အိုလီဗာ ကရွမ်းဝဲလ်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး Bot: Migrating 69 interwiki links, now provided by Wikidata on d:q44279 (translate me)
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ဥာ +ဉာ, -ဥ် +ဉ်, -ုွ +ွု, -ံွ +ွံ, -ှွ +ွှ, -ံု +ုံ, -စျ +ဈ, -သြ +...
စာကြောင်း ၈ -
 
== စစ်ဗိုလ်ချုပ်ဘဝ ==
သို့နှင့် ကရွမ်းဝဲလ် တစ်ယောက် ဇာတိသို့ပြန်ပြီး မြင်းတပ်ဖွဲ့ကာ ဘုရင့်ဂိုဏ်းသားများနှင့် တိုက်ခိုက်မှုများတွင် တက်တက်ကြွကြွ ပါဝင်တော့သည်။ ပြည်တွင်းစစ်လေးနှစ်အတွင်း ကရွမ်းဝဲလ်၏ အစွမ်းကြောင့် ပါလီမန်ဂိုဏ်းသားများဖက်မှ အရေးသာရသည်။ ပါလီမန်ဖက်မှ အရေးသာကြောင်းထင်ရှားသည့် တိုက်ပွဲဖြစ်သော မာစတုန်းမိုးလ် တိုက်ပွဲ(၂၊ ဂျူလိုင်၊ဇူလိုင်၊ ၁၆၄၄) နှင့် ပါလီမန်ဖက်မှ အပြတ်အသတ် အနိုင်ရပြီဟု သတ်မှတ်နိုင်သည့် [[နေ့စ်ဘီတိုက်ပွဲ]](၁၄၊ ဇွန်၊ ၁၆၄၅)များတွင် ကရွမ်းဝဲလ် ကောင်းစွာအစွမ်းပြပြီး အောင်နိုင်သည်။ ၁၆၄၆တွင် ဘုရင် ချားလ်(၁)အားဖမ်းမိသောကြောင့် စစ်ပြီး သောအခါ ကရွမ်းဝဲလ် အား ပါလီမန်စစ်တပ်၏ အတော်ဆုံးသော ဗိုလ်ချုပ်များအထဲမှ တစ်ဦးအဖြစ် အများကလက်ခံအသိအမှတ်ပြုကြသည်။ ပါလီမန်စနစ်တွင် သဘောထားတင်းမာသူအဖြစ်လည်း ထင်ရှားလာသည်။
 
သို့သော် ထိုအချိန်တွင် ပါလီမန်အတွင်းမှ ဆန္ဒချင်းမတူသူများ ရှိနေသဖြင့် အုပ်စုနှစ်ခုအဖြစ်သိသာစွာ ကွဲလေသည်။ ထိုသို့သော် အကွဲအပြဲကြောင့် ဘုရင်အား ကောင်းစွာ တရားရုံးတင် စစ်ဆေးနိုင်ခြင်း မရှိရာမှ ဘုရင်'''ချားလ်(၁)''' အကျဉ်းထောင်မှ ထွက်ပြေး လွတ်မြောက်သွားရသဖြင့် ဒုတိယအကြိမ် ပြည်တွင်းစစ်ထပ်မံ ဖြစ်ပွားရသည်။ ကရွမ်းဝဲလ် ဦးဆောင်သည့် တပ်များက ဘုရင့်ဘက်တော်သားများ တဖန်ပြန်လည် စည်းရုံးလှုပ်ရှားလာသည်ကိုကောင်းစွာ နှိမ်နှင်းနိုင်သကဲ့သို့ သဘောထား ပျော့ပြောင်းသည့် ပါလီမန်ဂိုဏ်းသားများကိုပါ ရှင်းလင်းဖယ်ရှားခဲ့သည်။ထိုနောက် ၁၆၄၉ တွင် ဘုရင် ချားလ်(၁) အားကွပ်မျက်လိုက်ပြီးနောက် ပြည်တွင်းစစ်ပြီးဆုံးသွားသည်။ ပါလီမန်မှာလည်း အင်အားအခိုင်အမာဖြင့် အာဏာကို ရယူထားနိုင်ပြီဖြစ်သည်။