ဦးပိန်တံတား: တည်းဖြတ်မှု မူကွဲများ

စာမျက်နှာအသစ်: right | thumb | ဦးပိန်တံတား အမရပူရမြို့နယ်အတွင်းရှိ တေ…
 
No edit summary
စာကြောင်း ၃ -
 
==ဦးပိန်တံတားသမိုင်း==
ကုန်းဘောင်ခေတ်၊ [[ပုဂံမင်း]]လက်ထက်တွင် ဦးပိန်တံတားကို တည်ဆောက်ခဲ့သည်။ ပုဂံမင်းမှာ ကြက်၊ငှက် အစရှိသည်သာမက အခြားသော တိရိစာၦန်များကိုပါ ဖမ်းဆီး၍ တိုက်ပွဲကစားသည်ကို အထူး၀ါသနာပါပြီး နေ့စဉ်နှင့်အမျှ ကစားပွဲကျင်းပလေ့ရှိသည်။ တိုင်းရေးပြည်ရာများကို ညီတော်နှစ်ပါးဖြစ်သည့် မင်းတုန်းနှင့် ကနောင်မင်းသားနှစ်ပါးဦးဆောင်သည့် လွှတ်တော်ကသာ ကိုင်တွယ်ဖြေရှင်းနေခဲ့ရသည်။ ပုဂံမင်း၏ တိရိစာၦန်ရေးရာ ကျွမ်းကျင်သူမှာ ဘိုင်ဆပ်ဟုခေါ်သည့် ကုလား(မွတ်ဆလင်) တစ်ဦးဖြစ်သည်။ ထိုသူကို ပုဂံမင်းက ကြိုက်နှစ်သက်လှသဖြင့် [[အမရပူရ]]တွင်မြို့ဝန်အဖြစ်ပင် ချီးမြှောက်ခဲ့သည်။ ထိုဘိုင်ဆပ်နှင့် အတူချီးမြှောက်ခြင်းခံရသူမှာ ၄င်း၏တပည့်မြို့စာရေး မောင်ပိန်ဆိုသူဖြစ်သည်။ ထိုသူတို့နှစ်ဦးသောင်းကျန်းလှသဖြင့် အမရပူရတစ်မြို့လုံးသည် ခြောက်ခြားရသည်။ ထိုသူနှစ်ဦးစကားမှာ မင်းနားပေါက်သဖြင့် ကြောက်ကြရသည်။ လှန်၀ံ့သူမရှိခဲ့ပေ။လှန်ဝံ့သူမရှိခဲ့ပေ။ သို့သော် နောက်ဆုံးတွင် ၄င်းတို့၏ အပြစ်များကို ပုဂံမင်းသိသဖြင့် ဖမ်းဆီးကာ အပေါင်းအပါများနှင့် တကွကွပ်မျက်ခဲ့သည်။
 
ထို မြို့စာရေးမောင်ပိန်သည် အသက်ရှိစဉ်၊ အာဏာရှိစဉ်အတွင်းက အမရပူရမြို့တော်မှ တောင်တမန်အင်းကို ဖြတ်၍အခြားဖက်ကမ်းသို့ တံတားကြီးတစ်ခုကို တည်ဆောက်လေသည်။ တံတားတိုင်များမှာကား အခြားမဟုတ်။ [[အင်း၀အင်းဝ]] နှင့် [[စစ်ကိုင်း]]မြို့ဟောင်းများမှ နန်းတော်တိုင်များဖြစ်သည် ဟုဆိုသည်။ တည်ဆောက်ရသည် အကြောင်းမှာလည်း အကောင်းမဟုတ်။ တစ်ဖက်ကမ်းရှိ မွတ်ဆလင်များ ကို ဘိုင်ဆပ်က အမရပူရသို့ အကြောင်းရှိလျှင် အမြန်ကူးနိုင်ရန် ဟူသောရည်ရွယ်ချက်ဖြင့် ဆောက်သည်ဟု ဆိုပါသည်။ တည်ဆောက်သူ မောင်ပိန်ကို အစွဲပြုပြီး ဦးပိန်တံတားဟုသာ အမည်တွင်သည်။ မည်သို့ဆိုစေကာမူ ဦးပိန်တံတားသည် ယနေ့အခါတွင် တောင်တံမန်အင်း၏ အထင်ကရပြယုဂ်အနေဖြင့် ထင်ရှားလျက်ရှိပေသည်။
 
[[Category:မန္တလေးတိုင်း]]