သတင်းပညာနှင့် သတင်းစာ: တည်းဖြတ်မှု မူကွဲများ

"မြန်မာနိုင်ငံစ..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
 
No edit summary
စာကြောင်း ၁ -
==မြန်မာနိုင်ငံစာနယ်ဇင်းသမိုင်းအကျဉ်း==
 
၁၈၃၆ ခုနှစ်ကတည်းက မြန်မာဘာသာဖြင့်ထုတ်ဝေသော အပတ်စဉ်စာစောင်နှင့် အင်္ဂလိပ်ဘာသာဖြင့်ထုတ်ဝေသော အပတ် စဉ်သတင်းစာများ ထုတ်ခဲ့ကြောင်း မှတ်တမ်းများရှိသည်။ မြန်မာ နိုင်ငံတွင် အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေခဲ့သော ပထမဦးဆုံး သတင်းစာမှာ မော်လမြိုင်ခရော်နီကယ် (The Maulmain Chronicle) ဖြစ်သည်။ ၁၈၃၆ ခုနှစ် မေလ ၃ ရက်နေ့တွင် မော်လမြိုင်မြို့၌ စတင်ထုတ်ဝေခဲ့သည်။ အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်းထုတ်ဝေသည့် သတင်းစာအမျိုးအစားဖြစ်သည်။
စာကြောင်း ၁၈ -
မဂ္ဂဇင်းကို ခေတ်ဦးပိုင်းတွင် "မဂ္ဂဇိန်" ဟူသောအမည်ဖြင့် ၁၉၁၁ ခုနှစ်မတိုင်မီတွင်ထုတ်ဝေခဲ့ကြကြောင်းတွေ့ရသည်။ မြန်မာ ပညာရှိများက အင်္ဂလိပ်ဝေါဟာရ Magazine ကို ပါဠိသက်ဝေါဟာရ အဖြစ် မဂ္ဂဇည၊ မဂ္ဂဇိန၊ မဂ္ဂဇာနဟူ၍ ပါဠိပုဒ်ဖြင့် ဝိဂြိုဟ်ပြုကြသည်။ အဓိပ္ပာယ်မှာ "ပညာရကြောင်း လမ်းခရီးကိုပြသော စာစောင်၊ စာအုပ်" ဟူ၍ဖြစ်သည်။ ၁၉၁၁ ခုနှစ်မတိုင်မီက မဂ္ဂဇင်းများပေါ် ထွက်ခဲ့စေကာမူ မဂ္ဂဇင်းလောကတွင် နာမည်ရပြီး အရေးအပါဆုံး ဖြစ်ခဲ့ရသည်မှာ "သူရိယမဂ္ဂဇင်း" ဖြစ်ပြီး ၁၉၁၇ ခုနှစ် မတ်လတွင် စတင်ထုတ်ဝေခဲ့သည်။ ၁၉ဝဝ ပြည့်နှစ်မှ ၁၉၄၅ ခုနှစ်အတွင်း မြန်မာနိုင်ငံတွင် မဂ္ဂဇင်းစာစောင် ၁ဝဝ ခန့်ထုတ်ဝေခဲ့သည်။
 
==သတင်းပညာနှင့် သတင်းစာ==
 
သတင်းပညာ (Journalism) ဆိုသည်မှာ ခေတ်စနစ်တို့၏ အဖြစ်အပျက် အကြောင်းချင်းရာများကို ပြည်သူများ သိရှိနားလည်စေရန် ကျယ်ပြန့်သောရည်ရွယ်ချက်ဖြင့် စူစမ်းရှာဖွေလေ့လာ ဖော်ထုတ်ခြင်း၊ တစ်ဆင့်ပြန်ရေးသား တင်ပြခြင်းပညာကို ခေါ်ဆိုသည်။ သတင်းပညာနှင့်ပတ်သက်ပြီး ဖွင့်ဆိုချက်အမျိုးမျိုးရှိနိုင်ပါသည်။ သို့သော် အားလုံးလက်ခံထားကြသည့် စံတစ်ခုမှာ ပြည်သူကို အသိပေးရန်ဖြစ်ပါသည်။ ယခုခေတ်တွင် တိုးချဲ့ပြီး ပြန်ကြားပေးရန်၊ ဖျော်ဖြေပေးရန်၊ ပညာပေးရန်ဟူ၍ ဖွင့်ဆိုလာကြသည်။ သတင်းပညာလုပ်ငန်းတွင် သတင်းတည်းဖြတ်ခြင်းပညာ (editing) ၊ သတင်းဓာတ်ပုံပညာ (photojournalism) နှင့် ဖြစ်ရပ်မှန် သတင်းရေးသားခြင်းပညာ (documentary) တို့လည်းပါဝင်သည်။
စာကြောင်း ၂၆ -
ခေတ်သစ်လူ့ဘောင်တွင် သတင်းမီဒီယာ၏အခန်းကဏ္ဍသည် ပြည်သူ့ရေးရာများနှင့်ပတ်သက်ပြီး သိသင့်သိထိုက်သည် များ၊ ပြောသင့်ပြောထိုက်သည်များကို အကောင်းဆုံးနှင့် အထိ ရောက်ဆုံးပြောနိုင် ပြနိုင် ဖော်ထုတ်နိုင်သည့် အရေးအပါဆုံး သော လုပ်ငန်းကြီးတစ်ခုဖြစ်လာသည်။ သို့သော် သတင်းမီဒီယာခေတ်တွင် အခြားအပြိုင်အဆိုင် လူထုဆက်သွယ်ရေး လမ်းကြောင်းသစ် များပေါ်ထွန်းလာခြင်းကြောင့် ပုံနှိပ်ထုတ်ဝေရေးလောကတွင် ထိခိုက်မှုများကြုံတွေ့လာရသည်။ ဥပမာ Internet နှင့် Web 2.0 တို့သည် ခေတ်သစ်မီဒီယာလောကသစ်အတွက် စိန်ခေါ်ချက်များ ဖြစ်သည်။
 
