အိုလက်ဂ် ဒါရီပါစကာ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး Bot: Migrating 23 interwiki links, now provided by Wikidata on d:q315514 (translate me)
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ဥာ +ဉာ, -ဥ် +ဉ်, -ုွ +ွု, -ံွ +ွံ, -ှွ +ွှ, -ံု +ုံ, -စျ +ဈ, -သြ +...
စာကြောင်း ၃၇ -
၂၀၀၄ ခုနှစ်တွင် ဒါရီပါစကာ သည် အာရှ-ပစိဖိတ်စီးပွားပူးပေါင်းရေးအကြံပေးကောင်စီ (ABAC) တွင် ဥက္ကဌ လုပ်ရန် ခန့်အပ်ခြင်းခံရသည်။သူသည် ထိုရာထူးကို ၂၀၀၇ ခုနှစ်ကတည်းက ဆောင်ရွက်ခဲ့သည်။ဒါရီပါစကာ သည် ရုရှားပြည်ထောင်စု၏စက်မှုလုပ်ငန်းရှင်နှင့်စွန့်ဦးတီထွင်သူအဖွဲ့၏ ဒုတိယဥက္ကဌ၊ ရုရှား အပြည်ပြည်ဆိုင်ရာကုန်သည်ကြီးများအသင်း အမှုဆောင်ဘုတ်အဖွဲ့၏ဥက္ကဌနှင့် ယှဉ်ပြိုင်မှုနှင့် စွန့်ဦးတီထွင်မှု ကောင်စီအပြင် ရုရှားအစိုးရ၏ကိုယ်စားလှယ်လုပ်ငန်းများတွင် အသင်းဝင်တစ်ဦး ဖြစ်သည်။သူသည် Bolshoi ပြဇာတ်ရုံ၏အယုံကြည်ခံ၊ စီးပွားရေးစီမံခန့်ခွဲမှုကျောင်း၊ ပြည်သူစီမံခန့်ခွဲရေးကျောင်း၊ မော်စကို တက္ကသိုလ်ရှိ စီးပွားရေးကျောင်းနှင့် St. Petersburg တက္ကသိုလ်ရှိ စီးပွားရေးစီမံခန့်ခွဲမှု ကျောင်းတို့တွင် ဘုတ်အဖွဲ့ဝင်ဖြစ်သည်။ဒါရီပါစကာ သည် အမျိုးသားသိပ္ပံထောက်ပံ့ရေးဖောင်ဒေးရှင်းနှင့် အမျိုးသားဆေးရန်ပုံငွေအဖွဲ့တို့၏ တွဲဖက် တည်ထောင်သူဖြစ်သည်။၁၉၉၉ ခုနှစ်တွင် ဒါရီပါစကာ သည် ရုရှားပြည်ထောင်စုအဖွဲ့ချုပ်မှ ချီးမြှင့်သော Order of Friendship ဆုကို ရရှိခဲ့သည်။
 
