ဗော်လ်တဲယား: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး Bot: Migrating 111 interwiki links, now provided by Wikidata on d:q9068 (translate me)
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ဥာ +ဉာ, -ဥ် +ဉ်, -ုွ +ွု, -ံွ +ွံ, -ှွ +ွှ, -ံု +ုံ, -စျ +ဈ, -သြ +...
စာကြောင်း ၇ -
စာပေပညာရပ်တွင် စကားလုံးကြွယ်၀သည့် ဗော်လ်တဲ့ယားသည် ငွေကြေးပိုင်းတွင်လည်း ချမ်းသာသူဖြစ်လာခဲ့သည်။ သို့သော် ၁၇၂၆တွင် ကြီးမားသည့် ပြဿနာနှင့် တွေ့ရတော့သည်။ အကြောင်းမှာ ထိုခေတ်က သူကောင်းမျိုးများနှင့် ဆက်ဆံလျှင် ရိုရိုသေသေဆက်ဆံရသည်မှာ ထုံးစံဖြစ်သည်ကို လှစ်လျှုရှုပြီး သူကောင်းမျိုးတစ်ဦးဖြစ်သည့် '''ရှာဗလျာ ဒေရိုဟန်''' ဆိုသူနှင့် စကားရည်လုခဲ့ခြင်းမှစသည်။ စကားရည်လုပွဲတွင် ဗော်လ်တဲယားနိုင်သော်လည်း ရှာဗလျာ၏ လက်ပါးစေတို့၏ ရိုက်နှက်နှိပ်စက်ခံရပြီး ဗာစတီးထောင်အတွင်းသို့ နောက်တစ်ကြိမ် အလည်သွားရပြန်သည်။ ထိုနောက် ပြင်သစ်တွင် မနေတော့ပါ ဟူသောခံဝန်ချက်ဖြင့် ထောင်မှလွတ်ပြီးနောက် အင်္ဂလန်တွင် နှစ်နှစ်ခွဲမျှ သွားရောက်နေထိုင်ခဲ့ရသည်။
 
အင်္ဂလန်တွင်နေထိုင်ခဲ့ချိန်များသည် ဗော်လ်တဲယားအတွက် အဖိုးတန် အတွေ့အကြုံများကို ရရှိစေခဲ့သည်။ အင်္ဂလိပ်စာပေနှင့် စကားကို သင်ကြားခွင့်ရခဲ့သည်။ နာမည်ကျော်များဖြစ်သည့် [[ရှိတ်စပီးယား]] ၊ [[အိုက်ဆက် နယူတန်]]၊ [[ဂျွန်လော့ခ်ဇွန်လော့ခ်]]၊ [[ဖရန်စစ် ဘေကွန်]] အစရှိသူတို့၏ စာပေလက်ရာနှင့် အတွေးအခေါ်များကို လေ့လာခွင့်ရခဲ့သလို အခြားခေတ်ပြိုင် အင်္ဂလိပ်ပညာရှင်များနှင့် ဆွေးနွေးခွင့်ကိုလည်း ရခဲ့သည်။ ထို့ပြင် အဓိကအချက်မှာ ပြင်သစ်နှင့် မတူသည့် အင်္ဂလန်၏ [[ဒီမိုကရေစီ]] အုပ်ချုပ်ရေးကို ပါမြည်းစမ်းခွင့်ရခဲ့ခြင်းဖြစ်သည်။ မိမိပြင်သစ်တွင် ခံစားခဲ့ရသကဲ့သို့ အပြစ်တစ်စုံတစ်ရာ ပြသခြင်းမရှိပဲ သူကောင်းမျိုးနွယ်ဝင် တစ်ဦး၏ လက်မှတ်ဖြင့် ဖမ်းချုပ်နှိပ်စက်ခြင်းမှာ အင်္ဂလန်တွင် လက်မခံနိုင်သည့် အကြောင်းကိုပါ သိမြင်သွားခဲ့သည်။
 
ပြင်သစ်ပြန်ရောက်လျှင် အကြီးကျယ်ဆုံး၊ အကျော်ကြားဆုံးသော လက်ရာဖြစ်သည့် '''ဒဿနိကစာတမ်းများ''' အမည်ရကျမ်းကို ရေးသားဖြနေ့်၀သည်။ '''အင်္ဂလိပ်တို့အကြောင်း'''ဟု အလွယ်ခေါ်သည့် ထိုကျမ်းမှာ အစစနောက်ကျနေခဲ့သည့် ပြင်သစ်တို့အတွက် ဉာဏ်အလင်းဖွင့်သည့် လက်ဦးကျမ်းပင်ဖြစ်တော့သည်။ ထိုကျမ်းတွင် အင်္ဂလိပ်တို့၏ နေထိုင်မှုပုံစံ၊ တွေးခေါ်ပုံ၊ အုပ်ချုပ်ရေးစနစ် အစရှိသည့် အကြောင်းများကို စေ့စေ့ငှငှ ရေးသားချီးမွမ်းထားခြင်းဖြစ်ပြီး ပြင်သစ်အာဏာပိုင်များ၏ ဒေါသကို ကောင်းစွာမီးထိုးနှိုးဆွပေးနိုင်သဖြင့် ဗော်လ်တဲယား တစ်ယောက် ပါရီမှ ပြေးရပြန်သည်။