ပုလဲ: တည်းဖြတ်မှု မူကွဲများ

No edit summary
အရေးမကြီး clean up using AWB
စာကြောင်း ၁ -
[[File:PaLae.jpg|thumb|ပုလဲ]]
'''ပုလဲ''' (Pearl) သည် ပင်လယ်အတွင်း နေထိုင်သော [[ကမာ]] (သို့) [[မုတ်ကောင်]]၏ ကိုယ်တွင်းမှ ရရှိသော အရာဖြစ်သည်။ တွင်းထွက် ကျောက်မျက် မဟုတ်ပေ။ ပုလဲကို မြန်မာလူမျိုးတို့က [[နဝရတ်ကိုးပါး]]တွင် ပါဝင်သော ရတနာတစ်ပါး အဖြစ် အမြတ်တနိုး တန်ဖိုးထား ဝတ်ဆင်ကြပါသည်။ နဝရတ် ကိုးပါးစလုံးတွင် တစ်ခုခြင်း၌ ထူးခြားသည့် တန်ခိုး အာနိသင် ရှိကြ သည့်အနက် ပုလဲ၏ အာနိသင်မှာ ကျက်သရေ မင်္ဂလာ ရှိခြင်းပင် ဖြစ်သည်။ ပုလဲ၏ အားသာချက်မှာ ကျောက်မျက်များ ကဲ့သို့ ခွဲဖြတ်ခြင်း၊ သွေးယူခြင်းတို့ ဆောင်ရွက်ရန် မလိုပဲ ပုလဲ ဖော်ယူ ပြီးလျှင် ပြီးခြင်းပင် လှပနှစ်လို ဖွယ်ရာ တွေ့မြင်ရခြင်းပင် ဖြစ်ပါသည်။ ပုလဲတွင် သဘာဝပုလဲနှင့် မွေးပုလဲဟူ၍ နှစ်မျိုးရှိသည်။ မြိတ်ကျွန်းစုတွင် နေထိုင်ကြသော ဆလုံတိုင်းရင်းသားများသည် ပုလဲ ငုပ်၍ အသက်မွေးကြသည်။
 
== ပုလဲအမျိုးအစားများ ==
စာကြောင်း ၉ -
ရေငန်ပုလဲ အမျိုးအစားများ ဖြစ်သည့် တောင်ပင်လယ်ပုလဲ South Sea Pearl များကို Pinctada Maxima မုတ်ကောင်များမှ မွေးမြူထုတ်လုပ်ပြီး [[ဩစတေးလျ]] နိုင်ငံတွင် အများဆုံး ထုတ်လုပ်ပါသည်။ ယင်းမုတ်ကောင် မျိုးသည် တောင်ပင်လယ်ဟု ခေါ်သည့် အရှေ့တောင် အာရှ၏ တောင်ဘက် ကမ်းခြေနှင့် ဩစတြေးလျ တိုက်၏ မြောက်ဘက် ကမ်းခြေ အကြား ရေပြင်တွင်သာ ရှင်သန် ပေါက်ဖွားပါသည်။ ထို့ကြောင့် တောင်ပင်လယ် ပုလဲကို ဩစတေးလျ နိုင်ငံ၊ [[အင်ဒိုနီးရှားနိုင်ငံ]]၊ [[ဖိလစ်ပိုင်နိုင်ငံ]]နှင့် [[မြန်မာနိုင်ငံ]] တို့တွင်သာ မွေးမြူ ထုတ်လုပ် ထွက်ရှိပါသည်။
 
