နာနတ်သီး: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ဥာ +ဉာ, -ဥ် +ဉ်, -ုွ +ွု, -ံွ +ွံ, -ှွ +ွှ, -ံု +ုံ, -စျ +ဈ, -သြ +...
အရေးမကြီးNo edit summary
စာကြောင်း ၁ -
နာနတ်သီးဟာ စားသုံးလို့ ကောင်းမွန်တဲ့ သစ်သီးအပြင် အလှအပအတွက်လည်း ပျိုမေတို့ကို အကျိုးဖြစ်ထွန်းစေပါသည်။ နာနတ်သီးမှာ ဗီတာမင်ဓာတ်များစွာ ပါဝင်ပြီး သတ္တုဓာတ်အများအပြားပါဝင်တဲ့ သစ်သီး တစ်မျိုးဖြစ်ပါသည်။ နွေရာသီမှာ ရင်အေးစေတဲ့ သစ်သီးတစ်မျိုး ဖြစ်ပြီး တခြားသော ကျန်းမာရေးလာဘ်လာဘများကို ပေးစွမ်းစေနိုင်တဲ့ သစ်သီးပဲ ဖြစ်ပါသည်။
==မူလပင်ရင်း==
ယနေ့မြင်တွေ့နေရသော နာနတ်ပင်ကို အမေရိကတိုက်အား ခရစ္စတိုဖာ ကိုလံဘတ်စ် ရှာဖွေတွေ့ရှိခြင်း မတိုင်မီကတည်းက တောင်အမေရိက ဒေသခံ လူနီအင်ဒီးယန်းတို့ တွင်ကျယ်စွာ စိုက်ပျိုးစားသုံး နေခဲ့ကြပြီး ဖြစ်သည်။ ကမ္ဘာ့နိုင်ငံ အချို့တွင် စီးပွားဖြစ် စိုက်ပျိုးထုတ်လုပ်သော ခေတ်သစ်နာနတ် မျိုးတို့၏ မူလပင်ရင်းမှာ အဆိုပါ လူနီအင်ဒီးယန်းတို့၏ နာနတ်မျိုးမှ အဆင့်ဆင့် ဆင်းသက်လာသော မျိုးဆက်သစ်များ ဖြစ်ကြပါသည်။
 
Line ၁၆ ⟶ ၁၈:
 
နာနတ်မျိုးတို့၏ ခရိုမိုဆုမ်း သည် 2n=50 ရှိသဖြင့် Diploid မျိုး များဖြစ်ကြသော်လည်း ထူးထူးခြားခြား Triploid ခေါ် ခရိုမိုဆုမ်း 2n=75 ရှိသော နာနတ်မျိုးကို ပွာတိုရီကိုတွင် အစိုက်များပြီး အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့ ဈေးကွက်သို့ တိုက်ရိုက်တင်ပို့ကြသည်။
== စိုက်ပျိုးမြေ==
 
နာနတ်သည် မြေမရွေးစိုက်ပျိုး နိုင်သော သီးနှံဖြစ်သည်။ သဲဆန်ဆန် နုန်းမြေများ Sandy Loam ဖြစ်ပြီး မြေချဉ်ငန်ဓာတ် pH 5.0-6.5 ရှိလျှင် ကောင်းစွာဖြစ်ထွန်း နိုင်သည်။ မြေမရွေးဟု ဆိုသော်လည်း မည်သည့်မြေတွင် စိုက်စိုက် ရေဝပ်ခြင်းကိုတော့ ကြောက်သည်။ မည်သည့်နာနတ်မျိုးကို စိုက်ပျိုးသည်ဖြစ်စေ အရွက်တွင် အစက်အပြောက် ကလေးတွေ ပေါ်လာလျှင် စိုက်ပျိုးမြေတွင် ထုံးဓာတ်နှင့် မဂ္ဂနီးစ်- Manganese များနေပြီဖြစ်ကြောင်း သိထားရမည်ဖြစ်သည်။ မြေ ကိုလိုအပ်သလို အမြန်ဆုံး ပြုပြင်ပေးရမည်။
 
