ဖိုးကျား၊ ဦး: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
စာကြောင်း ၁၃ -
 
== အိမ်ထောင်ရေး ==
 
၁၉၂၉ ခု မေလထဲတွင် ကာလဘတ်လမ်း အိမ်၍ပင် မင်္ဂလာပွဲကျင်းပ၍ ဦးဖိုးကျားနှင့် မအေးကြည်တို့ ကြင်လင်မယားဖြစ်ခဲ့ကြသည်။ သားသမီးဆို၍ သား [[ဇော်ဝင်း (ကျား)]]တစ်ယောက်သာ ရှိသည်။ ဇော်ဝင်း (ကျား)သည် [[ရန်ကုန်မြို့]][[မြို့မ အထက်တန်းကျောင်း]] တွင် တက်ရောက်ပညာသင်ကြားခဲ့သည်။ မအေးကြည်သည် ပုံနှိပ်စက်ဖက်ကို ဂရုစိုက်၍ လုပ်သည်။ မအေးကြည်သည် ၁၉၃၉ ခု နှစ်ဦးတွင် ကွယ်လွန်ခဲ့လေသည်။
 
Line ၁၉ ⟶ ၁၈:
ဦးဖိုးကျားသည် ရက်ခြားထုတ် [[မြန်မာ့အလင်းသတင်းစာ]]တွင် 'ကျား' ဟူ၍ လက်မှတ်ထိုး၍ ရံဖန်ရံခါ ဆောင်းပါးဝင်ရေးလေသည်။ ၁၉၂၄ ခုနှစ်တွင် ဦးဖိုးကျားသည် ပုသိမ်ရာဇဝင်နှင့် ဦးထွန်းရှိန်၏ အတ္ထုပ္ပတ္တိကို တစ်အုပ်တည်း ပူးပေါင်း၍ အုပ်ရေတစ်ထောင် ထုတ်ဝေလိုက် လေသည်။ မြန်မာရာဇဝင်တွင် ထင်ရှားကျော်ကြားသူ များ၏ ကြောင်းရာထုပ္ပတ်ဖြစ်သော 'မြန်မာ့ဂုဏ်ရည်'၊ သပိတ်အရေးတော် ပုံအတွင်း ဦးဖိုးကျားနှင့် ကျောင်းသားအများ မှီခိုခဲ့ရသော 'ကျောင်းတော်ရာ ရွေကျင်ဆရာတော်ဘုရား ထေရုပ္ပတ္တိ'၊ မြန်မာစကားဟောင်းများ၏ အနက်ဖော်သော 'ပေါရာဏအဘိဓာန်'၊ 'ပုသိမ်ရာဇဝင်နှင့် ဦးထွန်းရှိန်အတ္ဃုပ္ပတ္တိ' ပေါင်း လေးအုပ်ဖြစ်ကြသည်။ ပုံနှိပ်တိုက်ကိုလည်း ‘မြန်မာ့ဂုဏ်ရည်ပုံနှိပ်တိုက်’ဟု အမည်မှည့်လိုက်လေသည်။ ၁၉၄ဝ ပြည့်နှစ်ထဲတွင် 'မြောက်ပိုင်း ဗုဒ္ဓဘာသာ မဟာယာနဂိုဏ်း' အမည်ဖြင့် စာအုပ်ကို ဦးဖိုးကျား ရေးထုတ်လေသည်။
 
ထိုမှစကာ အရှိန်ရလာသဖြင့် သုံးလေးနှစ်အတွင်း တစ်နှစ်တစ်အုပ် ဆိုသလို ဆက်တိုက်ရေးသား ထုတ်ဝေခဲ့၏။ စာအုပ်ထုတ်ရင်းနှင့်လည်း မကြာမကြာ ဆောင်းပါးကိုလည်း ရေးတတ်သေး၏။ “ဇေယျ” မဂ္ဂဇင်းနှင့် “ကဝိမျက်မှန်” မဂ္ဂဇင်းထဲ၌လည်း သူ့ဆောင်းပါး မှန်မှန်ပါတတ်၏။ ဤတွင် ဦးဖိုးကျား ရေးခဲ့သော (မြန်မာပြည်သူရှင်လူအများ ကျောင်းသားများပါမကျန် စံနမူနာယူလောက်စရာ) “မြန်မာ့ဂုဏ်ရည်” စာအုပ်ကား အလွန်ထင်ရှား၏။ မြန်မာရာဇဝင်တွင် ထင်ရှားသော ပုဂ္ဂိုလ်ကျော်တို့၏ အထ္ထုပ္ပတ္တိ ၁၃၇ ပုဒ်ပါဝင်အောင်ပင် ရေးပြနိုင်ခဲ့လေသည်။
 
