အလံဖြူ ကွန်မြူနစ်ပါတီ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ဥာ +ဉာ, -ဥ် +ဉ်, -ုွ +ွု, -ံွ +ွံ, -ှွ +ွှ, -ံု +ုံ, -စျ +ဈ, -သြ +...
စာကြောင်း ၉၄ -
== ပါလီမန် ဒီမိုကရေစီခေတ် မြေပေါ် ဗမာပြည် ကွန်မြူနစ် ပါတီ ==
 
[[ပိုလန်]] နိုင်ငံတွင် စက်တင်ဘာ ၂၂ ရက်နေ့ ၁၉၄၇ ခုနှစ်တွင် ကျင်းပသော ပထမ [[ပထမ ကိုမင်ဖောင် အစည်းအဝေး]]တွင်အစည်းအဝေးတွင် [[ဆိုဗီယက်]] ကိုယ်စားလှယ် [[အန်ဒရိုင်း ဇဒန်နော့ဗ်]] က သူ၏ တင်ပြချက်တွင် [[ကမ္ဘာ]]နိုင်ငံများအား အပိုင်း နှစ်ပိုင်း ခွဲခြား၍ ပြောကြား သွားသည်။ [[အမေရိကန်]] ဦးဆောင်သော [[ဒီမိုကရေစီ]] ဝါဒကို ဆန့်ကျင်သည့် [[နယ်ချဲ့]]များ အုပ်စုနှင့် [[ဆိုဗီယက်]] ပြည်ထောင်စု မှ ဦးဆောင်သော [[ဒီမိုကရေစီ]] ဝါဒ လက်ကိုင်ထားသော [[နယ်ချဲ့]] ဆန့်ကျင်သည့် အုပ်စု ဟူ၍ ခွဲခြား သွားသည်။ သူက [[ကမ္ဘာစစ်]]ကြီးကြောင့် [[နယ်ချဲ့]]နိုင်ငံကြီးများက အားနည်းနေသော်လည်း သူတို့၏ [[ကိုလိုနီ]] ဟောင်းများတွင် မြန်မာပြည်နှင့် အိန္ဒိယတွင် နယ်ချဲ့ ဩဇာခံ အမျိုးသား [[ဓနရှင်]]များကို [[အာဏာ]] ပေးအပ်ခြင်း ဖြင့် လည်းကောင်း၊ [[ဗီယက်နမ်]]နှင့် [[အင်ဒိုနီးရှား]]တို့တွင် [[လွပ်လပ်ရေး လှုပ်ရှားမှု]]များကို တိုက်ခိုက် ခြင်းဖြင့် လည်းကောင်း ဩဇာကို ပြန်လည်ရရှိရန် ကြိုးစားနေကြပြီ ဟု သတိပေးသွားသည်။
 
၁၉၄၇ ခုနှစ် နိုဝင်ဘာ ၈ရက်နေ့ [[အမျိုးသားနေ့]]တွင် [[ဦးနု]]က ဆိုရှယ်လစ် တပ်ပေါင်းစုကြီး တစ်ခု ဖွဲ့စည်းရန် ကွန်မြူနစ် ပါတီနှင့် [[ပြည်သူ့ရဲဘော်များ]] (လွပ်လပ်ရေး တိုက်ပွဲမှ [[ဗိုလ်ချုပ်အောင်ဆန်း]] သစ္စာခံ [[စစ်ပြန်]]များ) ကို အကြံပြုခဲ့သည်။ ကွန်မြူနစ် များက [[ဗြိတိသျှ ဓနသဟာရ]] နိုင်ငံ တစ်နိုင်ငံ အဖြစ် [[မြန်မာ]]ပြည်ကို ကျန်ရှိနေစေသည့် [[စာချုပ်]]ကို ကန့်ကွက်ရန် မဲဆွယ်ခဲ့မှုများနှင့် [[ဦးနု]]၏ ကွန်မြူနစ်များ၏ လက်နက်စုဆောင်းနေမှု အပေါ် ဝေဖန်မှုများကြောင့် အဆင်ပြေပြေ မဖွဲ့စည်း နိုင်ခဲ့ချေ။ ဒီဇင်ဘာလတွင် ထွက်ခဲ့သော ဗမာပြည် ကွန်မြူနစ် ပါတီမှ [[ဂိုရှယ်]]၏ စာတန်းတွင် ထိုစဉ် နိုင်ငံရေး အခြေအနေနှင့် တော်လှန်ရေး ဗျူဟာ တစ်ခုကို လွန်ခဲ့သော ဇန်နဝါရီလမှ "နောက်ဆုံး အာဏာ သိမ်းယူမှု" ဆိုသည့် ဆောင်ပုဒ်ကို ပြန်လည် အသက်သွင်းကာ ထုတ်ပြန်ခဲ့သည်။ ထို့နောက် "ကျွန်အဖြစ်နှင့် ထိမ်းချုပ်ထားမည့် စာချုပ်ကို ဆွဲဆုတ်မည့် အမျိုးသား တော်လှန်ရေး"ကို တိုက်ပွဲ ခေါ်ခဲ့လေသည်။