Line ၃၅ ⟶ ၃၇:
# Butts or Stumps ခေါ် ခုတ် သိမ်းပြီး နာနတ်ပင်မှ ကျန်ရစ် သောအပင်ငုတ်တို့ကိုစုဆောင်း စိုက်ပျိုးနိုင်ပါသည်။ ယင်း နာနတ်ပျိုးပင်များသည် မစိုက် မီသီတင်း လေးငါးပတ် လောက်အထိ မျိုးပေါက်ရှင် သန်နိုင်စွမ်းကိုထိန်းထားနိုင် ကြသည်။
 
ခရစ္စတိုဖာ ကိုလံဘတ်စ်သည် Guade Loupe ကျွန်းသားများထံမှ နာနတ်သီးကို လက်ခံရရှိစဉ် ကတည်းက အနံ့အရသာကို အထူးနှစ်သက်ခဲ့ပြီး စီးပွားဖြစ် စိုက်ပျိုးနိုင်သော သီးနှံဖြစ်ကြောင်း ကောင်းစွာ သဘောပေါက် ခဲ့သည်ဟုသဘောပေါက်ခဲ့သည်ဟု ဆိုပါသည်။ ထို့ပြင် ဒေသခံ လူနီအင်ဒီးယန်းများ၏ နာနတ်သီးကို ဆေးဖက်ဝင် ပစ္စည်းအဖြစ် သုံးစွဲပုံများကိုပါ မှတ်သားသင်ကြားခဲ့သည်။ ဒေသခံတို့သည် နာနတ်သီးကို အစာကြေဆေး အဖြစ်လည်းကောင်း၊ အသားနုတက်ဆေး Healer အဖြစ် လည်းကောင်း သုံးစွဲနေကြသည်။ အင်ဒီးယန်း အမျိုးသမီးများသည် နာနတ်သီး အသားဖတ်များဖြင့် ခန္ဓာကိုယ်အနှံ့ ပွတ်သပ်ကာ အသားအရေ စိုပြည်လှပအောင် ပြုပြင်ကြပုံများကိုလည်း စနစ်တကျ မှတ်သားခဲ့သည်။
==Bromelian အင်ဇိုင်း==
 
နာနတ်တွင် Bromelain ခေါ် Enzyme Protease ဓာတ်ကြွယ်ဝစွာ ပါဝင်သည်။ ယင်းအင်ဇိုင်းသည် ပရိုတင်း ဖွဲ့စည်းမှုကို ချေဖျက်နိုင်စွမ်း ရှိသည်။ ကြီးမားခိုင်မာသည့် ပရိုတင်း အစိုင်အခဲများကို ပြိုကွဲစေပြီး Peptides နှင့် အမိုင်နိုအက်စစ်များ အဖြစ်သို့ ပြောင်းသွားစေသည်။ အရေပြားပေါ်တွင် ဖြစ်ပေါ်တတ်သည့် ကြွက်နို့လို အဖုအသားမာ များကိုပင် ချေဖျက်နိုင်ကြောင်း တွေ့ရှိထားပြီး ဖြစ်သည်။
 
ဆေးဖက်ဝင် အစွမ်းထက်သော Bromelain သည် နာနတ်ရွက်မှသည် အသီးအထိတစ်ပင်လုံး၌ ကြွယ်ဝစွာ ပါဝင်နေသည်ဟု ဆိုသည်။ စီးပွားဖြစ် စိုက်ပျိုးသော နာနတ်ခင်းကြီးများ တွင် အသီးဆွတ်ခူးရိတ်သိမ်းပြီး နောက်အသီးဆွတ်ခူးရိတ်သိမ်းပြီးနောက် အခင်းကျန် နာနတ်ပင်စည် ငုတ်တိုများကို စုဆောင်းကာ Bromelian အင်ဇိုင်းထုတ်ယူနိုင်သည်။
 