The Wall Street ဂျာနယ်နှင့် The Financial Timesသတင်းစာတို့နှင့် တွဲဖက်ထုတ်ဝေသော နေ့စဉ်ထုတ်သတင်းစာ Vedomosti မှ ပေးအပ်သည့် နှစ်တစ်နှစ် အတွက် အကောင်းဆုံးစီးပွားရေး သမားဆုကို ၁၉၉၉၊ ၂၀၀၆ နှင့် ၂၀၀၇ ခုနှစ်အတွက် ရရှိခဲ့သည်။ဒါရီပါစကာ သည် G8 ခေါင်းဆောင်များဆီသို့ တင်ပြရန် အပြည်ပြည်ဆိုင်ရာ စီးပွားရေးအသိုင်းအဝိုင်း များမှ ကမ္ဘာကြီးပူနွေးလာမှုကို အရေးယူရန် အဆိုပြုချက်များကို အနှစ်ချုပ်ဖော်ပြထားသည့် CEO Climate Policy Recommendation မူကြမ်းကိုရေးခဲ့သော နိုင်ငံတကာစီးပွားရေးခေါင်းဆောင် ၁၆ ယောက်ထဲမှ တစ်ယောက် အပါအဝင်ဖြစ်သည်။ထိုအဆိုပြုချက်သည် တစ်ကမ္ဘာလုံးရှိ အောင်မြင်နေသည့်လုပ်ငန်းပေါင်း ၁၀၀ ထက်မနည်း သဘောတူ လက်မှတ်ထိုးထားကြပြီး ၂၀၀၈ ခုနှစ် ဂျွန်လဇွန်လ ၂၀ ရက်နေ့တွင် ဂျပန်ဝန်ကြီးချုပ် Yasuo Fukuda ဆီသို့ ပေးအပ်ခဲ့သည်။G8 ခေါင်းဆောင်များသည် ထိုအဆိုပြုထောက်ခံချက်များကို ၂၀၀၈ ဂျူလိုင်ဇူလိုင် ရ ရက်မှ ၉ ရက်နေ့ထိ ထိပ်သီးညီလာခံတွင် ဆွေးနွေးခဲ့ကြသည်။ထိုဖြစ်စဉ်သည် ကမ္ဘာ့စီးပွားရေးဟစ်တိုင်နှင့် ကမ္ဘာ့စီးပွာေးရးကောင်စီတို့ ပူးပေါင်းလိုက်ကာ တိုးတက်မှု ကို ထိန်းသိမ်းနိုင်ရန် ဆွေးနွေးညှိနှိုင်းနိုင်ခဲ့သည်။
 
== အတ္ထုပတ္တိ ==
စာကြောင်း ၄၆ -
၂၀၀၅ ခုနှစ်တွင် သူသည် Sunday Times သတင်းစာ၏ လူချမ်းသာစာရင်းတွင် ကြွယ်ဝမှုခန့်မှန်းခြေ ၄၃၇၅ ပေါင်ဖြင့် စာရင်းဝင်ခဲ့ပြီး ၂၀၀၆ တွင်တော့ မပါပြန်ပေ၊ သို့သော် ၂၀၀၆ ဩဂုတ်လထုတ် New York Times သတင်းအရ ရုရှားစီးပွားရေးသတင်းစာ Vedomosti က ဒါရီပါစကာ ၏စုစုပေါင်း ချမ်းသာ ကြွယ်ဝမှုကို ခန့်မှန်းရာ တွင် ဒေါ်လာ ၁၄ ဘီလျံခန့်ဟုပြောပြီး တကယ်သာမှန်ပါက ရုရှားတွင် အချမ်းသာဆုံးဖြစ်သည့်အပြင် Roman Abramovich နှင့် အပြိုင်ဖြစ်ကောင်းဖြစ်မည်ဟုဆိုသည်။၂၀၀၈ အေပရယ် ၁၈ ရက်နေ့ထုတ် Forbes မဂ္ဂဇင်း၏ “ ပိုင်ဆိုင်မှု ဒေါ်လာ ၂၈.၆ ဘီလျံရှိပြီး ယခင်နှစ်ထက် ၁၁.၈ ဘီလျံပိုများလာသည်”ဟူသောသတင်းအရ သူသည်ရုရှားတွင် အချမ်းသာဆုံးလူ ဖြစ်သွားခဲ့သည်။ဒါရီပါစကာ သည် သူ့ပိုင်ဆိုင်ကြွယ်ဝမှုတွေကို ခန့်မှန်းတာတွေသည် ချဲ့ကားနေကြခြင်းဖြစ်ကြောင်းနှင့် သူကျခံ ရမည့်အကြွေးများကိုသာ ထည့်တွက်မည်ဆိုပါက ရုရှားထိပ်တန်းဘီလျံနာ ၁၀ ယောက် စာရင်းနှင့် အဝေးကြီး ဝေးနေမည်ဟု အပြောင်းအလဲမရှိပြောခဲ့သည်။၂၀၀၉ ခုနှစ်တွင် Forbes မဂ္ဂဇင်းက ဒါရီပါစကာ ၏ကြွယ်ဝချမ်းသာမှုကို ဒေါ်လာ ၂၄.၅ ဘီလျံ လျော့ပါးသွား ပြီး ၃.၅ ဘီလျံသာရှိတော့သည်ဟု ခန့်မှန်းကြသည်။၂၀၀၆ ခုနှစ်တွင် ဗြိတိန်နိုင်ငံ Birmingham မြို့တော်ရှိ ကားထုတ်လုပ်သည့် LDV ဦးပိုင်မှ ရှယ်ယာများ အားလုံးကို အမေရိကန်အဖွဲ့အစည်း Sun Capital ထံမှ ဝယ်ယူနိုင်ခဲ့သည်။LDV ၏အဓိကထုတ်ကုန်မှာ အသေးစားစီးပွားဖြစ် Maxus ကားများဖြစ်သည်။၂၀၀၉ မေလတွင် LDV ကားလုပ်ငန်းသည် မလေးရှားရှိ မော်တော်ကားထုတ်လုပ်ရေးနှင့်ဖြန့်ချီရေး ကုမ္ပဏီ Weststar သို့ရောင်းရန် သဘောတူညီချက်လက်မှတ်ထိုးခဲ့သည်။၂၀၀၇ အေပရယ်တွင် Hans-Peters Haselsteiner ပိုင်ဆိုင်သော Strabag SE ဩစတီးယန်း ဆောက်လုပ်ရေးကုမ္ပဏီတွင် ရှယ်ယာ ၂၅ ရာခိုင်နှုန်း (ယူရို ၁.၀၅ ဘီလျံ) ရရှိခဲ့သည်။
 