==သတင်းစာဆိုသည်မှာ==
 
သတင်းစာဆိုသည်မှာ သတင်းများ၊ အယ်ဒီတာအာဘော်၊ ရုပ်ပုံများ၊ အားကစားသတင်း၊ ရုပ်ပြောင်၊ အထူးသတင်း ဆောင်းပါးများစသည်တို့ပါဝင်သည့် ပုံနှိပ်မီဒီယာကိုခေါ်ဆိုခြင်းဖြစ်သည်။ ထိုသတင်းနှင့်ဆောင်းပါးများအား နာမည်ကြီး သတင်း သမားများက ဝေဖန်ရေးသားချက်များနှင့် သတင်းထောက်များ၏ သတင်းများနှင့် ဝေဆာစုံလင်စွာဖော်ပြထားသည့် စာစောင်ကို သတင်းစာဟုခေါ်သည်။ သတင်းစာတွင် အားလုံးသောအခန်း ကဏ္ဍများကို လူတိုင်းကဖတ်လိမ့်မည်ဟု ယူဆ၍မဖြစ်ပေ။ ကိုယ်ကြိုက်ရာကဏ္ဍကို ရွေးဖတ်ကြသည့်အလေ့အထများလည်းရှိ နိုင်ပေသည်။ နေ့စဉ်ထုတ် သတင်းစာများ တွင် သတင်းတူနိုင်သော်လည်း ရေးသားတင်ပြပုံချင်းမတူနိုင်သဖြင့် သတင်းစာ အစောင်စောင်ဝယ်ဖတ်ပြီး သတင်းသုံးသပ်ချက်များကို မြိန်ရည် ရှက်ရည်အရသာခံသူများလည်းရှိတတ်သည်။ သတင်းစာဆိုသည်မှာ "အတူလည်းမရှိ၊ အတုလည်းမရှိ" ဟူ၍ဆိုရိုးစကားတစ်ခုကို ပြောလေ့ရှိသည်။
စာကြောင်း ၄၈ -
သတင်းစာဆိုသည်မှာ တစ်ဦးတစ်ယောက်ကောင်း ဖော်ထုတ် ရနိုင်သည့်မီဒီယာမဟုတ်။ ကိုယ့်ကဏ္ဍနှင့်ကိုယ် ကျရာ တာဝန်ကို မခိုမကပ်အကောင်အထည်ဖော်ပြီး ကြိုးစားမှုမှပေါ်ထွက်လာရ သဖြင့် ရလဒ်ကောင်းစေရန် လူကောင်းသူကောင်း၊ စေတနာကောင်း များဖြင့် ဖော်ထုတ်ရသည့် မီဒီယာတစ်ခုဖြစ်သည်။
 
==သတင်းသမားကိုယ်ကျင့်တရားနှင့် သတင်းစံများ ==
 
သတင်းပညာတွင် ကိုယ်ကျင့်တရားနှင့် စံများရှိပါသည်။ သတင်းသမားတိုင်း၊ သတင်းပညာဖြင့် အသက်မွေးသူတိုင်း စိန်ခေါ် ခံနေရသည့် ပြဿနာလည်းဖြစ်သည်။ မီဒီယာကိုယ်ကျင့်တရား (Media Ethics) ဆိုသည်မှာ မီဒီယာသမားတုိင်း လိုက်နာစောင့်ထိန်း ကြရမည့် ဥပဒေ (code of ethics) ဖြစ်သလို၊ စည်းမျဉ်း (canons of journalism) ဟူ၍လည်းဆိုနိုင်သည်။ ထိုဥပဒေများ၊ စည်းမျဉ်းများ အားလံုးကို သတင်းဖြင့်အသက်မွေး နေသူအားလုံး၊ ပုံနှိပ်မီဒီယာ၊ ရုပ်သံလွှင့်မီဒီယာ၊ အွန်လိုင်းမီဒီယာ အားလုံး အဖွဲ့အစည်းနှင့် ဖြစ်စေ တစ်ဦးချင်းဖြစ်စေ လိုက်နာစောင့်ထိန်းကြရမည့်တာဝန် လည်းရှိသည်။
စာကြောင်း ၈၆ -
ဃ။ မမှန်ကန်သော အသရေပျက်စေသော ကြေငြာချက်များ
 
==သတင်းမီဒီယာနှင့် သတင်းပညာအခြေခံသဘောတရားများ==
 
ဘီလ် ကိုးဗာ့ချ်နှင့် တောမ် ရိုဆင်တိုင်းလ်တို့က "The Elements of Journalism" ဆိုသည့်စာအုပ်တွင် သတင်းသမားတို့အတွက် အခြေခံလိုအပ်ချက် ၁ဝ ချက်ကို "လိုက်နာရမည့် တာဝန် များ" အနေဖြင့် အောက်ပါအတိုင်း သတ်မှတ်ခဲ့သည်။
စာကြောင်း ၁၁၀ -
၁ဝ။ ပြည်သူ့အခွင့်အရေး တာဝန်သိသိ သစ္စာရှိရှိ ကာကွယ်စောင့် ရှောက်ပေးနေသူများဖြစ်ရမည် ဟူ၍ဖြစ်သည်။
 