Bromelian ထုတ်ယူပုံမှာ အလွန်လွယ်ကူ ရိုးစင်းပြီး မည်သည့်အဆင့်မြင့် နည်းပညာမျှ သုံးစရာ မလိုပါ။ အထက်တွင် ဆိုခဲ့သည့်အတိုင်း အခင်းကျန် နာနတ်ပင် စည်ငုတ်တိုများကို စုဆောင်းပြီးနောက် အပြင်အခွံကြမ်း အခေါက်ကို ခွာထုတ်ပါ။ ကျန်ရှိသော ပင်စည်အတွင်းသားကို ကြိတ်ချေပြီး ရေသင့်ရုံရောကာ သတ္ထုရည် ရယူပါ။ ထိုသတ္ထုရည်ကို Acetone နှင့် ဓာတ်ပြုလိုက်လျှင် Bromelain သည် အနည်အဖြစ်ကျလာပါမည်။ ယင်းသို့အောက်တွင် ထိုင်နေသည့် အနည်အနှစ်များကို အခြောက်ခံလိုက် လျှင် အဖြူရောင် Bromelain အမှုန့် များရရှိပါလိမ့်မည်။
 
ခေတ်သစ် ဇီဝ-ဓာတုပညာရှင် တို့၏ တွေ့ရှိချက်အရ Bromelain သည် နှလုံးရောဂါ တစ်မျိုးကို ကုသရာ၌ ထိရောက်စွာ အထောက်အပံ့ ဖြစ်စေသည်ဟု ဆိုပါသည်။ သွေးထဲတွင် Protein-Fibrin ခေါ် ပရိုတင်း အမျှင်ဓာတ်များလာလျှင် သွေးကြောပိတ်ဆို့မှု Thrombosis ဖြစ်တတ်ပါသည်။ ယင်းသို့ သွေးကြောထဲတွင် Protein-Fibrin ကြောင့် သွေးခဲခြင်း Clots ဖြစ်ပွားကာ Thrombosis အဆင့်သို့ရောက်သွားလျှင် ကမ္ဘာ့လူသတ် ရောဂါဆိုး တစ်မျိုးဖြစ်သော လေသင်တုံးဖြတ်ခြင်း Stroke ဖြစ်တတ်ပါသည်။ သို့သော် တစ်ဘက်တွင်လည်း သွေး၏ သဘာဝ ဂုဏ်သတ္တိ၌ သွေးခဲခြင်း Clots သည်မရှိမဖြစ် ပါဝင်နေရသည်ဖြစ်ရာ သာမန်ကျန်းမာ သန်စွမ်းသည့် လူတစ်ဦး၏ သွေးထဲ တွင် သွေးခဲခြင်းနှင့် သွေးပျော်ခြင်း Clotting and Degradation တို့သည် မျှခြေတွင် ရှိနေရပါမည်။ တစ်စုံတစ်ရာသော အကြောင်းကြောင့် ထိုမျှခြေ ပျက်ယွင်းပြီး Clotting ဘက်သို့ ယိုင်သွားပါက သွေးကြောအတွင်း သွေးခဲ ခြင်း Thrombosis အဆင့်သို့ရောက် သွားနိုင်ပါသည်။ Thrombosis အခြေ ခိုင်သွားလျှင် လေသင်တုံးဖြတ်ပါ တော့သည်။ နာနတ်တွင်ပါဝင်သော Bromelain သည် မျှခြေပျက်ယွင်းပြီး Clotting ဖြစ်နေသည့် သွေးခဲများကို ချေဖျက်ပြိုကွဲ စေသည်ဟု ဆိုပါသည်။ တစ်ဘက်တွင် Clotting ကို ချေဖျက်ပေးသလို အခြားတစ်ဘက်တွင်လည်း သွေးပျော်ခြင်းသတ္တိ Degradation ကို ဆက်လက်ထိန်းသိမ်း ထားခြင်းဖြင့် သွေးတွင်းမျှခြေကို ဖြစ်ထွန်းစေပါသည်။ သွေးပျော်ခြင်း သတ္တိ လွန်ကဲလျှင်လည်း Haemorrhage ခေါ် သွေးကြောပေါက်ပြဲ သွေးယိုစိမ့်ခြင်း ဖြစ်တတ်ပါသည်။ အချုပ်အား ဖြင့်ဆိုရလျှင် Bromelain သည် သွေး ခဲခြင်းနှင့် သွေးယိုစိမ့်ခြင်း အစွန်းနှစ်ဘက်ကို ထိန်းချုပ်နိုင်စွမ်း ရှိလာသည်ဟု ဆိုရပါမည်။
==သုတေသန တွေ့ရှိချက်==
 
