ဝီကီပီးဒီးယား:ဆောင်းပါးတို: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး fixed more interwiki style
အရေးမကြီး →‎စံပြဆောင်းပါးတို: အပေါက်အကျပြင်ခြင်း
စာကြောင်း ၃၄ -
ဆောင်းပါးတိုအသစ်တစ်ပုဒ် ရေးမည်ဆိုပါက မိမိရေးမည့် အကြောင်းအရာကိစ္စကို အဓိပ္ပာယ်ဖွင့်ခြင်း၊ သရုပ်ဖော်ပြခြင်းဖြင့် စတင်နိုင်သည်။ ထိုသို့အဓိပ္ပာယ်ဖွင့်ဆိုရာတွင် ကြုံလေ့ရှိသည့် [[:en:Fallacies of definition|ယုတ္တိဗေဒအလွဲများ]] (fallacies of definition) ကို ရှောင်ကြဉ်ပါ။ ရေးသားရာတွင်လည်း အချက်အလက်ကျကျ ရှင်းရှင်းလင်းလင်းရေးပါ။ သာဓကပြရသော်၊ ပုဂ္ဂိုလ်တစ်ဦးအကြောင်းရေးမည်ဆိုပါက အမည်နှင့် ဘယ်အတွက် ကျော်ကြားရသည်၊ နေရာဒေသတစ်ခုအကြောင်းဆိုလျှင် တည်ရာဒေသနှင့် ဘယ်အတွက်ကျော်ကြားသည်၊ ဖြစ်ရပ်တစ်ခုဆိုလျှင် ဖြစ်ရပ်၏ ကျောရိုးနှင့် မည်သည့်အချိန်က ဖြစ်ခဲ့သည် စသည်တို့ကို ရေးသားနိုင်ပါသည်။
 
ပြီးလျှင် ရေးခဲ့ပြီးသည့် အခြေခံ အဓိပ္ပာယ်ဖွင့်ဆိုချက်၊ ဖော်ပြချက်တို့ကို မူတည်၍ ဖြည့်စွက်ရေးသားပါ။ သင့်တော်သည့် စကားလုံးများကို သက်ဆိုင်ရာ ဝီကီဆောင်းပါးနှင့် ချိတ်ဆက်ညွှန်းဆိုပါ၊ သို့မှသာ ထိုစကားလုံးများနှင့် မရင်းနှီးသည့် စာဖတ်သူတို့ ဆက်လက်လေ့လာနိုင်မည်ဖြစ်သည်။ ထိုသို့ချိတ်ဆက်ရာတွင်လည်း မလိုအပ်ဘဲ ချိတ်ဆက်ခြင်းမဖြစ်ရန် သတိပြုပါ။ ဆက်လက်လေ့လာခြင်းမပြုဘဲ နားမလည်နိုင်သည့် စကားလုံးများကိုသာ ချိတ်ဆက်ရန် သတိပြုပါ။ နောက်ဆုံးထပ်မံ သတိပြုရန်မှာ အကိုးအကားညွှန်းဆိုခြင်းကို မမေ့မလျော့ပြလုပ်ရန်မမေ့မလျော့ပြုလုပ်ရန် ဖြစ်ပါသည်။
 
ဤသို့ဖြင့် မိမိစတင်ရေးသားကာ သိမ်းဆည်းပြီးသည့် ဆောင်းပါးတိုကို အခြားအသုံးပြုသူများက ဆက်လက်ဖြည့်စွက် ရေးသားနိုင်မည်ဖြစ်သည်။