==သတင်းမီဒီယာဘက်လိုက်မှုများ==
 
သတင်းမီဒီယာဘက်လိုက်မှု (Media Bias) သည် သတင်း ရေးသားသူ ဂျာနယ်လစ်များနှင့် သတင်းထုတ်ဝေသူတို့ လူထု မီဒီယာကို အသုံးချပြီး ပကတိတရားကို ဖုံးကွယ်ကာ ဘက်လိုက် တင်ပြမှုမျိုးကိုခေါ်ဆိုသည်။ ဘက်လိုက်မှုဆိုသည်မှာ သတ်မှတ်ချက်တစ်ခုခုကို သွေဖည်ပြီး လမ်းကြောင်းပြောင်းသွားခြင်းဖြစ်သည်။ မီဒီယာဘက်လိုက်မှုဆိုသည်မှာ သတင်းသမားတို့လိုက်နာ စောင့်ထိန်းအပ်သည့် ကိုယ်ကျင့်တရားနှင့် စံသတ်မှတ်ချက်များကို ချိုးဖောက်ပြီး လူပုဂ္ဂိုလ်အရ သော်လည်းကောင်း၊ ရေးသားသည့် သတင်းဆောင်းပါးများဖြင့်လည်းကောင်း ဘက်လိုက်ခြင်းကို ခေါ်ဆိုသည်။
စာကြောင်း ၁၁၈ -
သတင်းမီဒီယာဘက်လိုက်မှုနှင့်ပတ်သက်ပြီး သတင်းမီဒီယာ စောင့်ကြည့်ရေးအဖွဲ့ (Watchdog groups) များသည် နိုင်ငံတကာတွင် ခေတ်စားလာသည်။ ထိုအဖွဲ့သည် သတင်း မီဒီယာလောက၏ ဘက်လက်ပြီးရေးသားဖော်ပြချက်များကို ပြန်လည်ဖော်ထုတ် တင်ပြပေးနေသည့် အဖွဲ့အစည်းဖြစ်သည်။
 
==ဘက်လိုက်မှုအမျိုးအစားများ==
 
သတင်းဘက်ဘက်မှုသည် များသောအားဖြင့် နိုင်ငံရေးပါတီများ၊ ပြည်သူ့ကိုယ်စားလှယ်လောင်းများ၊ နိုင်ငံရေးဝါဒ သဘောတရားများတွင် သိသာမြင်သာ ပေါ်ထွက်လာတတ်သည်။ အခြား မီဒီယာဘက်လိုက်မှုများအနေဖြင့်
စာကြောင်း ၁၄၀ -
အခြားဘက်လိုက်မှုများတွင် လူမျိုးရေး၊ အသားအရောင်၊ ဘာသာရေး၊ လိင်ခွဲခြားမှု၊ အသက်အရွယ်၊ ပတ်ဝန်းကျင်၊ လူမျိုးစု များလည်း ပါဝင်ပတ်သက်နိုင်သည်။
 
==သတင်းဘက်လိုက်မှုရှိ မရှိ တိုင်းတာခြင်းနှင့် ပိုင်းဖြတ်ခြင်း==
 
ရစ်ချတ် အယ်လင် နယ်ဆန်ဆိုသူက ၂ဝဝ၄ ခုနှစ်တွင် Tracking Propaganda to the Source: Tools for Analyzing Media Bias ဆိုသည့် စာအုပ်တစ်အုပ်ရေးခဲ့သည်။ သူက သတင်းမီဒီယာ ဘက်လိုက်မှုရှိ မရှိကို အချက် ၁၂ ချက်ဖြင့်တိုင်းတာနိုင်ကြောင်း ဖော်ပြထားသည်။ ထိုအချက်များမှာ
စာကြောင်း ၁၆၈ -
၁၂။ သူရရှိထားသည့် ခံစားခွင့်၊ လစာများ၊ သူနှင့် နောက်ကွယ် အဖွဲ့အစည်းများပတ်သက်မှု၊ အထောက်အပံ့ခံဟုတ်မဟုတ် စသည်များသည် သတင်းမီဒီယားသမားတစ်ယောက်အပေါ် တွင် ဘက်လိုက်မှုရှိ မရှိ ကောက်ချက်ချနိုင်သည့် အဓိက အချက်များဖြစ်သည်။
 