နာနတ်ကိုစီးပွားဖြစ် စိုက်ပျိုး ထုတ်လုပ်နေသည့် ဟာဝိုင်အီမှ ဇီဝ- ဓာတုပညာရှင် သုတေသီ ဒေါက်တာ Steven Taussig ၏ သုတေသန တွေ့ရှိချက်မှာ စိတ်ဝင်စားဖွယ် ကောင်းလှသဖြင့် ဤနေရာ၌ အကျဉ်းချုပ်တင်ပြလိုပါသည်။
 
Line ၆၉ ⟶ ၇၁:
နာနတ်ပင် တစ်ခုလုံးတွင် ပါဝင်နေသော Bromelain နှင့် လူ့ခန္ဓာကိုယ်၏ ဇီဝကမ္မဖြစ်စဉ်၌ အရေးပါသည့် Protease အင်ဇိုင်းများ၏ ဆက်နွယ်ပုံကို အကျဉ်းမျှတင်ပြပြီး ဖြစ်ပါသည်။
 
နာနတ်သီးတစ်ခုလုံးတွင် စား သုံးနိုင်သောစားသုံးနိုင်သော Eatable Portion ပမာဏမှာ ၆ဝ ရာခိုင်နှုန်းမျှ ပါဝင်နေပါသည်။ ရေဓာတ် ၈၅ ရာခိုင်နှုန်း၊ ပရိုတင်း ဓာတ် ဝ.၄ဝ ရာခိုင်နှုန်း၊ သကြားဓာတ် ၁၄ ရာခိုင်နှုန်း၊ အဆီ ဓာတ် ဝ.၁ ရာခိုင်နှုန်း၊ အမျှင်ဓာတ် ဝ.၅ ရာခိုင်နှုန်းအပြင် ဗီတာမင်အေ နှင့် ဘီဝမ်းဓာတ်ကြွယ်ဝစွာ ပါဝင်ပါသည်။ အထက်တွင်ဖော်ပြခဲ့သော Bromelain အင်ဇိုင်းများကြောင့်လည်း အစာချေချက် နိုင်စွမ်းကို မြှင့်တင်ပေးပါသည်။
 
