ဝီကီပီးဒီးယား:ဆောင်းပါးတို: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး description of stubs
အရေးမကြီး basic info about stubs
စာကြောင်း ၄ -
 
[[:Category:stubs]]
 
== မိတ်ဆက် ==
ဆောင်းပါး (article) တစ်ပုဒ်သည် သက်ဆိုင်ရာအကြောင်းအရာနှင့် ပတ်သက်၍ အသုံးဝင်သည့် အချက်အလက်များပါရှိသော်လည်း စာတစ်ကြောင်းတည်း၊ သို့မဟုတ် စာကြောင်းရေအနည်းငယ်သာပါသောကြောင့် စွယ်စုံကျမ်းပါဆောင်းပါးဟု မခေါ်ဆိုနိုင်လောက်အောင် တိုတောင်းပါက၊ ၎င်းဆောင်းပါးကို '''ဆောင်းပါးတို''' (stub) ဟုခေါ်သည်။ ဆောင်းပါးမဟုတ်သော စာမျက်နှာများဖြစ်သည့် ကွဲပြားခြားနားမှု (disambiguation) စာမျက်နှာများ၊ စာရင်း (list) များ၊ အမျိုးအစား (category) များ၊ တမ်းပလိတ် (template) ခေါ် ပုံစံခွက်များ၊ ဆွေးနွေးချက်စာမျက်နှာ (talk page) များ၊ နှင့် အညွှန်းပြောင်း (redirect) စာမျက်နှာများကို ဆောင်းပါးတိုများအဖြစ် မသတ်မှတ်ပါ။
 
ဆောင်းပါးတိုတစ်ပုဒ်တွင် အတည်ပြုနိုင်သော အချက်အလက် (verifiable information) ပါဝင်မှု နည်းပါးလွန်းနေလျှင်သော်လည်းကောင်း၊ ဆောင်းပါးပါအကြောင်းအရာသည် အရေးပါမှုတစ်စုံတစ်ရာ (notability) ရှိပုံမရလျှင်သော်လည်းကောင်း၊ ၎င်းဆောင်းပါးတိုကို ဖျက်သိမ်းခြင်း၊ သင့်တော်ရာအခြားဆောင်းပါးတစ်ပုဒ်နှင့် ပေါင်းစည်းခြင်းတို့ ပြုလုပ်နိုင်သည်။
 
အကြောင်းအရာတစ်ခု၏ အဓိပ္ပာယ်သတ်မှတ်ချက် (definition) သက်သက်သာပါသော စာတစ်ပုဒ်သည် ဆောင်းပါးတိုတစ်ခုဖြစ်နိုင်သော်လည်း '''ဝီကီပီးဒီးယားသည် အဘိဓာန်တစ်ခုမဟုတ်ကြောင်း''' သတိပြုသင့်သည်။ အဘိဓာန်ပါစာတစ်ပုဒ်နှင့် စွယ်စုံကျမ်းပါစာတစ်ပုဒ်ကို အောက်ပါအတိုင်း ခွဲခြားကြည့်နိုင်သည်။
 
* '''အဘိဓာန်''' (dictionary) ပါစာတစ်ပုဒ်မှာ စာတစ်လုံး သို့မဟုတ် စာစုတစ်ခု၏အကြောင်းဖြစ်သည်။ တစ်ခါတစ်ရံတွင် ၎င်းစာလုံး သို့မဟုတ် စာစု တစ်ခုတည်း၌ပင် တစ်ခုထက်ပိုသော အဓိပ္ပာယ်အမျိုးမျိုးရှိနိုင်သည်။ သာဓကအားဖြင့် “ဘီး” ကို အဘိဓာန်တစ်ခုတွင် အဓိပ္ပာယ်ဖွင့်ပါက လိမ့်သည့် ဘီး နှင့် ဆံပင်ဖြီးသည့် ဘီး ဟူသည့် အဓိပ္ပာယ်နှစ်မျိုးလုံး ပါရှိမည်ဖြစ်ပြီး၊ အဘိဓာန်ပါစာ၏ အဓိကရည်ရွယ်ချက်မှာ “ဘီး” ဆိုသည့် '''စကားလုံးကို အဓိပ္ပာယ်ဖွင့်ရန်''' ဖြစ်သည်။
 
* '''စွယ်စုံကျမ်း''' (encyclopedia) ပါစာတစ်ပုဒ်မှာ စာတစ်လုံး သို့မဟုတ် စာစုတစ်ခုက ဆိုလိုသည့် အကြောင်းအရာအကြောင်းဖြစ်သည်။ အများအားဖြင့် ထိုစာလုံး/စာစုက ဆိုလိုသည့် အဓိပ္ပာယ်တစ်မျိုးတည်းအကြောင်း၊ (သို့မဟုတ် နီးစပ်ဆင်တူသည့် အဓိပ္ပာယ်တစ်စုအကြောင်း) သာ ပါရှိသည်။ သာဓကအားဖြင့် လိမ့်သည့် ဘီး အကြောင်းရေးသည့် ဆောင်းပါးတွင် ဘီးတို့ စတင်ဖြစ်ပေါ်လာပုံသမိုင်းကြောင်း၊ ဘီးကို အသုံးပြုပုံအမျိုးမျိုး အစရှိသည်တို့ ပါရှိမည်ဖြစ်ပြီး၊ စွယ်စုံကျမ်းပါစာ၏ အဓိကရည်ရွယ်ချက်မှာ “ဘီး” ဆိုသည့် '''စကားလုံးကိုသုံး၍ အမှတ်သညာပြုထားသည့် အကြောင်းကိစ္စ၊ အရာဝတ္ထုအကြောင်း ခြုံငုံ၍ရေးရန်''' ဖြစ်သည်။