အင်တာနက်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ဥာ +ဉာ, -ဥ် +ဉ်, -ုွ +ွု, -ံွ +ွံ, -ှွ +ွှ, -ံု +ုံ, -စျ +ဈ, -သြ +...
စာကြောင်း ၁၆၂ -
 
အင်တာနက် စတင်ပေါ်ပေါက်သည့် အချိန်မှစ၍ ၎င်းသည် အပန်းဖြေလှုပ်ရှားမှုအတွက် အဓိကကဏ္ဍ ဖြစ်လာခဲ့သည်။ တက္ကသိုလ်ရှိ ဆာဗာများပေါ်တွင် MUDs နှင့် MOOs များကဲ့သို့ လူမှုရေး စမ်းသပ်ချက်များကို ဖျော်ဖြေတင်ဆက်ခဲ့ပြီး၊ ဟာသနှင့် ဆိုင်သော Usenet အုပ်စုများသည် ဝင်ရောက်ကြည့်ရှုသူ အလွန်များပြားခဲ့သည်။ ယနေ့တွင်၊ များပြားစွာသော အင်တာနက် ဆွေးနွေပွဲ ဖိုရမ်များ တွင် ကစားနည်းများနှင့် ဟာသဗီဒီယိုများသီးသန့် ခွဲခြားထားသော အခန်း ကဏ္ဍများပါဝင်သည်။ Flash movies ပုံစံဖြင့် ကာတွန်းကား အတိုလေးများမှာလည်း ရေပန်းစားသည်။ သုံးစွဲသူ ၆ သန်းကျော်မှာ ဘလော့ဂ်များနှင့် သတင်းကြော်ငြာဘုတ်များကို ဆက်သွယ်ရေးနှင့် စိတ်ကူးစိတ်သန်းများကို ဖလှယ်ရေး အတွက် အသုံးပြုကြသည်။ ညစ်ညမ်းသော စာပေဓါတ်ပုံများနှင့် လောင်းကစား လုပ်ငန်းများမှာလည်း World Wide Web အပေါ်တွင် အခွင့်အရေးယူခဲ့ပြီး၊ အခြားသော ဝက်(ဘ်)ဆိုဒ်များအတွက် ကြော်ငြာခြင်းမှ ရရှိသောဝင်ငွေ၏ အရေးပါသောအရင်းအမြစ် တစ်ခုအဖြစ် ပံ့ပိုးပေးသည်။ [ကိုးကားရန်လိုအပ်သည်] အစိုးရ အများအပြားသည် ထိုလုပ်ငန်းနှစ်မျိုး၏ အင်တာနက် အသုံးပြုမှုကို ကန့်သတ်ရန် ကြိုးစားအားထုတ်ခဲ့သော်လည်း၊ ယင်းတို့၏ ပျံ့နှံ့ ရေပန်းစားမှုကို တားဆီးရာတွင် ယေဘုယျအားဖြင့် အောင်မြင်မှု မရှိခဲ့ပါချေ။
အင်တာနက်ပေါ်တွင် အပန်းဖြေလှုပ်ရှားမှု၏ အဓိကနယ်ပယ်တစ်ခုမှာ ကစားသူများစွာပါ၀င်သောကစားသူများစွာပါဝင်သော ကစားနည်း (multiplayer gaming) ဖြစ်သည်။ ဤသို့ အပန်းဖြေသည့် ပုံစံမှာ တစ်ယောက်ထက်ပို၍ ကစားနိုင်သော ကစားနည်း၏ အမြန်ဆုံးနှုန်းကမ္ဘာကို နှစ်ခြိုက်ကြသော အသက်အရွယ်မရွေး၊ လူမျိုးမရွေးတို့ပါဝင်သည့် လူ့အဖွဲ့အစည်းများကို ဖန်တီးပေးသည်။ ယင်းတို့မှာ MMORPG မှသည် မိမိမြင်ကွင်းမှ ပစ်ခတ်ကစားရခြင်း (first-person