အလောင်းမင်းတရား: တည်းဖြတ်မှု မူကွဲများ

No edit summary
စာကြောင်း ၅ -
| နန်းသက် = ၁၇၅၂ ဖေဖော်ဝါရီလ ၂၉ရက် - ၁၇၆၀ မေလ ၁၁ရက်
| အမည်အပြည့်အစုံ =အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ
| ငယ်မည် = ဦးအောင်ဇေယျအောင်ဇေယျ
| ဘွဲ့အမည် =သီရိ ပဝရ ဝိဇယ နန္ဒ ဇဌ မဟာ ဓမ္မရာဇ အလောင်းမင်းတရားကြီး
| အမည်ကွဲ =
စာကြောင်း ၂၅ -
'''အလောင်းမင်းတရား''' (ဝါ '''အလောင်းဘုရား'''; ၂၄ စက်တင်ဘာ ၁၇၁၄ - ၁၁ မေ ၁၇၆၀) ၏ အမည်ရင်းမှာ '''ဦးအောင်ဇေယျ'''ဖြစ်သည်။ ထီးနန်းမစိုးစံခင် အချိန်က မုဆိုးဖိုရွာ၏ ရွာသူကြီးဖြစ်ပြီး ကုန်းဘောင်မင်းဆက်ကို ထူထောင်သောမင်း ဖြစ်သည်။
 
အလောင်းမင်းတရားသည် [[ရွှေဘိုမြို့]]မှအစပြုပြီး မြန်မာတနိုင်ငံလုံး သိမ်းပိုက်မင်းပြုခဲ့သည်။ ယခင်က [[ထိုင်းနိုင်ငံ|ယိုးဒယားနိုင်ငံ]] [[အယုဒ္ဓယ]]ကို အကြိမ်ကြိမ် ချီတက်သိမ်းယူခဲ့သော်လည်း နောက်ဆုံးအကြိမ်တွင်မူ မအောင်မြင်ဘဲ အပြန်ခရီးတွင် ကျောက်ရောဂါဖြင့်ဝမ်းရောဂါဖြင့် နက်ရွာစံကွယ်လွန်ခဲ့သည်။ အလောင်းမင်းတရားကြီး သားတော်ဆင်ဖြူရှင်မင်းတရား လက်ထက်တွင် တစ်ဖန် အယုဒ္ဓယမြို့ကြီးကို လုပ်ကြံ တိုက်ခိုက်ပြန်ရာ ဤအကြိမ်သည် အယုဒ္ဓယမြို့၏ ပျက်စီးခြင်းအကြောင်း နောက်ဆုံးအကြိမ်ပင် တည်း။ အယုဒ္ဓယမြို့ကြီးကို ဝိုင်းရံ တိုက်ခိုက်ရာ၌ မြန်မာတို့က ယိုဒယားမြို့အောက်သို့ ရောက်အောင် ဥမင်ကြီးများ ဖောက်၍ ထင်း၊ လောင်စာ အပြည့်သွင်း၍ မီးခိုးလျှံပြင်းလှသဖြင့် မြို့ရိုးပြိုသည်နှင့် မြန်မာရဲမက်များ ဝင်နိုင်သည်တွင် အယုဒ္ဓယမြို့ တစ်မြို့လုံးကိုရ၍ ယိုးဒယားမြို့သား မိန်းမ ယောကျာ်းတို့ကို သုံ့ပန်းအဖြစ် ဖမ်းယူသည်။ အိမ်ရာ ကျောင်း ကန် စရပ်၊ တန်ဆောင်းများကို အနှံ့အစပ် မီးတိုက်ရှို့သည်။ ဤတွင် ယိုးဒယားဘာသာ ရာဇဝင်စာပေ အမြောက်အမြား ပျက်စီး ဆုံးရှုံးသည်ဟု ဆိုသည်။ အယုဒ္ဓယမြို့မှာ မြို့ပျက်ကြီး အဖြစ်သို့ ရောက်သွား၍ နောက်ထပ်မြို့ကို မထူထောင်တော့ဘဲ ဗန်ကောက်မြို့သို့ ပြောင်း၍ မြို့နန်းထူထောင်လေတော့သည်။
 
အလောင်းမင်းတရားကွယ်လွန်ချိန်တွင် သားတော်ကြီး [[နောင်တော်ကြီးမင်း]]က ထီးနန်းအရိုက်အရာကို ဆက်ခံခဲ့သည်။ [[အင်းဝမြို့]] ၏ အနောက်-မြောက်ဘက် မိုင် ၅၀ ခန့်ကွာဝေးသော မုဆိုးဖိုရွာငယ်လေးတွင် ၂၄ စက်တင်ဘာ ၁၇၁၄ တွင် ဖွားမြင်ခဲ့ပါသည်။ သူ၏ ဘဝသည် ပထမ တွင် ရိုးရိုးသာမန်အရပ်သားဘဝမှ ဇာတိရွာ၏ အကြီးအကဲဖြစ်လာပြီး ၁၇၅၂ ခုနှစ် [[ပဲခူးမြို့|ပဲခူး]] နေပြည်တော်မှ[[မွန်လူမျိုး|မွန်]] များ [[ဗမာလူမျိုး|ဗမာ]]တို့ကို ချီတက်တိုက်ခိုက်သောအခါ သူ၏ ကျော်ကြားမှုကို အ မြင့်ဆုံးသို့ရောက်စေရန် အခွင့်အရေးပေးရာ ရောက်ခဲ့ပါသည်။ တစ်နိုင်ငံလုံး မွန်တို့ လက်အောက် ကျရောက်ပြီးနောက် ခေါင်းဆောင်များသည် သစ္စာတော်ခံ(သစ္စာရေသောက်) ခဲ့ကြသည်။ မည်သို့ပင် ဖြစ်စေ အလောင်းဘုရားသည် ပိုမို၍ လွတ်လပ်သော စိတ်ဓာတ်ဖြင့် သူ၏ရွာအား ပြန်လည် ရယူနိုင်ခဲ့ သည့်အပြင် စစ်ဆင်ရေးအတွက် ဖွဲ့စည်းစေလွှတ်လိုက်သော ဆိုးရွားသည့် ပဲခူးတပ်များအား အောင် မြင်စွာ တိုက်ထုတ်ချေမှုန်းခဲ့သည်။ဤအပေါ်တွင်မူတည်၍ ထောင်ပေါင်းများစွာသော ဗမာတို့ သည် သူ၏ အောင်လံတော်အောက်တွင် စုဝေးပြီး သူနှင့်အတူ အင်းဝသို့ ချီတက်ခဲ့ကြသည်။ ထိုနောက် အင်းဝအား ကျူးကျော်ဝင်ရောက်တိုက်ခိုက်သော လူများလက်မှ ၃ ဇန္နဝါရီ ၁၇၅၄ ခုနှစ် အချိန် တွင် ပြန်လည်ရယူခဲ့ခြင်း ဖြစ်သည်။ နှစ်ပေါင်းများစွာတိုင်အောင် သူသည် ထိုစစ်ပွဲအား တူညီသော အောင်မြင်မှုဖြင့် ဆက်လက်ဆောင်ရွက်ခဲ့သည်။