မြန်မာနိုင်ငံ အောက်ပိုင်း ဒေသများ၌ ဟင်္သာတနယ်မှ ထူးကြီးနာ နတ်၊ ပဲခူး၊ ကဝနယ်ဘက်မှ ထုံးကြီး နာနတ်နှင့် အထက်ပိုင်း မြစ်ကြီးနားနယ်မှ နာနတ်များမှာ နာမည်ကြီး ကြပါသည်။ နာနတ်ကို စီးပွားဖြစ်စိုက် ခင်းများဖြင့် သီးသန့်စိုက်ပျိုးထုတ် လုပ်နိုင်သလို၊ အုန်းခြံ၊ တညင်းခြံ၊ သစ်တော်ခြံ၊ လိမ္မော်ခြံ စသည်များတွင်လည်း ရောနှောစိုက်ပျိုးနိုင်ပါ သည်။
==အရည်ပြားကင်ဆာနှင့် နာနတ်သီး==
အမေရိကန်နိုင်ငံမှာ အဖြစ်အများဆုံး ကင်ဆာရောဂါ ဖြစ်ပြီး လူဦးရေ မီလီယံ ၃.၅ သန်းဟာ နှစ်စဉ် ခံစားနေရပါတယ်။ ဒီအရေပြားကင်ဆာရောဂါအတွက် ဖြေဆေးဟာ နာနတ်သီးမှာ ရှိနေတယ်ဆိုရင်တော့… ကင်ဆာဂျာနယ်ထဲမှာပါတဲ့ ဆေးဆောင်းပါးအရ နာနတ်သီးထဲမှာ ပါဝင်တဲ့ ဘရိုမီလိန် (Enzyme Bromelain) ဟာ ကာကွယ်မှု တချို့ ပေးနိုင်တယ်လို့ ဆိုထားပါတယ်။
အိန္ဒိယဆေးသုတေသီတွေဟာ အရင်ဆုံးကြွက်တွေကို အင်ဇိုင်းဘရိုမီလိန်နဲ့ စမ်းသပ်ခဲ့တာ အောင်မြင်မှုတချို့ ရခဲ့ပါတယ်။ ၃၅ ရာခိုင်နှုန်း တိုးတက်မှုရှိခဲ့ပြီး လူတွေအတွက်လည်း အလားတူ အကျိုးသက်ရောက်မှုရှိစေမယ်လို့ ယုံကြည်ထားကြပါတယ်။ နာနတ်သီးထဲမှာ ပါရှိတဲ့ ဘရိုမီလိန်ဟာ ပန်းနာရင်ကြပ်ကို သက်သာပြေလျော့စေမှု၊ အဆစ်အမြစ် ကိုက်ခဲတာ သက်သာစေမှုနဲ့ အနာတွေကို အမြန်ကျက်စေတဲ့ သတ္တိရှိပါတယ်။
==သုံးဆောင်နည်း==
နာနတ်သီးကို လိုချင်တဲ့ အကျိုးကျေးဇူးအလိုက် အရေအတွက်ကွဲပြားစွာ သုံးဆောင် ပေးဖို့ လိုအပ်ပါတယ်။ မျက်လုံးအာရုံအတွက် တစ်နေ့ကို သုံးလုံးခန့် သုံးဆောင်ပေးသင့်ပါတယ်။ အရိုးခိုင်မာသန်စွမ်းဖို့အတွက် တစ်နေ့ကို ဖျော်ရည်တစ်ခွက်ခန့် သောက်သုံးပေးသင့် ပါတယ်။
နာနတ်သီးကို တခြားအစားအသောက်များနဲ့ ရောထွေးစားသောက်၊ ယှဉ်တွဲ စားသောက်ခြင်းထက် နာနတ်သီးတစ်ခုတည်း သီးသန့်သုံးဆောင်ပေးခြင်းက အကျိုးကျေးဇူးပိုမိုထိရောက်စေပါတယ်။ နေ့လယ်စာစားသောက်ပြီးမှ သုံးဆောင်ပေးတာက အစာကြေညက်မှုကိုလည်း အထောက်အကူ ပြုပေးပါတယ်။ တခြားအစားအသောက်များနဲ့ ယှဉ်တွဲစားသောက်မယ်ဆိုရင်တော့ နာနတ်သီးရဲ့ အစွမ်းအာနိသင်ဟာ အစာချေဖျက်မှုကို ထောက်ပံ့ကူညီပေးသွားပါလိမ့်မယ်။
==နာနတ်သီးနှင့် အရေပြား တွန့်ခြင်းအား ကာကွယ်နည်း==
နာနတ်သီးနှင့် သံလွင်ဆီတို့ဟာ ဘရက်ပစ်နှင့် ဂျိုလီလို အသားအရေအတွက် အရမ်းလိုက်ဖက်ညီတဲ့ စုံတွဲဖြစ်ပါတယ်။ အထူးသဖြင့် လည်ပင်းပိုင်းက အရေပြားတွန့်ခြင်း အတွက် ကောင်းစွာ ထိရောက်မှု ရှိစေပါတယ်။ သံလွင်ဆီနှစ်ဇွန်း (စားပွဲတင်ဇွန်း) နာနတ်သီး(လတ်လတ်ဆတ်ဆတ်) ရည်တစ်ခွက်ကို ယူပါ။ နှင်းဆီရည်တစ်ဇွန်း (လက်ဖက်ရည်သောက်ဇွန်း) ကိုလည်း ယူထားပါ။
အားလုံး ပြည့်စုံသွားရင်တော့လည်ပင်းနဲ့ မျက်နှာကို လိမ်းကျံပေးပါတော့မယ်။ မလိမ်းကျံခင် မျက်နှာကို သန့်စင်ဆေးကြောပေးထားဖို့ လိုအပ်ပါတယ်။ မျက်နှာကို နို့နဲ့နှင့်သော်လည်းကောင်း ဆေးကြောပေးရင် ပိုပြီး အာနိသင်ထပ်ရှိပါလိမ့်မယ်။ နို့နှင့် မျက်နှာဆေးပြီးသွားရင် သံလွင်ဆီနှင့် မျက်နှာကို လိမ်းကျံတဲ့အခါ လက်ဖဝါးနှင့် အပေါ်ကို ပွတ်တင်ပေးရမှာ ဖြစ်ပါတယ်။
စက်ဝိုင်းပုံစံ နှိပ်နယ်ပေးရမှာ ဖြစ်ပါတယ်။ ဒီလိုလုပ်ပေးခြင်းဟာ အရေပြားကနေ အဆီကို စုပ်ယူလိုက်ပါတယ်။ ပြီးရင်တော့ နာနတ်သီးအရည်နဲ့ နှင်းဆီရည်ရောထားတာကို လိမ်းကျံပေးရမှာ ဖြစ်ပါတယ်။ မိနစ် ၂၀ ခန့် လိမ်းကျံပေးပြီးသွားရင်တော့ မျက်နှာကို ရေသန့်နဲ့ သစ်ပေးလို့ ရပါပြီ။ ဒီနည်းကို တစ်ပတ်တစ်ခါ လိမ်းပေးခြင်းဖြင့် အသားအရေ တွန့်ခြင်းကို ကောင်းစွာ ထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်။
 