[[File:largest_pearl01largest pearl01.jpg|left|thumb|ကမ္ဘာ့အကြီးဆုံး မြန်မာ့သဘာဝ ခွံကပ်ပုလဲကြီး(ဓါတ်ပုံ-myanmarpearls.com)]]
== ကမ္ဘာ့အကြီးဆုံး မြန်မာ့သဘာဝ ခွံကပ်ပုလဲကြီး ==
* အရွယ်အစား= ၆.၂စင်တီမီတာ×၅.၃စင်တီမီတာ×၃စင်တီမီတာ
စာကြောင်း ၂၀ -
ပုလဲသည့် မုတ်ကောင်၏ ခန္ဓာကိုယ်အတွင်းတွင် ဖြစ်ပေါ်ပြီး ပုလဲသားအလွှာ layers of Nacre များဖြင့် ဖွဲ့စည်း ထားပါသည်။ ပုလဲသားမှာ ကယ်လ်စီယမ် ကာဘွန်နိတ် ၉၃% နှင့် ကျန် ၇% မှာ ဩော်ဂဲနစ် ဒြပ်ပေါင်းနှင့် ရေများ ပါဝင်ဖွဲ့စည်း ထားခြင်း ဖြစ်ပါသည်။ ပုလဲသား တစ်လွှာလျှင် ၀.၀၀၀၀၅ မီလီမီတာ အထူ ရှိပါသည်။ မွေးပုလဲတစ်လုံးတွင် ပုလဲသား အလွှာပေါင်း (၁၀၀၀) ထက်မနည်း ရှိပါသည်။ မုတ်ကောင်များသည် တစ်ရက်လျှင် ပုလဲသား အလွှာ (၃)လွှာမှ (၇)လွှာအထိ ဖုံးအုပ်လေ့ရှိပါသည်။
 
[[File:largest_pearl02largest pearl02.jpg|left|thumb|ကမ္ဘာ့အကြီးဆုံး မြန်မာ့မွေးပုလဲကြီး(ဓါတ်ပုံ-myanmarpearls.com)]]
== ကမ္ဘာ့အကြီးဆုံး မြန်မာ့မွေးပုလဲ ==
* အရွယ်အစား= အလျား ၄၁မီလီမီတာ × အနံ ၃၂မီလီမီတာ
စာကြောင်း ၃၃ -
 
== ပုလဲထိန်းသိမ်းရန် ==
နဝရတ်ကိုးပါးတွင် ပါဝင်သော ရတနာများ၌ စိန်၏ မာကြောမှုမှာ(၁၀) ဖြစ်၍ အမြင့်ဆုံးဖြစ်ပြီး ပုလဲ၏ မာကြောမှုမှာ အနိမ့်ဆုံး ဖြစ်ခြင်း တို့ကြောင့် စနစ်တကျ ထိန်းသိမ်း သုံးစွဲရန် လိုအပ်ပါသည်။ ပုလဲအား အခြား သော လက်ဝတ်ရတနာ များနှင့်အတူ သိမ်းဆည်းခြင်းမှ ရှောင်ကြဉ်သင့်ပါသည်။ ရေနွေးဖြင့် ဆေးကြောခြင်း မပြုလုပ်ရပါ။ နူးညံ့ပြီး စိုစွတ်သော အဝတ်ဖြင့် အသာအယာ ပွတ်၍ သန့်ရှင်းရေးကို ပုံမှန် ပြုလုပ် ပေးသင့် ပါသည်။
 
မြန်မာ့ရေပြင်မှ ပုလဲများကို ၁၉၅၇ ခုနှစ်တွင် စတင်ဖော်ယူ နိုင်ခဲ့ပါသည်။ ၁၉၅၉ ခုနှစ် ဖေဖော်ဝါရီလတွင် (၇) ကြိမ်မြောက်အထိ ပုလဲ ဖော်ယူခဲ့ပြီး ထိုအကြိမ် အပါအဝင် စုစုပေါင်း ပုလဲ ရောင်းရငွေမှာ ဂျပန်ယန်း သန်း (၁၉၀) ဖြစ်ပါသည်။ ထိုငွေ၏ တစ်ဝက်ကို မြန်မာတို့ ဘက်မှ ရရှိခဲ့ပါသည်။
စာကြောင်း ၄၈ -
# ဒိုမယ်လ်ကျွန်း - ပုလဲကျွန်း ၊ ဘုတ်ပြင်းမြို့နယ်
# မလိကျွန်း - ပုလောမြို့နယ်
# ရွှေကျွန်းကြီး - ကော့သောင်းမြို့နယ်<br />
တို့ ဖြစ်ပါသည်။ ဖော်ပြပါ မြန်မာ့ပုလဲလုပ်ငန်း၏ ပုလဲမွေးမြူသော စခန်းများတွင် မြန်မာ့ ပညာရှင်များက ထုတ်လုပ် မွေးမြူလျက် ရှိသော တောင်ပင်လယ် ပုလဲများသည် ကမ္ဘာ့ပုလဲ ဈေးကွက်တွင် လူကြိုက်များသော ပုလဲများ ဖြစ်ပါသည်။ အရည်အသေး ကောင်းမွန်ရုံ သာမက ရေရှည်ခိုင်မာသည့်အတွက် လူကြိုက်များပြီး တန်ဖိုး အမြင့်မားဆုံး ပုလဲများ ဖြစ်ပါသည်။
 