==ဒီမိုကရေစီအစိုးရသည် သတင်းမီဒီယာကို ကာကွယ်သူလော==
 
ဥရောပဒီမိုကရေစီတွင် သတင်းမီဒီယာလုပ်ငန်းကို လွတ်လပ် စွာလုပ်ပိုင်ခွင့်အတွက် အကာအကွယ်ပေးရန်ဥပဒေများ ပြဋ္ဌာန်းပေး ထားသည်။ ဥပမာ ရုရှားဖွဲ့စည်းပုံ အခြေခံဥပဒေတွင် "ပြည်သူ့ ဆက်ဆံရေးနှင့် သတင်းလွတ်လပ်ခွင့် အတွက်အာမခံချက်အပြည့် ပေးသည်။ သတင်းဆင်ဆာလုပ်မှုကို တားမြစ်သည်" ဟုအတိအလင်း ဆိုထားသည်။ သို့ရာတွင် သတင်းအချက်အလက်ဒေတာများကို နိုင်ငံတော်၏ လျှို့ဝှက်ချက်အဖြစ် စောင့်ထိန်းရမည်ဟုဆို ထားသည်။ အမေရိကန် နိုင်ငံတွင်လည်း သတင်းမီဒီယာလွတ်လပ် ခွင့်နှင့်ပတ်သက်ပြီး နိုင်ငံတော်တရားရုံးချုပ်၏ ဆုံးဖြတ်ချက် အတိုင်းသာ ရှိစေရမည်ဟု ဆိုထားပါသည်။ အမေရိကန်ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ချက်တွင် "လွှတ်တော်သည် လွတ်လပ်စွာ ပြောဆိုခွင့်၊ လွတ်လပ်စွာပုံနှိပ်ထုတ်ဝေခွင့်နှင့် ပတ်သက်ပြီး ပိတ်ပင်သည့် ဥပဒေကို မပြဋ္ဌာန်းရ" ဟုဖွင့်ဆိုထားသည်။ အမေရိကန်သမိုင်းတွင် အစိုးရသည် သတင်းလွတ်လပ်ခွင့်နှင့်ပတ်သက်ပြီး နည်းမျိုးစုံဖြင့် ပိတ်ပင်နိုင်ရန် ကြိုးစားခဲ့ကြသည်။ အမျိုးသားလုံခြုံရေးနှင့် စစ်ရေးကျူးကျော်မှုကိစ္စများတွင် သတင်းမီဒီယာ၏အခန်းကဏ္ဍကို လုံးဝကန့်သတ်နိုင်ရန် ကြိုးစား ခဲ့ကြသည်။
 
==ရုပ်သံမီဒီယာလွတ်လပ်ခွင့်နှင့် စပွန်ဆာ==
 
အမေရိကန်ဂျာနယ်လစ် အေဂျေ လိုင်းဘလင်းက "သတင်း မီဒီယာလွတ်လပ်မှုဆိုသည်မှာ ပိုင်ဆိုင်သူကသာ အာမခံချက် ပေးနိုင်သည်" ဟုဆိုပါသည်။ ဥပဒေက သတင်းမီဒီယာကို မည်မျှအကာ အကွယ်ပေးသည်ဆိုစေ မီဒီယာကို အသုံးပြုနိုင်ရန် ထွက်ပေါက်မှာ ငွေသာအဓိကဖြစ်နေသည်။ သတင်းမီဒီယာလွတ်လပ်စွာလုပ်ပိုင်ခွင့်၊ ရှင်သန်ပိုင်ခွင့်အတွက် အရေးအကြီး ဆုံးမှာ ငွေသာဖြစ်နေသည်။
စာကြောင်း ၁၈၀ -
ရုပ်သံမီဒီယာသို့ လုံလောက်သည့်ငွေကြေးထောက်ပံ့နိုင်ရေးမှာ ကမ္ဘာတစ်ဝှမ်းရှိ မီဒီယာတိုင်းကြုံတွေ့နေရသည့် ပြဿနာ တစ်ရပ် ဖြစ်လာသည်။ အဓိကပြဿနာမှာ လူထုဆက်သွယ်ရေးလမ်း ကြောင်းများပွင့်လာပြီး အွန်လိုင်းနှင့် အခြားမီဒီယာ လိုင်းများ ပေါများလာခြင်းကြောင့်ဟု သုံးသပ်ကြသည်။
 
==ရုပ်သံမီဒီယာ၏စွမ်းပကားကို သုံးသပ်ကြည့်ခြင်း==
 
နိုင်ငံတစ်နိုင်ငံတွင် စီးပွားရေးလုပ်ငန်းကော်ပိုရေးရှင်းကြီးများ၊ သီးခြားချမ်းသာကြွယ်ဝသူများနှင့် နိုင်ငံတော်ကသာ ရုပ်သံမီဒီယာကို ထိန်းချုပ်ပိုင်ခွင့်များ ရရှိထားကြသည်။ နိုင်ငံအများစုတွင်လည်း ရုပ်သံမီဒီယာလိုင်းကြီး သုံးလိုင်းလောက် ကသာ ထိန်းချုပ်ထားနိုင် စွမ်းရှိပြီး လူနည်းစုထက် လူများစုအကြိုက်ကိုသာ ဦးစားပေးထုတ် လွှင့်နေကြရသည်ဟုဆိုသည်။
စာကြောင်း ၁၈၆ -
မီဒီယာပိုင်ရှင်များသည် သူတို့မီဒီယာအစွမ်းဖြင့် နိုင်ငံရေးပါတီများ အောင်နိုင်ရေးကို စွမ်းဆောင်ပေးလာကြ ကြောင်းတွေ့ရသည်။ ၂ဝဝ၁ ခုနှစ် အီတလီနိုင်ငံ ဝန်ကြီးချုပ်ရွေးချယ်ပွဲတွင် မဲဆွယ် လှုပ်ရှားပွဲများတွင် ဆီလ်ဗီရို ဘာလူစကိုနီ သည် အောင်မြင်မှုရရှိသွားခဲ့သည်။ အီတလီနိုင်ငံတွင် ရုပ်သံလိုင်းကြီးလေးလိုင်းရှိသည့် အနက် ဘာလူစကိုနီသည် သုံးလိုင်းကို ကိုင်ထားနိုင်သူဖြစ်သည်။ ထိုလိုင်းသုံးလိုင်းသည် အီတလီနိုင်ငံတွင် လူဦးရေ၏ ၄ဝ ရာခိုင်နှုန်းခန့် ကြည့်ရှုအားပေးခြင်း ခံရသည့် ရုပ်သံလိုင်းများဖြစ်သည်။ ဘာလူစကိုနီသည် သူ့ပြိုင်ဘက်များထက် ရုပ်သံလိုင်းများတွင် ၆ဝ ရာခိုင်နှုန်းကျော်ကျော် လွှင့်ထုတ်ဖော်ပြခြင်းခံနေရသဖြင့် ပြည်သူများ၏ အမြင်တွင်ပိုပြီး စွဲစရာဖြစ်လာသည်။ ထို့ကြောင့် အောင်ပွဲ ဆင်သွားရ သည်ဟု အီတလီဂျာနယ်လစ် ရာဖဲလ် မာ့စ်ထရိုလိုနာဒို က ဝေဖန်ထောက်ပြခဲ့သည်။
 