==ပေါင်းတင်ခြင်း==
နာနတ်သီးနဲ့နှင့် မျက်နှာကို ပေါင်းတင်လို့ ရပါတယ်။ နာနတ်သီးနှင့် ပေါင်းတင်တာဟာ နာနတ်သီးထဲမှာ ပါဝင်တဲ့ အင်ဇိုင်းဓာတ်ကြောင့် အသားအရေကို ရွှန်းလဲ့ဝင်းစိုစေပြီး အရေပြားတွန့်ခြင်းကို အထူးကာကွယ်ပေးနိုင်ပါတယ်။ အရေပြားပေါ်က ပျက်စီးနေတဲ့ ဆဲလ်များကိုလည်း အမြန်ဆုံး ပြည်လည်ဖြည့်တင်းပေးနိုင်ပါတယ်။
နာနတ်သီးဖျော်ရည် ၁ ဇွန်း (စားပွဲတင်ဇွန်း) သို့ နာနတ်သီးမှည့်မှည့် တစ်စိတ်ကို ယူပါ။ အရည်ဆိုလျှင် မျက်နှာကို လိမ်းကျံပြီး အစိတ်ဆိုပါက မျက်နှာပေါ်ပွတ်သပ် နှိပ်နယ် ပေးရပါမယ်။ စေးကပ်တတ်တာမို့ နာနာတ်သီးကို လိမ်းပြီးပါက ရေနဲ့ သေချာ ဆေးကြောပေးဖို့ လိုပါလိမ့်မယ်။ အရေပြားကို အရမ်းနူးညံ့စေပါတယ်။
လိမ်းကျံပြီးသွားတဲ့အခါမှာ ဆယ်မိနစ်ခန့်စောင့်ဆိုင်းပေးဖို့ လိုအပ်ပါလိမ့်မယ်။ ဒီနည်းကို တစ်ပတ်တစ်ခါပဲ ပြုလုပ်ပေးပါ။ မျက်နှာအပြင် လည်ပင်း၊ ခန္ဓာကိုယ်နေရာ အစိတ်အပိုင်း တို့ကိုလည်း လိမ်းကျံပေးနိုင်ပါတယ်။
ခန္ဓာကိုယ်ရှိ တခြားအစိတ်အပိုင်းနေရာများကို လိမ်းကျံမယ်ဆိုရင်တော့ နွားနို့ ဖန်ခွက် ဝက်ခန့်၊ သံပရာရည်၊ ကြက်ဥတစ်လုံး၊ နနွင်းမှုန့် အနည်းငယ်နဲ့ ဂျုံမှုန့်အနည်းငယ်တို့ ရောစပ်ပေးပြီးမှ လိမ်းကျံပေးရပါမယ်။ လက်မောင်း၊ ခြေထောက်၊ ခြေသလုံး၊ နောက်ကျောဘက် နေရာတို့နဲ ဝမ်းပျဉ်းသားနေရာတို့ကို လိမ်းကျံပေးနိုင်ပါတယ်။ လိမ်းကျံပြီးပါက ရေနွေးနွေးနဲ့ ပြန်လည် ဆေးကြောပေးပါ။ နာနတ်သီးအစား သင်္ဘောသီးကိုလည်း အသုံးပြုနိုင်ပါသေးတယ်။
<ref>http://www.zaygwet.com/eco_opinion.php?id=95</ref>
==ကိုးကား==