၁၉၂၉-မေလတွင် မောင်ဖိုးကျားသည် ဦးမောင်ကလေး-ဒေါ်ဒေါ်သိန်းတို့၏သမီး မအေးကြည်နှင့် အကြောင်းပါ၏။ မောင်ဇော်ဝင်းဟူသော သားတစ်ယောက် ထွန်းပေါက်ခဲ့ရ၏။ နောင်သော် ဦးဖိုးကျားသည်ကိုယ် ပိုင်ပုံနှိပ်တိုက်တစ်ခု ထူထောင်၍ တိုင်းပြည်နှင့် လူမျိုးအကျိုးရှိမည်ထင်သော စာပေအနုပညာ၊ လူမှုရေး၊ ဘာသာရေး၊ သာသနာရေး ဆိုင်ရာစာပေတို့ကိုသာ တွင်တွင်ကြီးရိုက်နှိပ်၍ ထုတ်ဝေနေလေတော့သည်။ ကိုယ်ပိုင်ပုံနှိပ်တိုက်၏ အကျိုးကျေးဇူးကြောင့် မဂ္ဂဇင်းဂျာနယ်များတွင် သူကိုယ်တိုင်ရေးသားခဲ့သော စာတိုပေစတို့ကို လုံးခြင်းအဖြစ် ထုတ်ဝေခွင့်ရခဲ့၏။ ထိုစာအုပ်များထဲတွင် အများသိထင်ရှားသော “အရက်သမား” လိုဝတ္ထုမျိုး “အခမဲ့ကူလီထမ်းခြင်း အကျိုး” ကဲ့သို့သော စာကောင်းပေမွန်များလည်း ပါလေသည်သာ ဖြစ်လေသည်။
== နိုင်ငံရေးရာ ==
ကိုဖိုးကျားသည် နိုင်ငံရေးတွင် ခြေတစ်ဘက် ဝင်လာခဲ့ပြီ ဖြစ်လေသည်။ ၁၉၂ဝ ပြည့်နှစ်၊ ဖေဖေါ်ဝါရီလထဲတွင် [[အင်္ဂလန်]]သွား မြန်မာကိုယ်စား လှယ်များသည် ရန်ကုန်သို့ ပြန်ရောက်သည်ကိုကြဆိုခြင်းဖြင့် ဝင်ရောက်ခဲ့ပါသည်။ ကောလိပ်ကျောင်းကို သပိတ်မှောက်ရန်အတွက် ဗဟန်းကြားတော ရလမ်းထဲရှိ ဦးအရိယကျောင်းတိုက်၌ ကောလိပ်ကျောင်းသားထု အစည်း အဝေးလုပ်စဉ်တွင် [[ဂျပ်ဆင်ကောလိပ်]]ကျောင်းသားများပါ တက်ရောက်ကြလေရာ ကိုဖိုးကျားလည်း ပါဝင်ခဲ့လေသည်။
Line ၂၈ ⟶ ၃၀:
ထို့နောက် သပိတ်မှောက် ကျောင်းသားအများအပြား တက္ကသိုလ်သို့ပြန်ဝင်ကာ ကျောင်းဆက်တက်ခဲ့ကြသော်လည်း မောင်ဖိုးကျားကား အမျိုးသားပညာရေး ကောင်စီအောက်၌ပင် ဆက်လက်၍ အမှုထမ်းခဲ့၏။ ဘီအေဘွဲ့ကိုလည်း သူမမက်ပြီ၊ ထောင်ချီ၍လခရသော အစိုးရအမှုထမ်းဘဝကိုလည်း သူ မလုပ်လိုသဖြင့် အမျိုးသားပညာဝန်ဘဝဖြင့် သူ့ရှေ့ခရီးကို မှန်မှန်ပင်ချီတက် ခဲ့ပြန်လေသည်။
 