Strabag သည် ဥရောပတွင် ခြောက်ခုမြောက် အကြီးမားဆုံးသော ဆောက်လုပ်ရေးကုမ္ပဏီဖြစ်သည်။၂၀၀၇ ခုနှစ် မေလတွင် Magna International ၏ဥက္ကဌဖြစ်သူ Frank Stronach က ဒါရီပါစကာ သည် Magna တွင် နည်းဗျူဟာပိုင်းဆိုင်ရာ တွဲဖော်တွဲဖက်အဖြစ် လုပ်ကိုင်မည်ဖြစ်ကြောင်း ကြေညာခဲ့ သည်။၂၀၀၈ ဂျူလိုင်ဇူလိုင် ၂၅ ရက်နေ့တွင် GAZ Group သည် အမေရိကန်ကော်ပိုရေးရှင်း Chrysler ၏အခြေခံကို ဆည်းပူးထားပြီး ဗြိတိသျှစတူဒီယို Ultra Motive မှဒီဇိုင်းထုတ်ထားသော Sedan ကားစီးရီးကို စတင် ထုတ်လုပ်ခဲ့သည်။Magna International မှ အင်ဂျင်နီယာများနှင့်အထူးကျွမ်းကျင်သူများနှင့်အတူ လေ့ကျင့်ထားသော အလုပ်သမားများသည်လည်း ကားတပ်ဆင်ရာတွင် တက်ကြွစွာ စက်ကောင်းမွန်အောင် လုပ်ဆောင်ကြသည်။အစိတ်အပိုင်းတပ်ဆင်သည့်နေရာတွင် နောက်ထပ်ပုံစံငယ်များ ထုတ်လုပ်နိုင်ရန်အတွက်လည်း ကြံစည်ကြသည်။၂၀၀၈ ခုနှစ် အောက်တိုဘာ ၃ ရက်နေ့တွင် Magna International က ရုရှားစက်ပစ္စည်းများကို ကနေဒီယံရှိ အစိတ်အပိုင်းပြုလုပ်သူ၏ ရှယ်ယာပိုင်ရှင်အဖြစ် ပါဝင်ခွင့်မှရပ်စဲလိုက်ပြီဟု ကြေညာခဲ့ သည်။သို့သော်လည်း ရုရှားတွင်လုပ်ကိုင်သော ကားပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများလုပ်ငန်းကိုတော့ ဆက်လက်လုပ်ကိုင်သွားမည်ဖြစ်ကြောင်း ပြောခဲ့သည်။၂၀၀၉ အေပရယ် ၃၀ တွင် Basic Element ကုမ္ပဏီကလည်း Strabag ရှိ သူ၏ရှယ်ယာ ၂၅ ရာခိုင်နှုန်း ကို ကုမ္ပဏီ၏အခြား ရှယ်ယာပိုင်ရှင်များဆီသို့ လွှဲပြောင်းလိုက်ကြောင်းကြေညာခဲ့သည်။Basic Element ကုမ္ပဏီသည် Strabag ၏ရှယ်ယာတစ်နေရာတွင် ဆက်လက်တည်ရှိနေပြီး Strabag ၏ ၉ နေရာရှိသော ကြီးကြပ်စီမံရေးဘုတ်အဖွဲ့တွင် နှစ်နေရာကိုရရှိခဲ့သည်။
 
== လူမှုရေးလုပ်ငန်းများ ==
စာကြောင်း ၆၇ -
 
၂၀၀၈ ဇူလိုင် ၃ ရက်နေ့တွင် Mr. Justice Christopher Clarke က ထိုအမှုကို အင်္ဂလန်တွင် ကြိုးစားကြည့်သင့်ကြောင်း၊ သို့သော်လည်း “ဒီအမှုအတွက် တကယ်စီရင်ရမှာက ရုရှားပါ ဘာလို့လည်း ဆိုတော့ ပင်ကို အနေနဲ့ကိုပဲ စီရင်မှုအဆုံးမှာ နှစ်ဦးနှစ်ဖက်လုံးရဲ့စိတ်ဝင်စားမှုကို အသင့်တော်ဆုံး ဖြေရှင်းနိုင်မှာမို့လို့ပဲ” ဟု ပြောခဲ့သည်။
၂၀၀၈ ဇူလိုင် ၂၂ ရက်နေ့တွင် သူသည် ဒါရီပါစကာ ၏အသနားခံခွင့်ကို ခွင့်ပြုခဲ့သည်။ ၂၀၀၉ ခုနှစ် ဂျူလိုင်ဇူလိုင် ၃၁ ရက်နေ့တွင် အင်္ဂလန်နှင့်ဝေးလ်အယူခံရုံးက ဒါရီပါစကာ ၏အယူခံကို ပယ်ဖျက်လိုက်သည်။
 
== ရာဇဝတ်မှုများနှင့်ပတ်သက်နေသော စွပ်စွဲချက်များ ==
 
၂၀၀၆ ဂျူလိုင်လတွင်ဇူလိုင်လတွင် ဒါရီပါစကာ သည် Daimler Chrysler Group ကိုလေလံဆွဲမည့်အထဲ ပါဝင် ပတ်သက်နေပြီး သူ၏ United States ဝင်ခွင့်ဗီဇာကို အကြောင်းရင်းမဖော်ပြဘဲ ပယ်ဖျက်ခဲ့သည်ဟု ဆိုကြသည်။
 
Wall Street မဂ္ဂဇင်းကတင်ပြသည်မှာ ဒါရီပါစကာ သည် ရုရှားရှိပြစ်မှုများနှင့် ဆက်စပ်မှုရှိသည်ဟု စွပ်စွဲခံရပြီး အမည်မသိ U.S ဥပဒေပြဌာန်းရေးရုံးတော်မှ အရင်းအမြစ်နှစ်ခုအတွက် ရုံးတော်သို့ ဆင့်ခေါ်ခံရသည်ဟုဆိုသည်။