စာကြောင်း ၆၈ -
၆။ '''အရောင် COLOUR''' ။ တောင်ပင်လယ် ပုလဲ၏ အခြေခံအရောင်အဖြစ် ငွေရောင်နှင့် ရွှေရောင်ဟု နှစ်ရောင်သတ်မှတ်ပါသည်။ အခြေခံအရောင်ပေါ်တွင် ထပ်မံစိုးမိုးပြီး ရောယှက်ဖြစ်ပေါ်နေသော အရောင်ကွဲ များမှာ ပန်းရောင်၊ ရွှေအိုရောင်၊ ရွှေဝါရောင်နှင့် နို့နှစ်ရောင်တို့ ဖြစ်ပါသည်။ သက်တန့် ရောင်စဉ်ကဲ့သို့ မျက်နှာပြင်တွင် ရောင်စုံ ဖြာထွက်နေသော ပုလဲများသည် ဈေးအမြင့်ဆုံး ရစေသည်။
 
၇။ '''တူညီ လိုက်ဖက်မှု MATCHING''' ။ ပုလဲ တစ်လုံးနှင့် တစ်လုံး တိကျစွာ တူညီနိုင်ခြင်း မရှိပါ။ တူညီ လိုက်ဖက်မှုသည် လည်ဆွဲ သွယ်တန်းရာတွင် လည်းကောင်း၊ ပုလဲ တစ်လုံးထက် ပိုမိုသော လက်ဝတ် ရတနာ များ စီခြယ်ရာတွင် လည်းကောင်း၊ အထောက်အကူ ပြုသည်။ တူညီ လိုက်ဖက်မှု ရှိသည့် ပုလဲ တစ်လုံးစီကို ညီမျှသော အကျိုး ကျေးဇူး ဖြစ်ပေါ် လာအောင် ဖန်တီး ယူနိုင်မည် ဆိုလျှင် ထိုကဲ့သို့ တူညီ လိုက်ဖက်မှုကို MATCHING ဟု ခေါ်ပါသည်။
 
== ပုလဲ မျိုး ၈-ပါး ==
စာကြောင်း ၈၂ -
ဣတိ-ဤသို့ဆိုတိုင်း၊ မုတ္တ ယောနိယော-ပုလဲမျိုးတို့သည်၊ အဋ္ဌ-ရှစ်မျိုးရှိကုန်၏။
<ref>[http://myeiknews.blogspot.com/2007/12/blog-post_25.html မြန်မာ့ရေပြင်မှ ပုလဲများ(စာရေးသူ - ခင်အောင်သန်း၊ မြန်မာ့ပုလဲ၊ မြိတ်မြို့)]</ref>
<ref>သာရတ္ထသင်္ဂဟ၊ တေရသကဏဋီကာ</ref>
 
== ကျမ်းကိုး ==
စာကြောင်း ၈၈ -
 
[[Category:မြန်မာပြည်]]
[[Category:သဘာဝ]]
[[Category:ကျောက်မျက်ရတနာ]]
"https://my.wikipedia.org/wiki/ပုလဲ" မှ ရယူရန်