ပညာဝန်ဘဝကား အလွန်အလုပ်များလှ၏။ စာမေးပွဲစစ်ရ၊ နယ်သို့ကျောင်းစစ်ထွက် ရနှင့် မအားနိုင်အောင်ပင် ရှိလှသည်။ သို့သော်သူသည် ရုံးအလုပ်ဖြင့်သာ အချိန်ကုန် နေတတ်သူမဟုတ်။ စာတွေ့ကိုယ်တွေ့ ဗဟုသုတကို အမြဲရှာမှီး နေတတ်သူဖြစ်ရာ မြန်မာစာနှင့် ပတ်သက်လျှင် သက်ရှိအဘိဓာန်ဟူ၍ တင်စားခေါ်ဝေါ်လောက်သည့် ဆရာကြီး သခင်ကိုယ်တော်မှိုင်းထံမှ မြန်မာရာဇဝင်ထုံး တီးနည်းနာအဖြာဖြာတို့ကိုသာ မှတ်သားခွင့် ရသည်မဟုတ်မူဘဲ ဆရာကြီး ညွှန်ပြရာ ထို ထိုစာတို့ကိုလည်း အမြဲမပြတ် ရှာဖွေဖတ်မှတ် နိုင်ခဲ့လေသည်။ နောင်သော် ဤဗဟုသုတတို့ကို မြန်မာလူငယ်များ မှတ်သားသိရှိနိုင်ရန် စာရေးလိုစိတ် ဖြစ်ပေါ်လာသဖြင့် ၁၉၂၄ ခု နှစ်တွင် ပုသိမ်ရာဇဝင်နှင့် ဦးထွန်းရှိန် အတ္ထုပ္ပတ္တိတို့ကို စာတစ်အုပ်ရေးသားကာ စတင်ထုတ်ဝေနိုင်ခဲ့၏။
 
== အလုပ်အကိုင် ==
ကိုဖိုးကျားသည် သပိတ်မှောက်ကျောင်းသားများ ကောင်စီဝင်သာမက အမျိုးသားပညာရေး ကောင်စီဝင်လည်း ဖြစ်လေသည်။ ကိုဖိုးကျားမှာမူ [[ရန်ကုန်တက္ကသိုလ်]]မှ ဘီအေဘွဲ့လည်း ပြန်မယူလိုတော့ပြီ။ အစိုးရလခစားလည်း မမက်တော့ပြီ။ လခနည်းနည်းသာရသော [[အမျိုးသားပညာဝန်]]အလုပ်ပင် ဆက်လုပ်တော့မည်။ ဦးဖိုးကျားမှာ အမျိုးသား(တိုင်းရင်းသား) ပညာဝန် အဖြစ်ဖြင့် စာမေးပွဲစစ်ရ၊ နယ်သို့ ကျောင်းစစ်သွားရနှင့် အလုပ်တာဝန် အများအပြားရှိနေသည်။
 
ပညာဝန်ဘဝကား အလွန်အလုပ်များလှ၏။ စာမေးပွဲစစ်ရ၊ နယ်သို့ကျောင်းစစ်ထွက် ရနှင့် မအားနိုင်အောင်ပင် ရှိလှသည်။ သို့သော်သူသည် ရုံးအလုပ်ဖြင့်သာ အချိန်ကုန် နေတတ်သူမဟုတ်။ စာတွေ့ကိုယ်တွေ့ ဗဟုသုတကို အမြဲရှာမှီး နေတတ်သူဖြစ်ရာ မြန်မာစာနှင့် ပတ်သက်လျှင် သက်ရှိအဘိဓာန်ဟူ၍ တင်စားခေါ်ဝေါ်လောက်သည့် ဆရာကြီး သခင်ကိုယ်တော်မှိုင်းထံမှ မြန်မာရာဇဝင်ထုံး တီးနည်းနာအဖြာဖြာတို့ကိုသာ မှတ်သားခွင့် ရသည်မဟုတ်မူဘဲ ဆရာကြီး ညွှန်ပြရာ ထို ထိုစာတို့ကိုလည်း အမြဲမပြတ် ရှာဖွေဖတ်မှတ် နိုင်ခဲ့လေသည်။ နောင်သော် ဤဗဟုသုတတို့ကို မြန်မာလူငယ်များ မှတ်သားသိရှိနိုင်ရန် စာရေးလိုစိတ် ဖြစ်ပေါ်လာသဖြင့် ၁၉၂၄ ခု နှစ်တွင် ပုသိမ်ရာဇဝင်နှင့် ဦးထွန်းရှိန် အတ္ထုပ္ပတ္တိတို့ကို စာတစ်အုပ်ရေးသားကာ စတင်ထုတ်ဝေနိုင်ခဲ့၏။
 
