ဘီသိုဗင်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ဥာ +ဉာ, -ဥ် +ဉ်, -ုွ +ွု, -ံွ +ွံ, -ှွ +ွှ, -ံု +ုံ, -စျ +ဈ, -သြ +...
စာကြောင်း ၂၅ -
နိုင်ခဲ့လေသည်။
 
ဘီသိုဗင်တို့မိသားစု၏ အခြေအနေမှာ စိတ်ပျက်ဖွယ်ရာ ဖြစ်သည်။ ဘခင်ကလည်း အိမ်ထောင်၏ တာဝန်ကို မယူလိုဘဲ ပေါ့ပေါ့နေသဖြင့် အိမ်သားများမှာ ဆင်းရဲကျပ်တည်းပြီးလျှင်၊ ကျန်းမာရေးလည်း ချို့တည့်ကြသည်။ ဘီသိုဗင်သည် မသာယာသော အိမ်ထောင်စုကို ကျောထောက် နောက်ခံပြုကာ၊ သူ၏ ဂီတပညာကို တိုးသည်ထက်တိုးအောင် ကြိုးစားခဲ့သည်။ ၁ရ နှစ်သားအရွယ် ၁၇၈၇ ခုနှစ်တွင် ထိုစဉ်က ဂီတမြို့တော်ဖြစ်သော သြစတြေးယားနိုင်ငံဩစတြေးယားနိုင်ငံ ဗီယင်းနားမြို့သို့ သွားရောက်၍ ဂီတပညာရှင်ကြီး တစ်ဦးဖြစ်သော မိုးဇာတ်၏ရှေ့တွင် မိမိ၏စွမ်းရည်ကို ပြသခဲ့သည်။ ထိုအခါ မိုးဇတ်က ဘီသိုဗင်သည် ကမ္ဘာ၌ သူ့ဂီတသံ လွှမ်းအောင် ပြုနိုင်မည့် သူဟူ၍ နိမိတ်ဖတ်လိုက်လေသည်။
 
ဗီယင်းနားမှ ပြန်ရောက်ပြီးနောက် မိခင်ဖြစ်သူကွယ်လွန်ရာ၊ အမူးသမား ဘခင်နှင့် ညီအစ်ကို မောင်နှမ တို့၏ တာဝန်ကို ဘီသိုဗင်က လုံးဝတာဝန်ယူ ဆောင်ရသည်။ သို့ဖြင်လင့်ကစား အိမ်သားများသည် သူ့အား စိတ်ချမ်းသာမှု မပေးဘဲ နားပူနားဆာ ပြုတတ်ကြလေသည်။ ယင်းသို့သော အခြေအနေ
ကြားထဲမှပင် ဘီသိုဗင်၏ ဂီတစွမ်းရည်သည် တိုးတက်လာခဲ့သည်။ ဗွန်းမြို့ရှိ သြဇာတိက္ကမရှိသောဩဇာတိက္ကမရှိသော လူကြီးလူကောင်းများက သူ၏ ဂီတစွမ်းရည်ကို အကြောင်းပြုပြီးလျှင် ဘီသိုဗင်အား ခင်မင်စေတနာ ထားကြသဖြင့် ဗီယင်းနားမြို့တွင် ဂီတ ဝိဇ္ဇာကြီးတစ်ဦးဖြစ်သူ ဂျိုးဇက်ဟိုင်းဒင်ထံတွင် ဂီတပညာ ဆက်
လက်ဆည်းပူးနိုင်အောင် စီစဉ်ပေးကြသည်။ ဗီယင်းနားတွင် ဂီတပညာ ဆည်းပူးခဲ့ပြီးနောက်တွင် ဘီသိုဗင်သည် ထိပ်တန်း ဂီတစာဆို တစ်ဦး အဖြစ်သို့ရောက်ရှိ ခဲ့လေသည်။