==ရုပ်သံမီဒီယာနှင့် လက်ဝါးကြီးအုပ်မှုပြဿနာ==
 
ရုရှားနှင့် အမေရိကန်ပြည်ထောင်စုကဲ့သို့သော နိုင်ငံကြီးများတွင် မီဒီယာလွတ်လပ်ခွင့်ဆိုသည်မှာ "ကြီးလေကောင်းလေ" တစ်နည်းအားဖြင့် "အင်အားများလေ ကောင်းလေ" ဆိုသည့်မူဝါဒ ကို လက်ကိုင်ထားနေကြဆဲဖြစ်ကြောင်းတွေ့ရသည်။ ရုပ်သံလိုင်း အသေးစားလေးများကို မူအရ ခွင့်ပြုထားသည်မှန်သော်လည်း နောက်ခံငွေကြေးအင်အားမတောင့်တင်းသဖြင့် မရပ်တည်နိုင်ကြသည်ကများသည်။ သို့ဖြစ်ရာ အင်အားကြီးသည့်မီဒီယာက အင်အားသေးသည့်မီဒီယာများကို ချုပ်ကိုင်ပြီး သူတို့ထံမှ အစီအစဉ် ကောင်းများကို လက်စဖျောက်နိုင်သည်အထိ အတင့်ရဲလာကြသည်။ အင်အားကောင်းသည့် မီဒီယာကြီးများသည် ငွေဂုဏ်၊ ဓနဂုဏ်၊ အဆက်အသွယ်၊ အရှိန်အဝါများရှိသလို အစိုးရနှင့်လည်း ပလဲနံပသင့်သည်က များသဖြင့် သတင်းထုတ်လွှင့်မှုများ၊ တင်ဆက်မှုများအပေါ် လက်ဝါးကြီးအုပ်ခွင့်အများဆုံးရရှိထား သူများဟုဆိုနိုင်သည်။ အက်စတိုးနီးယားနိုင်ငံကဲ့သို့ သေးငယ်သည့်နိုင်ငံမျိုးများတွင် ဒီမိုကရေစီအနည်းငယ်သာရှိသည်ဆိုစေ မီဒီယာလွတ်လပ်ခွင့်ကို အပြည့်ပေးထားသည်က အံ့သြစရာဖြစ်သည်။
စာကြောင်း ၁၉၄ -
သတင်းမီဒီယာလောကတွင် လက်ဝါးကြီးအုပ်မှုမဖြစ်စေရန် ကာကွယ်သည့်နည်းမှာ ဖွဲ့စည်းပုံဥပဒေဖြင့် ထိန်းချုပ် ရန်သာဖြစ်သည်။ လစ်သူနီးယန်းနိုင်ငံဖွဲ့စည်းပုံ အခြေခံဥပဒေတွင် "ပြည်သူ လူထုအတွက်မီဒီယာကို စိစစ် တည်းဖြတ်ခြင်း အား တားမြစ်သည်။ နိုင်ငံတော်၊ နိုင်ငံရေးပါတီများ၊ နိုင်ငံရေးအရဖြစ်စေ၊ ပြည်သူ့ အဖွဲ့အစည်းများအတွင်း၌ဖြစ်စေ၊ လူပုဂ္ဂိုလ် တစ်ဦးချင်းအလိုက်ဖြစ်စေ သတင်းမီဒီယာကို လက်ဝါးကြီးအုပ် ထိန်းချုပ်မှုမပြုရ" ဟူ၍ ပြဋ္ဌာန်းထားသည်။
 