shooters) အထိ၊ ကိုယ်တိုင်ပါဝင်ကစားရသော ကစားနည်းများ (role-playing games) မှ အွန်လိုင်းကစားနည်းများ အထိ အမျိုးအစား ကွဲပြားသည်။ အင်တာနက်ပေါ်တွင် ၎င်းတို့၏ အားလပ်ချိန်များကို အသုံးပြုရာ၌ လူအပေါင်းတို့ တစ်ဦးနှင့် တစ်ဦး အပြန်အလှန် ဆက်သွယ်သည့်နည်းလမ်းကို တော်လှန်ခြင်း ဖြစ်သည်။ ၁၉၇၀ ပြည့်လွန်နှစ်များ ဝန်းကျင်ကတည်းကပင် အွန်လိုင်းကစားနည်းများ ရှိခဲ့စဉ် [ကိုးကားရန်လိုအပ်သည်] ခေတ်သစ် အွန်လိုင်း ကစားနည်းပုံစံများမှာ GameSpy နှင့်Mplayer ကဲ့သို့ အသင်းဝင်ခြင်း ဝန်ဆောင်မှုများနှင့် စတင်ခဲ့သည်။ အသင်းဝင် မဟုတ်သူများမှာ အချို့သော ကစားနည်းပုံစံများ သို့မဟုတ် ကစားနည်းများသို့ ကန့်သတ်ထားသည်။ လူအများအပြားသည် တေးဂီတ၊ ရုပ်ရှင်နှင့် အခြားသော နှစ်သက်ရာနှင့် စိတ်အပန်းဖြေရာ အလုပ်များကို ဝင်ရောက်အသုံးပြုရန်နှင့် ဒေါင်းလုဒ်ဆွဲချရန် အင်တာနက်ကို သုံးသည်။ ဤသို့သော လုပ်ဆောင်မှုများ အားလုံးအတွက် ဗဟိုမှထိမ်းချုပ်သော ဆာဗာများကို အသုံးပြုပြီး ဂုဏ်ရည်တူ နည်းပညာများကို ဖြန့်ဝေပေးသည်။ ယင်းအရင်းအမြစ် အချို့တို့သည် အခြားအရာများအနက် မူရင်းအနုပညာရှင်များ၏ မူပိုင်ခွင့်ကို လေးစားခြင်းဖြင့် ပိုမို ဂရုစိုက် လုပ်ဆောင်ကြသည်။
 
သတင်းများ၊ ရာသီဥတုနှင့် အားကစား အစီရင်ခံချက်များအား ဝင်ရောက်ကြည့်ရှုရန်၊ အားလပ်ရက်အပန်းဖြေခရီး စီစဉ်ခြင်းနှင့် လက်မှတ်ကြိုတင်ဝယ်ခြင်း၊ ၎င်းတို့ စိတ်ဝင်စားစရာများ ပိုမိုရှာဖွေခြင်းတို့အတွက် World Wide Web ကို လူအများက ရရှိသုံးစွဲကြသည်။ ကမ္ဘာအနှံ့ရှိ မိတ်ဆွေအပေါင်းအသင်းများနှင့် အဆက်အသွယ်မပြတ် ရှိစေရန်အတွက် စကားပြောခြင်း၊ သတင်းပို့ခြင်းနှင့် အီးမေး(လ်)ပို့ခြင်းတို့ကို လူအများ အသုံးပြုကြပါသည်။ အချို့တို့မှာ ယခင်က စာရေးမိတ်ဆွေများ ထားသကဲ့သို့ နည်းလမ်းတူသည်။ အသုံးပြုသူများသည် ယင်းတို့၏ ဖိုင်များနှင့် ဆက်တင်များကို အင်တာနက်မှတဆင့် ဆက်သွယ်ရရှိနိုင်သော ဝက်(ဘ်)ဒက်(စ်)တော့(ပ်) အရေအတွက်များ တိုးပွားလာသည်ကို အင်တာနက်က တွေ့ကြုံရသည်။