အောင်ခမ်းထီ: တည်းဖြတ်မှု မူကွဲများ

"ဗိုလ်မှူးကြီးအ..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
 
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ဥာ +ဉာ, -ဥ် +ဉ်, -ုွ +ွု, -ံွ +ွံ, -ှွ +ွှ, -ံု +ုံ, -စျ +ဈ, -သြ +...
စာကြောင်း ၈ -
၁၉၇၁ တွင် သက်တော် (၃၅)ရသည့် အရှင်ကုသလသည် လူဝတ်လဲ၍ ရှမ်းပြည်နယ် လူမျိုးပေါင်းစုံလွတ်မြောက်ရေးအဖွဲ့ (ရလလဖ)ကို ဝင်ရောက်ပြီး လက်နက်ကိုင် တော်လှန်ရေးလမ်းစဉ်ကို စတင်လုပ်ခဲ့သည်။ ၁၉၇၂ တွင် မန္တလေးထောင်၌ ထိန်းသိမ်းခံရသော ပအိုဝ်းအမျိုးသား ခေါင်းဆောင် ဖြားဗွာလှဖေနှင့် ဦးကျော်စိန်တို့က ပြန်လွတ်မြောက်လာပြီး တောပြန်ခိုခဲ့သည်။ ၁၉၇၃ တွင် အင်အား ၁၅၀ဝ ကျော်သာရှိသော ရလလဖ သည် ဖြားဗွာခေါ် သထုံဦးလှဖေ ဦးဆောင်သည့် အမျိုးသားရေးအဖွဲ့နှင့် တာကလယ်ဦးဆောင်သည့် လက်ဝဲအင်းအားစုအဖွဲ့ဟူ၍ နှစ်ဖွဲ့ကွဲခဲ့သည်။ ၁၉၇၄ ဇန်နဝါရီလ (၁၂)ရက်နှင့် (၁၃)နေ့တွင် ကျင်းပပြုလုပ်သော သဘာပတိအစည်းအဝေး၌ အမျိုးသားရေးကို ဦးတည်ရေးအဖွဲ့က ရှမ်းပြည်နယ် လူမျိုးပေါင်းစုံ လွတ်မြောက်ရေး တပ်ဦး [Shan State National Liberation Front- SSNLF] အမည်ဖြင့် ဖွဲ့စည်းခဲ့သည်။
ထိုအဖွဲ့သည် ဖြားဗွာဦးလှဖေက ဥက္ကဋ္ဌ ဖြစ်ပြီး ဗိုလ်မှူးကြီးအောင်ခမ်းထီက အထွေထွေအတွင်းရေးမှူး၊ ဦးကျော်စိန်က တွဲဖက်အထွေထွေအတွင်းရေးမှူး ဖြစ်လာခဲ့သည်။ သို့သော်လည်း ၁၉၇၅ စက်တင်ဘာလ (၂၄)ရက်နေ့တွင် ဥက္ကဋ္ဌ ဖြားဗွာလှဖေသည် တောင်ကြီးမြို့နယ် ပန်တွန်းရွာ၌ ဝမ်းရောဂါဖြင့် သေဆုံးခဲ့သည်။ ၁၉၇၅ နိုဝင်ဘာလ (၂၂)ရက်နှင့် (၃၀)ရက်နေ့တွင် ဆီဆိုင်မြို့နယ် နောင်လတ်ရွာ တတိယအကြိမ် ဗဟိုကော်မတီအစည်းအဝေး၌ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ပြန်လည်ရွေးချယ်တင်မြောက်ခဲ့သည်။ ထိုအစည်းအဝေးမှ ဦးကျော်စိန်က ဥက္ကဋ္ဌ၊ ဗိုလ်မှူးကြီး အောင်ခမ်းထီက အထွေထွေအတွင်းရေးမှူး၊ ခင်ကျော်ညိုက တွဲဖက်အထွေထွေအတွင်းရေးမှူးဖြစ်လာခဲ့သည်။
၁၉၇၅ သြဂုတ်လဩဂုတ်လ (၂၃)ရက်နေ့တွင် အမျိုးသားဟန်ပီပြင်သော ပအိုဝ်းအဖွဲ့အစည်း အမြန်ဆုံးဖွဲ့စည်းနိုင်ရေးအတွက် ကော်မတီတစ်ရပ် ပြန်ဖွဲ့စည်းခဲ့သည်။ ထိုကော်မတီတွင် ဆရာတော်ဦးနေမိ၊ ဦးကျော်စိန်၊ အောင်ခမ်းထီ၊ ဦးနုတပ်မှ ခွဲထွက်လာသည့် အောက်ပြည်ပအိုဝ်း PNLA အဖွဲ့မှ ခွန်ရဲနောင် တို့ ပါဝင်ခဲ့ကြသည်။ ထိုနောက် ၁၉၇၆ ဇန်နဝါရီလတွင် ဆီဆိုင်မြို့နယ် လုံးဒါဘုန်းကြီးကျောင်း၌ ပထမအကြိမ် ပအိုဝ်းအမျိုးသားညီလာခံတွင် ကန့်ကွက်သူမရှိ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် [Pa-Oh National Organization- PNO] ကို အောင်မြင်စွာ ဖွဲ့စည်းနိုင်ခဲ့သည်။ ထိုညီလာခံတွင် ဦးကျော်စိန်- ဥက္ကဋ္ဌ၊ အောင်ခမ်းနှင့် ခွန်ရဲနောင်- ဒုဥက္ကဋ္ဌ၊ အောင်ခမ်းထီ အထွေထွေအတွင်းရေးမှူး၊ ခင်ကျော်ညို- တွဲဖက်အထွေထွေအတွင်းရေးမှူး အဖြစ် တင်မြောက်ခဲ့သည်။