==သတင်းမီဒီယာ ဓမ္မဓိဋ္ဌာန်ကျမှု==
 
သတင်းမီဒီယာလောကတွင် ဓမ္မဓိဋ္ဌာန်ကျကျဖော်ပြမှုကို (Objectivity) ဟုခေါ်သည်။ သတင်းပညာဖြင့်အသက်မွေးသည့် သတင်းသမားများ၏ ကိုယ်ကျင့်တရားနှင့် စံတွင် ဓမ္မဓိဋ္ဌာန်ကျမှု ကိုလည်း ထည့်သွင်းထားရမည်ဖြစ်သည်။ ဓမ္မဓိဋ္ဌာန်ကျမှုဆိုသည် မှာ တရားမျှတခြင်း (fairness) ၊ ကိုယ်ကျိုးမကြည့် အများအကျိုး ကြည့်ခြင်း (disinterestedness) ၊ အမှန်တရားကိုသာကြည့်ခြင်း (factuality) နှင့် ဘက်မလိုက်ခြင်း (nonpartisanship) တို့ဖြစ်သည်။ သတင်းမီဒီယာ လောကတွင် အထက်ပါအချက်များနှင့်တိုင်းတာပြီး ဓမ္မဓိဋ္ဌာန်ကျမှုရှိ မရှိကို ပိုင်းဖြတ်နိုင်ပါသည်။
စာကြောင်း ၂၀၂ -
သတင်းစာသို့မဟုတ် ဂျာနယ်တစ်စောင်တွင် မည်သည့် အကြောင်းအရာကို မျက်နှာဖုံးတင်ရမည်၊ မည်သည့်အကြောင်း အရာများကို ကောက်စာအနေဖြင့်ဖော်ပြရမည်ဆိုသည်မှာ ဓမ္မဓိဋ္ဌာန် ကျကျဖြစ်သင့်သည်ဟုဆိုသည်။ အက်ဒဝပ် ဟားမင်းနှင့် နောမ် ချောင်းစကီးတို့က ဝါဒဖြန့်မှုကို ရှေ့တန်းတင်လျှင် ထိုသတင်းစာ သည် ဓမ္မဓိဋ္ဌာန်မကျဟု သုံးသပ်ကြသည်။
 
==သတင်းမီဒီယာလွတ်လပ်ခွင့်နှင့် နယ်စည်းမခြားသတင်းသမား==
 
ကမ္ဘာ့သတင်းစာအဖွဲ့ကြီး (The World Association of Newspapers) ၏ထုတ်ပြန်ချက်အရ နိုင်ငံပေါင်း ၁ဝဝ အတွင်း သတင်း မီဒီယာ ၁၈,ဝဝဝ ခန့်တွင် သတင်းအယ်ဒီတာများ တာဝန်ထမ်း ဆောင်နေကြသည်ဟုဆိုသည်။ ထိုအထဲတွင် အင်တာနက်၊ web site နှင့် blog များတွင် တာဝန်ထမ်းဆောင်နေကြသူများလည်းပါ ဝင်သည်။ သတင်းမီဒီယာမှတစ်ဆင့် သတင်းသမားများသည် ပြည်သူကို ပြန်လည်ပညာပေးရန်အတွက် အခြေခံလိုအပ်ချက်မှာ "သတင်းမီဒီယာလွတ်လပ်ခွင့်" ဖြစ်သည်။ ထို ကမ္ဘာ့သတင်းစာ အဖွဲ့ကြီး၏ဆောင်ပုဒ်ကိုက "သတင်းမီဒီယာလွတ်လပ်ခွင့်ဆိုသည်မှာ ပြည်သူတို့ လွတ်လပ်ခွင့်ပင် ဖြစ်သည်" ဟုဆိုထားသည်။
စာကြောင်း ၂၂၀ -
နှစ်ကာလကြာလာသည်နှင့်အမျှ နယ်စည်းမခြား သတင်း ထောက်များအဖွဲ့သည် သတင်းလွတ်လပ်ခွင့်နှင့်ပတ်သက်ပြီး စာအုပ်များစွာကိုထုတ်ဝေကာ ကမ္ဘာအနှံ့ဖြန့်ချိနိုင်ခဲ့သည်။ ၂ဝဝ၅ ခုနှစ် စက်တင်ဘာလတွင် ထုတ်ဝေထားသည့် Handbook for Bloggers and Cyber-Dissidents စာအုပ်သည် blog တစ်ခုရေးနည်း မျိုးစုံကို လမ်းညွှန်ထားခြင်းဖြစ်သည်။
 
