အရေးမကြီး Reverted 1 edit by 93.229.134.224 (talk) identified as vandalism to last revision by Ninjastrikers. (TW)
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ဥာ +ဉာ, -ဥ် +ဉ်, -ုွ +ွု, -ံွ +ွံ, -ှွ +ွှ, -ံု +ုံ, -စျ +ဈ, -သြ +...
စာကြောင်း ၇၀ -
ခရစ်သက္ကရာဇ် (၁၆၀၅)ခုတွင် မဟာဓမ္မရာဇာ ([[အနောက်ဖက်လွန်မင်း]]) အင်းဝထီးနန်းကို စိုးစံတော်မူသည်။ (၁၆၁၃)ခုတွင် [[သန်လျင်]]၌ နယ်ချဲ့ ခြေကုတ်ယူထားသော ပေါ်တူဂီ ခေါင်းဆောင် ဒီဗရစ်တိုကို အနိုင်တိုက်ယူပြီး ကွက်မျက်၍ ကျန် ပေါ်တူဂီလူမျိုးတို့နှင့် ၄င်းတို့၏ သားမယား အဆက်အနွယ် အပေါ်တူဂီ ခရစ်ယာန် လေးထောင်ကျော်ကို အင်းဝသို့ သုံ့ပန်းအဖြစ် ခေါ်ဆောင်သွားခဲ့သည်။
 
[[သာလွန်မင်း]]သည် (၁၆၃၅)ခု ၌ ဒတ်ချ်ကုန်သည်များ ဖြစ်သော ဒီရက်စ်တွိုင်းရဲ နှင့် ဗီဒယဲရတ်ဆိန် ပေါပတာ (Dirck Steur and Wiert Jansen Popta) တို့ကို ဆက်သွယ်ခဲ့သည်။ ၄င်း အချိန်မှာပင် ယိုးဒယားသို့ ချီတက် တိုက်ခိုက်ရာ၌ ဖမ်းဆီး ရမိခဲ့သည့် အင်္ဂလိပ်၊ ပြင်သစ်၊ ဒတ်ချ်တို့ကို မူလ ရှိရင်း ပေါ်တူဂီများနှင့်အတူ နေရာ ချထားခဲ့သည်။ နိုင်ငံခြား စစ်အကျဉ်းသားများသည် လူဦးရေတိုးပွားလာပြီး အင်အားကောင်းလာရာ စိုးရိမ်တော်မူသဖြင့် စစ်မှုထမ်းဖို့ တစ်ချို့ကို ချန်ထားပြီး ကျန်ရှိသူများကို [[ချင်းတွင်းမြစ်]] အရှေ့ဖက်ကမ်းရှိ ပရိမ္မရွာသို့ ပို့ခဲ့သည်။ ယင်းနောက် ချင်းတွင်းမြစ်နှင့် [[မူးမြစ်]]ကြား တဝိုက်ရှိ ရွာများ၌ အစုခွဲ၍ မိမိတို့ ဘာသာကို လွတ်လပ်စွာ ကိုးကွယ်ပြီး အခြေချ နေထိုင်ခဲ့စေခဲ့သည်။ ထိုအချိန်မှစ၍ "ဘုရင်ရဲ့ မိတ်ဆွေ" ဟု အဓိပ္ပာယ်ရသော ဘုရင်ဂျီရွာများ ပေါ်ပေါက်လာခဲ့သည်။ လစ္စဘွန်းမြို့ (၁၆၉၅) မှ ဘုန်းတော်ကြီး သြဂုတ်စတင်းဩဂုတ်စတင်း ဒေဂျေဇူး (Fr.Augustin De Jesu) ရေးခဲ့သော မှတ်တမ်းတွင် (၁၆၃၅) ခုနှစ် သူ အင်းဝ ရောက်စဉ်က သံလျင်မှ ဖမ်းလာသော ကက်သလစ် ခရစ်ယာန် (၄၀ဝ၀) ကျော်ကို အင်းဝ၌ တွေ့ရှိခဲ့ကြောင်း ဖော်ပြထားသည်။
 