== ဦးဖိုးကျား ရေးသား ထုတ်ဝေ ပြီးသော စာအုပ်များ ==
Line ၄၅ ⟶ ၄၉:
 
== ဘဝနိဂုံး ==
ဤသို့ဖြင့် ဒုတိယကမ္ဘာစစ်မီးသည် မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့လေပြီ။ ဒီဇင် ဘာ ၂၃ တွင်ဂျပန်စစ်လေယာဉ်များ ရန်ကုန်မြို့သို့ စတင်ဗုံးကြဲ၏။ ဦးဖိုးကျားတို့အိမ်သား တစ်သိုက်လည်း စစ်ဘေးမှလွတ်ရာ ရန်ကုန်မှ ထွက်ခွာလာရ၏။ ဦးစွာ မှော်ဘီ သရက်တောလမ်းထဲ၌ ခေတ္တအိမ်ငှားနေကြ၏။ ထိုမှတစ်ဖန် ရန်ကုန်မြို့ကို အင်္ဂလိပ်တို့က မြေလှန်ဖျက်ဆီးသည်နှင့် မှော်ဘီမြို့၌ မနေရဲတော့သဖြင့် ချောင်းဝရွာသို့ ပြေးကြရပြန်သည်။ ထိုတွင်လည်း ဓားပြရန်ကြောက်ရပြန်သဖြင့် ထန်းတပင်သို့ ရွှေ့ရပြန်သည်။ ထိုတွင် ခြေထောက်၌ အနာပေါက်၍ ကောင်းစွာမသက်သာသည့်အပြင် တစ်နေ့တခြား အနာတိုးကာ ၁၉၄၂ ခု ဧပြီ ၁၁ ရက်တွင် အမျိုးသားပညာဝန် စာရေးဆရာကြီး ဦးဖိုးကျားသည် ကွယ်လွန်ခဲ့ရ ရှာလေတော့သည်။
စစ်ပြေးရင်း ၁၉၄၂ ခု၊ ဧပြီလ ဆယ့်တစ်ရက်နေ့တွင် ကွယ်လွန်ပါတော့သည်။ မြို့ခံလူများလည်း ဦးဖိုးကျား၏ အသုဘကို တောထုံးစံငါးရက်ထားပြီးနောက် ဧပြီလ ဆယ့်ခြောက်ရက်နေ့တွင် [[ထန်းတပင်မြို့]]ထိပ် ဘုန်းကြီးကျောင်းအနီးရှိ [[သုသာန်]]၌ မြေမြှုပ်သဂြိုဟ်ခဲ့လေသည်။ ၁၉၅၃ ခုနှစ်တွင် ယဉ်ကျေးမှုဝန်ကြီးဖြစ်နေသူ ဦးထွန်းဖေ၊ [[ဗမာ့ခေတ်သတင်းစာ]] [[အယ်ဒီတာ]] [[ဦးအုန်းခင်]]၊ စာရေးဆရာ [[ဦးရန်အောင်]]တို့နှင့် [[ပုသိမ်ခရိုင်]]အသင်းတို့ ပူးပေါင်းကမ္မကထပြု၍ ထန်းတပင် သုသာန်မှ ဦးဖိုးကျား ၏ အရိုးကို တူးဖော်ခဲ့ကြသည်။ ထို့နောက် (အရိုးအိုးကို) ရန်ကုန်သို့ ယူဆောင်ကာ ထိုစဉ်က ကြံတောသုသာန်၌ ဂူသွင်း၍ အောက်ပါအတိုင်း ကမ္ပည်းထိုးခဲ့ကြပါသတည်း။
 
:စာရေးဆရာကြီး အမျိုးသားပညာဝန်
:ဦးဖိုးကျား