==သတင်းမီဒီယာလွတ်လပ်ခွင့်==
 
လွတ်လပ်သောသတင်းမီဒီယာဆိုသည်မှာ ဒီမိုကရေစီရှိရန် လိုသည်။ သတင်းမီဒီယာသည် အစိုးရအမှားကိုထောက်ပြနိုင် သည်။ အစိုးရအမှုထမ်းများ အဂတိလိုက်စားခြင်းကို ဝေဖန်ဖော် ထုတ်ပြနိုင်သည်။ လူသိရှင်ကြားပြောနိုင်ခွင့်၊ ဝေဖန်နိုင်ခွင့်၊ ထောက်ပြနိုင်ခွင့်ရှိသူများမှာ တိုင်းပြည်တစ်ပြည်တွင် စတုတ္ထမဏ္ဍိုင် အဖြစ်တင်စားကြသည့် မီဒီယာသာဖြစ်သည်။ ပြည်ကိုဖွင့်ဟဖော်ပြ ရမည်မှာ သတင်းသမားတို့တာဝန်ဖြစ်ပြီး၊ ဘာဆက်လုပ်သင့်သည်ကို ဆုံးဖြတ်ရမည်မှာ ပြည်သူများသာ ဖြစ်ပါသည်။
စာကြောင်း ၂၃၀ -
သတင်းမီဒီယာလွတ်လပ်ခွင့်ဆိုသည်မှာ အကြွင်းမဲ့၊ အထိန်း ချုပ်မဲ့၊ အကန့်အသတ်မဲ့ လွတ်လပ်ခြင်းကို မဆိုလိုပေ။ အစိုးရ တစ်ရပ်သည် နိုင်ငံတော်တည်ငြိမ်ရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် လိုအပ်လျှင် သတင်းမီဒီယာအပေါ် ကန့်သတ်ထိန်းချုပ်ခွင့် များရှိသည်။ ဥပမာ အမေရိကန်နိုင်ငံတွင် ပထမကမ္ဘာစစ်အတွင်း ၁၉၁၄၊ ၁၉၁၈၊ နိုင်ငံတော် သစ္စာဖောက်မှုနှင့်ပတ်သက်သော အရေးယူဆောင်ရွက်မှုများ၊ အစိုးရ၏လုပ်ဆောင်ချက်များ၊ စစ်မှုမထမ်းမနေရ ဥပဒေ ထုတ်ပြန်ထားမှုများ၊ အမေရိကန်အလံနှင့် ပတ်သက်ပြီး သတင်းမီဒီယာများမှ မဝေဖန်ရန် ကန့်သတ်ထားခဲ့ဖူးသည်။ မည်သည့်နိုင်ငံတွင်မဆို သတင်းမီဒီယာ လွတ်လပ်ခွင့် ဆိုသည်မှာ သူ့အတိုင်းအတာနှင့်သူ ဘောင်တစ်ခုအတွင်းမှာသာ ပေးထားနိုင်သေးကြောင်းတွေ့ရသည်။
 
==သတင်းမီဒီယာနှင့်ဆင်ဆာ==
 
လူ့ဘောင်ဟူ၍ဖြစ်ထွန်းလာသည်နှင့် သတင်းအချက်အလက် များပေါ်တွင် စိစစ်ဖြတ်တောက်မှု၊ ကြီးကြပ်မှု၊ ထိန်းချုပ်မှုများ ယှဉ်တွဲဖြစ်ပေါ်လာရသည်။ ခေတ်သစ်လူ့ဘောင်တွင် သတင်း မီဒီယာဆင်ဆာဖြတ်တောက်ခြင်းဆိုသည်မှာ စာအုပ်၊ အပတ်စဉ် လစဉ်ထုတ် စာနယ်ဇင်းများ၊ ပြဇာတ်၊ ရုပ်ရှင်၊ ရုပ်မြင်သံကြား၊ ရေဒီယို၊ သတင်းထုတ်ပြန်ချက်များနှင့် အခြားဆက်သွယ်ရေးနည်း ပညာ၊ အီလက်ထရောနစ်မီဒီယာများအပေါ်တွင်ပါ ပြုပြင်စေလို သဖြင့်၊ ထိန်းချုပ်ရခြင်းဖြစ်သည်။ ထိုသို့ထိန်းချုပ်သည်ဆိုရာတွင် အများပြည်သူအတွက် မနှစ်မြို့စရာ၊ စိတ်မချမ်းမြေ့စရာ၊ အထင် အမြင်လွဲမှားစရာ ဖြစ်မည်စိုးရိမ်သောကြောင့် ဆင်ဆာလုပ်ရခြင်းဖြစ်သည်။
စာကြောင်း ၂၅၆ -
တိုင်းရင်းသားလူမျိုးတစ်မျိုးနှင့်တစ်မျိုး သို့မဟုတ် တိုင်းရင်း သားလူမျိုးအချင်းချင်းကိုလည်းကောင်း၊ အခြားဘာသာ သာသနာ ကိုလည်းကောင်း ထိခိုက်နစ်နာမှုမရှိစေဘဲ မိမိချစ်ခင်မြတ်နိုးသည့် စကား၊ စာပေ၊ ယဉ်ကျေးမှု၊ ကိုးကွယ်သည့် ဘာသာ သာသနာနှင့် ဓလေ့ထုံးတမ်းများကို လွတ်လက်စွာဆောင်ရွက်ပိုင်ခွင့်ရှိကြောင်း လည်း ဖွင့်ဆိုထားပါသည်။
 
