ခိုတောင်မုန့်တီ: တည်းဖြတ်မှု မူကွဲများ

No edit summary
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ဥာ +ဉာ, -ဥ် +ဉ်, -ုွ +ွု, -ံွ +ွံ, -ှွ +ွှ, -ံု +ုံ, -စျ +ဈ, -သြ +...
စာကြောင်း ၄ -
ဟိုအရင်ခေတ်တွေတုန်းကတော့ ခုလိုမန္တလေးမြို့ပေါ်မှာ မုန့်တီစက်တွေမပေါ်သေး။ ခိုတောင်မုန့်တီသည်တွေက ကိုယ်ရောင်းမည့် မုန့်တီဖတ်ကို ကိုယ်တိုင်ညှစ်ရသည်ဟု (၁၈)နှစ်အရွယ်ကတည်းက မုန့်တီရောင်းခဲ့သည့် အသက်(၆၅)နှစ်အရွယ် ခိုတောင်ရွာသူ ဒေါ်သန်းစိန်ကပြောသည်။ နံနက်စောစော ၃ နာရီလောက်ဆို ခိုတောင်တစ်ရွာလုံးက မုန့်တီသည်တွေ အိပ်ရာထကြရပြီ။ မိသားစုဝင်သုံးဦးခန့်ဖြင့် မုန့်တီဖတ်ညှစ်ရသည်။ မုန့်တီဖတ်ညှစ်ပြီး တစ်နေကုန် မုန့်သွားရောင်းရမည်မို့ မနက်စောစောပေမယ့် ခေါင်းလျှော်ရေချိုးရသည်။ နေပူဒဏ်ခံနိုင်စေရန် သနပ်ခါးဘဲကြားလူးရသည်။ အသင့်ပြင်ဆင်ပြီးတော့ ခိုတောင်မြစ်ဆိပ်မှာ မုန့်တီသည်တွေစုံကြပြီ။ မန္တလေးမြို့ပေါ်ကို ငှက်လှေတွေနဲ့ကူးကြပြီ။ မုန့်တီသည်တွေက အများကြီးဆိုတော့ ငှက်လှေလေးငါးစီးဖြင့်ကူးရသည်။ လှေပေါ်ရောက်မှ အိမ်မှာအချိန်မရလို့ မစားဘဲထည့်ခဲ့ရသည့် ထမင်းကို ရေဖလားထဲထည့်ကာ ငှက်လှေပေါ်တွင်ပင် စားကြရသည်။
 
ဂေါ၀ိန်ဆိပ်ရောက်တော့ဂေါဝိန်ဆိပ်ရောက်တော့ ကိုယ့်ဖောက်သည်တွေရှိရာ ရပ်ကွက်တွေဆီ အသီးသီးလမ်းခွဲထွက်ကြသည်။ တချို့ကျတော့လည်း နှစ်ယောက်တစ်တွဲသွားရောင်းကြသည်။ ဆေးလိပ်ခုံတွေ၊ ဖိနပ်ရုံတွေ၊ စျေးချိုတော်၊ဈေးချိုတော်၊ တရုတ်တန်းစျေးတရုတ်တန်းဈေး အစရှိသည့်နေရာများဆီသို့ဖြစ်သည်။
 
အတူတူသွားလို့လည်း ရောင်းရတာမျှတယ်။ နောက်ပြီး မနာလိုတယ်ပြုတယ်လည်း မရှိကြဘူး။ ဒီဘက်အသည်မှာ ငရုတ်သီးကုန်သွားရင် နောက်အသည်က ရော့ ငါ့ထဲကလာယူ၊ သူ့ရှိပေးကိုယ်ယူ၊ ကိုယ့်ရှိပေးသူယူနဲ့ အဲဒီလိုရောင်းခဲ့ကြတယ်”ဟု ခိုတောင်မုန့်တီသည် ဒေါ်ညိုတင်ကပြောသည်။ ခိုတောင်မုန့်တီသည်တွေက သိပ်အော်ရောင်းစရာမလို။ ရောင်းနေကျအိမ်ရှေ့ မုန့်တီတောင်းချရောင်းလိုက်ရုံသာ။ ခိုတောင်မုန့်တီသည်တွေက ခိုတောင်ရွာထွက် ခုံဖိနပ်စီးကြတာဆိုတော့ ခုံဖိနပ်သံတဖြောင်းဖြောင်းသံကြားရပြီဆိုလျှင် ခိုတောင်မုန့်တီစားဖို့သာပြင်။