၁၉၇၇ တွင် ခွန်ရဲနောင် ဦးဆောင်သည့် လူအင်အား (၆၀) ရှိသည့် PNLA အောက်ပြည်ပအိုဝ်းတပ်ဖွဲ့မှ ဆီဆိုင်အမှတ်(၉၄)ထံ လက်နက်ချ အလင်းဝင်ခဲ့သည်။ ထိုကြောင့် ၁၉၈၀ တွင် PNO ဥက္ကဋ္ဌ ဦးကျော်စိန်သည် နုတ်ထွက်စာတင်ပြီး အလင်းဝင်ခဲ့သည်။ ထိုနောက် ၁၉၇၇ တွင် ကျောင်ထို ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးတွင် အောင်ခမ်းထီ- ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ ဂျန်ဖာချိန်နှင့် အောင်ခမ်း- ဒု ဥက္ကဋ္ဌ အဖြစ်လည်းကောင်း၊ ခင်ကျော်ညို- အထွေထွေအတွင်းရေးမှူးအဖြစ်လည်းကောင်း၊ ခွန်ဝိဇာ- တွဲဖက်အထွေထွေအတွင်းရေးမှူးအဖြစ်လည်းကောင်း ပြန်လည်တင်မြောက်ခဲ့သည်။ ၁၉၇၈ မတ်လ (၃)ရက်နေ့တွင် ကျရောက်သည့် ပအိုဝ်းအမျိုးသားနေ့ကို တောင်ကြီးမြို့နယ် နောင်ယာသုဲင်ကွင်းတွင် PNO ဦးဆောင်မှုဖြင့် စည်းကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
၁၉၈၀ ပြည့်နှစ်တွင် ဗိုလ်မှူးကြီးအောင်ခမ်းထီ ဦးဆောင်သည့် PNO တပ်ဖွဲ့သည် မဟာမိတ်တပ်ဖွဲ့ဖြစ်သည့် Nationalities Democratic Front (NDF) သို့ အဖွဲ့ဝင်ဖြစ်လာခဲ့သည်။ ၁၉၉၁ ဖေဖော်ဝါရီလ (၁၈)ရက်နေ့တွင် ဗိုလ်မှူးကြီးအောင်ခမ်းထီ ဦးဆောင်သည့် PNO/PNA တပ်ကို နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (နဝတ)နှင့် အပစ်အခတ်ရပ်စဲရေး စသည့် ငြိမ်းချမ်းရေးပြုလုပ်ခဲ့သည်။ နဝတ စစ်အစိုးရက ဗိုလ်မှူးကြီးအောင်ခမ်းထီ ဦးဆောင်သည် PNO အဖွဲ့ကို အထူးဒေသ(၆)ဖြင့် အုပ်ချုပ်ခွင့်နယ်မြေ သတ်မှတ်ပေးခဲ့သည်။
စာကြောင်း ၄၄ -
*ရန်ကုန်ငွေနံသာမြို့သစ် ငွေနံသာခြံတွင် ဆိုးဆေး (၇.၂)ဧက
*ဆီဆိုင်မြို့နယ် ပါလောပါကယ်ကျေးရွာအုပ်စုတွင် ဆိုက်ခေါဝ်စိုက်ပျိုးရေးစခန်းအဖြစ် မြေရိုင်းဧက (၅၀ဝ၀)ကို ရှမ်းပြည်နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောက်စီ၏ ခွင့်ပြုချက်လိုင်စင်ဖြင့် ၂၀ဝ၁ မှ ၂၀၃၁ ထိ နှစ်ပေါင်း (၃၀) စိုက်ပျိုးလုပ်ကိုင်ခွင့်ရခဲ့သည်။ ၎င်းကို ဘက်စုံသီးနှံစိုက်ပျိုးရေးအတွက် ဧကပေါင်း ကို နှစ်ရှည်ပင်၊ စပါးနှင့် သီးထပ်သီးနှပ်များကို စိုက်ပျိုးခဲ့သည်။
*၂၀ဝ၀ သြဂုတ်လမှဩဂုတ်လမှ စ၍ ညောင်ရွှေမြို့နယ် နန်းသဲကျေးရွာအုပ်စုတွင် နန်းသဲစိုက်ပျိုးကွင်းအဖြစ် ရာသီသီးနှံနှင့် သစ်ခွပန်းများစိုက်ပျိုးလျက်ရှိသည်။ အခြားနေရာ စီးပွားရေးလုပ်ငန်းများအဖြစ် တိလောတွင် (၁၀၆)ဧက၊ တောင်ခြေတွင် (၁၀၄၀)ဧက၊ ကျောက်တိုင်တွင် (၃၀၁၆)ဧက၊ တိလော(၁)တွင် လျှောက်ထားဆဲ (၂၀ဝ)ဧက စုစုပေါင်း (၅၃၀၆) ဧကရှိသည်။
 
ကျောက်မျက်ရတနာတူးဖော်ရေးလုပ်ငန်းကို ပတ္ထမြားနဂါးကုမ္ပဏီအနေဖြင့်