==မီဒီယာတစ်ခေတ်ပြောင်း==
 
ကွန်ပျူတာ၊ အင်တာနက်၊ မိုဘိုင်းလ်နှင့် သတင်းအချက် အလက်ခေတ်သစ်ကိုထူထောင်လိုက်ကြသည့်အခါ မီဒီယာလောကတွင်လည်း ရိုက်ခတ်မှုများ၊ ပြုပြင်ပြောင်းလဲမှုများ အတော်လေး ပြင်းထန်မှုရှိခဲ့ကြောင်းတွေ့ရသည်။ ကွန်ပျူတာကုမ္ပဏီကြီးများနှင့် လုပ်ငန်းစုကြီးများ၊ နည်းပညာကုမ္ပဏီကြီးများ၊ ဆက်သွယ်ရေး ဆိုင်ရာ ကွန်ရက် အဖွဲ့အစည်းကြီးများ၊ သတင်းအချက်အလက် ထောက်ပံ့ပေးနိုင်သည့် အဖွဲ့အစည်းများ ပုံစံသစ်ဖြင့် ထူထောင်ဖွဲ့ စည်းလာကြသည်။ မီဒီယာလောကတွင်ပင် အွန်လိုင်းယဉ်ကျေးမှု နှင့်ပေါင်းစပ်ပြီး သတင်းစာ၊ မဂ္ဂဇင်း၊ သီချင်း၊ ရုပ်ရှင်၊ ရေဒီယို၊ ရုပ်မြင်သံကြားနှင့် အခြားဖျော်ဖြေရေးလုပ်ငန်းများ အသွင်သစ်၊ အမြင်သစ်ဖြင့် အွန်လိုင်းခေတ်ထဲ ရောက်ကုန်ကြ သည်။ မီဒီယာ ဆုံမှတ်သည် (Computing, Communications, Content) ဆိုသည့် "C" သုံးလုံးဖြင့် ဖော်ဆောင်ရသည့်ခေတ်ဖြစ်လာသည်။
စာကြောင်း ၂၆၆ -
ခေတ်သစ်လူသားတို့သည် သတင်းသိချင်လျှင် ပထမဦးဆုံး တီဗီကိုဖွင့်ကြည့်ကြသည်။ CNN, BBC တို့က နောက်တစ်နေ့ သတင်းစာစောင့်ဖတ်စရာမလိုအောင် အချိန်ပိုင်း မိနစ်ပိုင်းအတွင်း အဖြစ်အပျက်သစ်များကို တင်ဆက်ပေးနေ သည်။ ၁၉၉ဝ နောက်ပိုင်းတွင် Web site တွေခေတ်စားလာသည်။ ယခင်သတင်းစာနှင့် ပုံနှိပ်မီဒီယာများတွင် ကြော်ငြာနေကြသည့် ကြော်ငြာရှင်တွေက သတင်းစာထက် စိတ်နှလုံးကိုသိမ်းကြုံးဖမ်းစားနိုင်စွမ်းရှိသည့် မီဒီယာသစ်ကို မျက်စပြစ်လာကြသည်။ အချိန်တိုအတွင်း ထိရောက် သောကြော်ငြာကို အသက်ပါပါ ကြော်ငြာရသည့်စနစ်ကိုစိတ်ဝင်စား ပြီး ကြော်ငြာတွေပါ လိုင်းပြောင်းကုန်ကြသည်။ ထို့ကြောင့် ကြော်ငြာ နှင့်ရပ်တည်နေကြရသည့် သတင်းနှင့် မဂ္ဂဇင်းဂျာနယ်များ ရပ်ဆိုင်း ကုန်သည်အထိဖြစ်ခဲ့ရသည်။ မရပ်ဆိုင်းချင်သည့် သတင်းမီဒီယာများ အွန်လိုင်းပေါ်တက်ကုန်ကြသည်။ အွန်လိုင်း သတင်းသည် upodate အဖြစ်ဆုံးဆိုသည့်အသိကို ပြည်သူထဲထည့်ပေးလိုက်သဖြင့် မီဒီယာအဟောင်းများ ကျဆုံးခန်းကို ရင်ဆိုင်လာရသည်။
 
==သတင်းမီဒီယာသမားတို့၏တာဝန်နှင့် အရည်အချင်းများ==
 
သတင်းမီဒီယာသမားတို့သည်
စာကြောင်း ၃၀၂ -
၄။ အခကြေးငွေရရှိသော ဝါဒဖြန့်ကြော်ငြာကို သတင်းအဖြစ် မရေး ပါနှင့် ဟူ၍ တိကျသည့်ဆောင်ပုဒ်များကိုလည်း လိုက်နာကြရန် လိုပါသည်။
 
==နိုင်ငံရေးနှင့် မီဒီယာသမားတို့အခန်းကဏ္ဍ==
 
၁၉ ရာစုအတွင်းလောက်တွင် သတင်းစာနှင့် မဂ္ဂဇင်းများ၏ အခန်းကဏ္ဍသည် လူမှုရေးနှင့် နိုင်ငံရေးတွင် အတော်လေးဝင်ဆန့် လွှမ်းမိုးလာကြောင်းတွေ့ရသည်။ နိုင်ငံတော်ပြုပြင်ပြောင်းလဲရေး အတွက် သတင်းသမားတို့က မိမိတို့တာဝန်တစ်ရပ်အနေဖြင့် သတ်မှတ်လုပ်ဆောင်လာမှုများကိုလည်း တွေ့လာရသည်။ ဝီလျှံ ရန်းဒေါ့ဖ် ဟတ်စ်နှင့် ဂျိုးဆက် ပူလစ်ဇာတို့သည် သတင်းကို လူတိုင်းစိတ်ဝင်စားစွာဖြင့် စောင့်ဖတ်နိုင်ရန် စွမ်းဆောင်ပေးနိုင်ခဲ့ ကြသူများဖြစ်လာသည်။ လူမှုရေးလောကတွင် မကောင်းမှုမှန်သမျှ၊ နိုင်ငံရေးလောကတွင် မဟုတ်တာလုပ်မှုမှန်သမျှကို အပြောရဲရဲ အတွေးရဲရဲဖြင့် ထောက်ပြဝေဖန်ဖော်ပြလာကြသည်။ ထိုစဉ်က နာမည်ကျော် McClure's Magazine နှင့် Everybody's Magazine တို့သည် မဟုတ်မမှန် မတရားမှုမှန်သမျှကို ဖော်ထုတ်ရေးသားရာ တွင် နာမည်ကြီးသည့် မဂ္ဂဇင်းများဖြစ်လာသည်။