ဖိုးကျား၊ ဦး: တည်းဖြတ်မှု မူကွဲများ

စာကြောင်း ၁၉ -
== နိုင်ငံရေးရာ ==
ကိုဖိုးကျားသည် နိုင်ငံရေးတွင် ခြေတစ်ဘက် ဝင်လာခဲ့ပြီ ဖြစ်လေသည်။ ၁၉၂ဝ ပြည့်နှစ်၊ ဖေဖေါ်ဝါရီလထဲတွင် [[အင်္ဂလန်]]သွား မြန်မာကိုယ်စား လှယ်များသည် ရန်ကုန်သို့ ပြန်ရောက်သည်ကိုကြဆိုခြင်းဖြင့် ဝင်ရောက်ခဲ့ပါသည်။ ကောလိပ်ကျောင်းကို သပိတ်မှောက်ရန်အတွက် ဗဟန်းကြားတော ရလမ်းထဲရှိ ဦးအရိယကျောင်းတိုက်၌ ကောလိပ်ကျောင်းသားထု အစည်း အဝေးလုပ်စဉ်တွင် [[ဂျပ်ဆင်ကောလိပ်]]ကျောင်းသားများပါ တက်ရောက်ကြလေရာ ကိုဖိုးကျားလည်း ပါဝင်ခဲ့လေသည်။
 
ထိုမှစ၍ မောင်ဖိုးကျားသည် နိုင်ငံရေး၌ ထဲထဲဝင်ဝင်ဖြစ်လာကာ သူနှင့်နိုင်ငံရေး၌ အယူအဆတူကြသူများဖြစ်သော ကိုဖိုးလတ်၊ ကိုမြင့်၊ ကိုလူဖေဝင်း၊ ကိုဖိုးကွန်းအစရှိသူတို့နှင့်ပူးပေါင်း၍ ပညာမင်းကြီး “မတ်ဟန့်တား” ဦးဆောင်၍ တင်သွင်းသော တက္ကသိုလ်အက်ဥပဒေ” ကိုသပိတ်မှောက်ရာ၌ သပိတ်ခေါင်းဆောင်တစ်ဦးအဖြစ် ရှေ့တန်းမှလှုပ်ရှားသူ တစ်ဦးဖြစ်၍ လာရလေတော့သည်။ ထိုမှစကာ အင်္ဂလိပ်တို့သင်ပေးသော ကိုလိုနီပညာရေးစနစ်ကို ဆန့်ကျင်သောအားဖြင့် အမျိုးသားကျောင်းများကို စတင်တည်ထောင်သောအခါ မောင်ဖိုးကျားသည် အမျိုးသားပညာရေး ကောင်စီမှ တည်ထောင်သော ဗဟန်းအမျိုးသားကျောင်းတွင် ဦးစွာကျောင်းအုပ် ဖြစ်လာရ၏။
 
သို့သော် အမျိုးသားကျောင်းများကို အစိုးရက အားမပေးသဖြင့် ကျောင်းအဆောက်အအုံက မရှိ၊ ရရာဘုန်းကြီးကျောင်းလို နေရာမျိုးတွင် ဖြစ်သလို အခြေအနေပေးသမျှနှင့် ဖွင့်ရ၏။ ကျောင်းဆရာဘဝကား လခလည်း ရတစ်ချက် မရတစ်ချက်၊ စာသင်တစ်ဖက်နှင့် ကျောင်းရန်ပုံငွေလည်း ရှာရသဖြင့် အတော်ပင် ခက်ခက်ခဲခဲနှင့် ကြိုးပမ်းစားရပ်တည်နေရသည် မှန်သော်လည်း မောင်ဖိုးကျားကား တစ်ပြားသားမျှ စိတ်အားမလျှော့ချေ။ နောင်တော်အစိုးရနှင့် အမျိုးသားပညာရေး ကောင်စီတို့ နှစ်ဦးနှစ်ဖက်ဆွေးနွေး သဘောတူညီချက်ဖြင့် အစိုးရ၏ အထောက်အပံ့ကို ရယူသော်လည်း အမျိုးသားပညာကျောင်းများကို ကိုယ်တိုင်အုပ်ချုပ်ခွင့် စိတ်ကြိုက်သင်ခန်းစာများကို ရေးဆွဲခွင့်ရကာ ပညာသင် ကျောင်းသားများအတွက် တစ်ဦးလျှင် ၁၅ ကျပ်နှုန်းဖြင့် အစိုးရ၏ အထောက်အပံ့ကို ရခဲ့လေသည်။
 
ထို့နောက် သပိတ်မှောက် ကျောင်းသားအများအပြား တက္ကသိုလ်သို့ပြန်ဝင်ကာ ကျောင်းဆက်တက်ခဲ့ကြသော်လည်း မောင်ဖိုးကျားကား အမျိုးသားပညာရေး ကောင်စီအောက်၌ပင် ဆက်လက်၍ အမှုထမ်းခဲ့၏။ ဘီအေဘွဲ့ကိုလည်း သူမမက်ပြီ၊ ထောင်ချီ၍လခရသော အစိုးရအမှုထမ်းဘဝကိုလည်း သူ မလုပ်လိုသဖြင့် အမျိုးသားပညာဝန်ဘဝဖြင့် သူ့ရှေ့ခရီးကို မှန်မှန်ပင်ချီတက် ခဲ့ပြန်လေသည်။
 
ပညာဝန်ဘဝကား အလွန်အလုပ်များလှ၏။ စာမေးပွဲစစ်ရ၊ နယ်သို့ကျောင်းစစ်ထွက် ရနှင့် မအားနိုင်အောင်ပင် ရှိလှသည်။ သို့သော်သူသည် ရုံးအလုပ်ဖြင့်သာ အချိန်ကုန် နေတတ်သူမဟုတ်။ စာတွေ့ကိုယ်တွေ့ ဗဟုသုတကို အမြဲရှာမှီး နေတတ်သူဖြစ်ရာ မြန်မာစာနှင့် ပတ်သက်လျှင် သက်ရှိအဘိဓာန်ဟူ၍ တင်စားခေါ်ဝေါ်လောက်သည့် ဆရာကြီး သခင်ကိုယ်တော်မှိုင်းထံမှ မြန်မာရာဇဝင်ထုံး တီးနည်းနာအဖြာဖြာတို့ကိုသာ မှတ်သားခွင့် ရသည်မဟုတ်မူဘဲ ဆရာကြီး ညွှန်ပြရာ ထို ထိုစာတို့ကိုလည်း အမြဲမပြတ် ရှာဖွေဖတ်မှတ် နိုင်ခဲ့လေသည်။ နောင်သော် ဤဗဟုသုတတို့ကို မြန်မာလူငယ်များ မှတ်သားသိရှိနိုင်ရန် စာရေးလိုစိတ် ဖြစ်ပေါ်လာသဖြင့် ၁၉၂၄ ခု နှစ်တွင် ပုသိမ်ရာဇဝင်နှင့် ဦးထွန်းရှိန် အတ္ထုပ္ပတ္တိတို့ကို စာတစ်အုပ်ရေးသားကာ စတင်ထုတ်ဝေနိုင်ခဲ့၏။
 
== အလုပ်အကိုင် ==