် မုန့်ဟင်းခါးပေါ်ပေါက်နေခဲ့ နိုင်ကြောင်း ကောက်ချက် ဆွဲကြသည်။ ထို့အပြင် မုန့်ဟင်းခါး သမိုင်းကို စနစ်တကျ သုတေသန ပြုရန် ကြိုးစားခဲ့သော ဒေါက်တာ ခင်မောင်ညွန့်၏ အဆိုအရ၊မုန့်ဟင်းခါးချက်နည်းသည် ရှေးနန်းတွင်း ဟင်းချက်နည်းမျိုးစုံ စာရင်းတွင် ရှာမတွေ့ ခဲ့ခြင်းကြောင့် သာမာန် အရပ်သား လူအများတို့ ၏အစားအစာသာ ဖြစ်နိုင်ကြောင်း။ ထို့ကြောင့်ပင် မည်သူတစ်ဦး တစ်ယောက်မျှ အရေးတယူ မှတ်တမ်း မတင်ခဲ့ခြင်း ဖြစ်နိုင်ကြောင်း ဆိုသည်။
 
== ယျေဘူယျအသုံးပြုသောပစ္စည်းများ ==
စာကြောင်း ၃၈ -
* ချင်း
* ငရုတ်ကောင်း
* စပါးလင်
 
အသုံးပြုသော ပစ္စည်းအမျိုးအစားများမှာ ချက်လုပ်နည်း အပေါ်တွင် လည်ကောင်း ဒေသအလိုက် ရရှိနိုင်မှု ပေါ်တွင် လည်ကောင်း မူတည်၍ ကွဲပြားလေ့ရှိသည်။
စာကြောင်း ၆၀ -
 
* [[ရန်ကုန်မုန့်ဟင်းခါး]]
*[[ မြောင်းမြမုန့်ဟင်းခါး]]
* [[ပုသိမ်မုန့်ဟင်းခါး]]
* [[ဘိုကလေးမုန့်ဟင်းခါး]]
စာကြောင်း ၇၅ -
မုန့်ဟင်းခါးသည် မြန်မာ့လူ့အဖွဲ့ အစည်းအတွင်းတွင် နက်ရှိုင်းစွာ အမြစ်တွယ်နေပြီး ဖြစ်သော အစားအစာ ဖြစ်သည့် အားလျော်စွာ နေရာ၊ ဒေသ၊ အချိန်အခါ မရွေး ရနိုင်သော အစားအစာ ဖြစ်သည်။ နာမည်ကျော် ဆိုင်ကြီး၊ ကနားကြီး များတွင် သာမက၊ လမ်ဘေး ပလက်ဖေါင်းပေါ်ရှိ ဆိုင်ငယ် များတွင်လည်းကောင်း၊ [[ဆိုင်းထမ်း]]၊ [[ခေါင်းရွက်ဗျတ်ထိုး]]၊ [[လက်တွန်းလှည်း]]၊ [[ဆိုက်ကား]] များဖြင့် လှည့်လည် ရောင်းချသူများ ထံတွင် လည်ကောင်း ဝယ်ယူ ရရှိနိုင်သည်။ မြို့ကြီးအချို့ရှိ [[ကားဂိတ်]]၊ [[သင်္ဘောဆိပ်]]၊ [[ဘူတာရုံ]] အစရှိသည့် လူစည်ကားရာ အရပ်များတွင် ၂၄နာရီ ပတ်လုံး ရောင်းချသည့် ဆိုင်များ ရှိလေ့ ရှိသည်။
 
ထို့အပြင်မုန့်ဟင်းခါးသည် လူမျိုး၊ ဘာသာမရွေး စားသုံးနိုင်ခြင်းကြောင့် [[အလှူမင်္ဂလာ]]၊ [[ဆွမ်းကျွေး]] ကဲ့သို့ သာရေး များမှ [[အသုဘ]]၊ [[နာရေး]] အထိ မပါမဖြစ်သော အစားအစာ ဖြစ်သည်။ ယခုအခါတွင် မုန့်ဟင်းခါးသည် [[မြန်မာလူမျိုး]]များ သွားရောက် အလုပ်လုပ်ကိုင်၊ အခြေချရာ [[စင်္ကာပူ]]၊ [[ထိုင်း]]၊[[ မလေးရှား]]၊ [[ဂျပန်]]၊ [[ကိုရီးယား]]၊[[ ဗြိတိန်]]၊ [[အမေရိကန်]] နှင့် အခြားကမ္ဘာ့ နိုင်ငံအများအပြားသို့ မြန်မာများနှင့် အတူ ပျံနှံ့ ရောက်ရှိ လာခဲ့သည်။ ထို့ကြောင့် ပြည်ပဈေးကွက် အတွက် အထူးရည်ရွယ် ထုတ်လုပ်လာသော အသင့်ချက်ပြုတ်နိုင်သည့် [[မုန့်ဟင်းခါးခြောက်ထုပ်]] များလည်း ပေါ်ပေါက် လာခဲ့သည်။
 
== ကိုးကား ==
 
* Myanmar Travel Information, Monhinga Article [http://myanmartravelinformation.com/mti-myanmar-food/mohingar.htm]
* History of Monhinga, Dr Khin Maung Nyunt [http://www.yangonow.com/eng/culture/food/mohinga/history.html]
* စားမြိန်ဝိုင်း၊ ဒေါ်အေးကြိုင်နှင့် ဒေါ်အမာနီ
 
 
{{မြန်မာအစားအသောက်}}