အေဒီ-၁၇၁၉ ခုနှစ် ပုပ် ရဟန်းမင်းကြီး ဧကဒသမမြောက်ကလဲမင်းကနေ တရုတ်ပြည် ကန်တုံမြို့ကို Rev. Msgr. Carlo Ambrogio Mezzabarba ဦးဆောင်တဲ့ ဘာသာရေးသံတမန်အဖွဲ့ တစ်ဖွဲ့ စေလွှတ်ခဲ့သည်။ ထိုအဖွဲ့သည် [[ကပ္ပလီပင်လယ်]]ကို ဖြတ်ပြီး အပြန်ခရီး ဆက်ခဲ့ကြစဉ် မြန်မာပြည်ကို ဖြတ်သွားခိုက် ပဲခူးမြို့တော်နှင့် အင်းဝနေပြည်တော်တွင် ဘုရင်ဂျီဘာသာဝင်များရှိနေခြင်းသည် နှစ်ပေါင်း(၁၅၀)ကျော် ကြာပြီ ဖြစ်ကြောင်း၊ သာသနာပြုပုဂ္ဂိုလ်များလည်း လိုအပ်နေကြောင်း သိရှိရသောကြောင့် သူတို့၏ အဖွဲ့ထဲမှ ဘာနာဘိုက် ဂိုဏ်းဝင်ဘုန်းတော်ကြီး Sigismondo Maria Calchi ကို ထားရစ်ခဲ့ပြီး၊ ပထမဦးဆုံး မြန်မာပြည် ကက်သလစ် သာသနာ ဦးစီးမှူး တာဝန်ခံအဖြစ် ခန့်အပ်ခဲ့သည်။ (၁၇၂၈) ခုတွင် ဖါသာရ်ပီအိုဂါလီဇီးယား မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့သည်။ တနင်္ဂနွေမင်းက သန်လျင်တွင် ဘာသာရေး သင်ကြားခွင့် ဟောပြောခွင့် ဘုရားကျောင်းဆောက်ခွင့်များ ပေးခဲ့သည်။ ၁၇၄၃ ခုတွင် မွန်ဘုရင် သမိန်ထောက ဖါသာရ် ဂါလီဇီယားအား ဘာသာရေး သင်ကြားခွင့် ဟောပြောခွင့်၊ ဘုရားကျောင်း ဆောက်ခွင့်များ ပေးသည်။ ပဲခူးတွင် သာသနာပြုများအတွက် နေအိမ်ဆောက်လုပ်ရန်နှင့် ဘုရားကျောင်းဆောက်ရန် ဘုရင်က မြေနေရာ ပေးခဲ့သည်။
စာကြောင်း ၇၈ -
[[ဗုဒ္ဓဘာသာ]]နှင့်တကွ မြန်မာစာပေ၊ ယဉ်ကျေးမှု ဓလေ့ထုံးစံ စသည်များကို လေ့လာခဲ့ကြပြီး မြန်မာနိုင်ငံသားများနှင့် တစ်သားတည်း နေထိုင်ခဲ့ကြသည်။ အေဒီ-၁၇၅၀ ခုနှစ် သံလျင်တွင် ဘုရားကျောင်း တည်ဆောက်ခဲ့သည်။ ပဲခူးနှင့် အင်းဝ ဆင်နွှဲသည့် စစ်ပွဲတစ်ခုတွင် ပျက်စီးသွားပြီး တံတိုင်း၊ နံရံနှင့် အုတ်ရိုးများမှာ ယခုထိတိုင် ရှိနေသေးသည်။ အထောက်အထားပြနိုင်သည့် ရှေးအကျဆုံး ဘုရားကျောင်းဟု ဆိုနိုင်သည်။
 
သက္ကရာဇ် ၁၁၁၇၊ (အေဒီ-၁၇၅၆ )ခုနှစ်တွင် မွန်များကို ကူညီဖို့ သံလျင်သို့ ရောက်ရှိလာသော ပြင်သစ် စစ်သင်္ဘော နှစ်စီးကို [[အလောင်းဘုရား]]က အနိုင်ရလိုက်ပြီး ပြင်သစ် စစ်သုံ့ပန်းများအား ဘုရင်ဂျီရွာများသို့ ပို့လိုက်ကြောင်း ကက်သလစ်ရာဇဝင်နှင့် ကျောင်းသုံး မြန်မာရာဇဝင်တို့တွင် တွေ့ရှိရသည်။ [[ဆင်ဖြူရှင်မင်း]]လက်ထက် (၁၇၆၈) ခုတွင် ဖြစ်ပွားသော [[တရုတ် - မြန်မာ စစ်ပွဲများ|တရုတ်မြန်မာစစ်]]တွင် ဘုရင်ဂျီ (ခရစ်ယာန်)များ စစ်မှုထမ်းကြရသည်။ ပြင်သစ်လူမျိုး ချီဗားလီယားမီးလပ် ဦးဆောင်သော ဘုရင်ဂျီတပ်သားများသည် ရဲဝံ့ ကျွမ်းကျင်သူများဖြစ်၍ တရုတ်မြန်မာစစ်ပွဲတွင် မြန်မာတို့က အောင်ပွဲ ခံရသည်။ ဖါသာရ်ပဲရ်ကော်တိုသည် ဘုရင်ဂျီ စစ်သားများကို လိုက်လံ စောင့်ရှောက်ရသည်။ ချီဗားလီးယားမီးလပ်သည်လည်း နန်းတော်တွင် သြဇာရှိသူဩဇာရှိသူ တစ်ဦးဖြစ်လာပြီး ဆရာတော် ပဲရ်ကော်တိုသည်လည်း ဘုရင်၏ ဦးစားပေးခြင်း ခံရသည်။ (၁၇၆၉)ခု နိုဝင်ဘာလ (၃)ရက် နေ့စွဲနှင့် ဆရာတော်ပဲရ်ကော်တိုရေးသော စာတွင် တရုတ်မြန်မာစစ်ပွဲ တရုတ်တို့ကို အနိုင်ရပြီးနောက် ကျွန်ုပ်သည် အင်းဝ၊ နဘက်၊ ရွှေဘိုသို့ ပြန်လာခဲ့သည်။ ထူးထူးခြားခြား မှတ်တမ်းတင်ရမည်မှာ မြန်မာအက္ခရာ ခဲစာလုံးကို စမ်းသပ် တီထွင်ပြီး အေဒီ-၁၇၇၆ Pope PiusVI လက်ထက် ရောမားမြို့မှာ ပထမဆုံး အောင်မြင်စွာ ပုံနှိပ်နိုင်ခဲ့ခြင်းဖြစ်သည်။ ဆရာတော် Percoto သည် ပိဋိကတ် (၃) ပုံမှ တချို့ကို [[အီတလီဘာသာ]]သို့ ဘာသာပြန်ဆိုနိုင်ခဲ့သည်။ အေဒီ-၁၇၇၀ ခုနှစ် မုံလှရွာတွင် ပထမဆုံး ရဟန်းဖြစ် သင်တန်းကျောင်းကို ဖွင့်လှစ်ခဲ့ပြီး ၁၇၉၃ ခုနှစ်တွင် မြန်မာ တိုင်းရင်းသားများထဲမှ ပထမဦးဆုံး ရဟန်းတော် (၃) ပါးကို မွေးထုတ် ပေးနိုင်ခဲ့သည်။ ထိုသူတို့မှာ ချမ်းသာရွာ ဇာတိ Fr. Joseph မောင်မောင်ကြီး၊ ချောင်းရိုးသား Fr. Andrew မောင်ကိုး နဲ့ ရန်ကုန်မှ Fr. Ignatius di Britto တို့ဖြစ်ကြသည်။
 
အေဒီ-၁၇၈၉ နောက်ပိုင်း ပြင်သစ်တော်လှန်ရေးကြီး ပေါ်ပေါက်လာပြီး ဘာနာဘိုက် အသင်းဂိုဏ်းကြီးမှာလည်း လူအင်အား နည်းပါးသွားခြင်းကြောင့် မြန်မာပြည် သာသနာကို ဆက်လက်၍ တာဝန်မယူနိုင်ကြတော့ပေ။ ဘာနာဘိုက် အသင်းဂိုဏ်းအနေဖြင့် မြန်မာနိုင်ငံကို အေဒီ-၁၇၂၂ မှ ၁၈၃၀ ထိ (၁၀၈) နှစ် တာဝန်ယူခဲ့ကြသည်။ လူဦးရေအားဖြင့် ဆရာတော် တင်မြှောက်ခံရသူ (၆) ပါး၊ ဘုန်းတော်ကြီး (၂၇) ပါး၊ ထိုအထဲမှ (၄) ပါးသည် လမ်းခရီးတွင် မုန်တိုင်းမိပြီး သင်္ဘောပျက်ကာ ပျံလွန်တော်မူခဲ့ကြသည်။ ကိုရင်ကြီး (၂) ပါးနှင့် တိုင်းရင်းသား ရဟန်းတော် (၂) ပါးတို့ကလည်း သူတို့ အသင်းဂိုဏ်းမှာ သစ္စာခံယူခဲ့တဲ့အတွက် စုစုပေါင်း (၃၁) ပါး ဖြစ်သည်။