ဩကာသ ဘုရားရှိခိုး: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး clean up using AWB
No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာကြောင်း ၁၁ -
 
ကာယကံ၊ ဝစီကံ၊ မနောကံ သဗ္ဗဒေါသ ခပ်သိမ်းသော အပြစ်တို့ကို ပျောက်ပါစေခြင်းအကျိုးငှာ ပထမ၊ ဒုတိယ၊ တတိယ၊ တစ်ကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ်တိုင်အောင် ဘုရားရတနာ၊ တရားရတနာ ၊ သံဃာရတနာ ရတနာမြတ်သုံးပါးတို့ကို အရိုအသေ အလေးအမြတ် လက်အုပ်မိုး၍ ရှိခိုးပူဇော် ဖူးမြော်မာန်လျော့ ကန်တော့ပါ၏ အရှင်ဘုရား။ ကန်တော့ရသောအကျိုးအားကြောင့် အပါယ်(၄)ပါး၊ ကပ်(၃)ပါး၊ ရပ်ပြစ်(၈)ပါး၊ ရန်သူမျိုး(၅)ပါး၊ ဝိပ္ပတိတရား(၄)ပါး၊ ဗျသနတရား(၅)ပါးတို့မှ အခါခပ်သိမ်း ကင်းလွတ်ငြိမ်းသည်ဖြစ်၍ မဂ်တရား၊ ဖိုလ်တရား နိဗ္ဗာန်ချမ်းသာတရားတော်မြတ်ကို ရပါလို၏ အရှင်ဘုရား။
 
 
===ဆွမ်း၊ ရေချမ်း၊ ပန်း၊ ဆီမီး ကပ်ရန်===(မဟာဂန္ဓာရုံဆရာတော်ကြီး)
 
*ဆွမ်းတော်ကပ်ရန်
 
ဘုန်းတော်အနန္တ ကံတော်အနန္တ ဉာဏ်တော်အနန္တ
စကြဝဠာ ကမ္ဘာမြေမိုး ဖြန်းဖြန်းကျိုးမျှ တန်ခိုးတော်အနန္တတို့နှင့်
ပြည့်စုံတော်မူသော မြတ်စွာဘုရား
ရှင်တော်မြတ်ဘုရားအား
ခဲဘွယ်ချိုချဉ် ဆွမ်းဘောဇဉ်ကို
ဖြူစင်သဒ္ဓါ စေတနာဖြင့်
ရွှင်ကာစိတ်လန်း လှူဒါန်းပါ၏။
 
ဆုတောင်း
ရသာမွှေးကြူ ဆွမ်းဖွေးဖြူကို
ပေးလှူပါရ ဤပုညကြောင့်
ဘဝတိုင်းဝယ် ပညာကြွယ်လျှက်
မြနှယ်ရွှေနှင့် အနေတင့်
အဆင့်ဆင့်မြင့်ရလို ***
 
*ရေချမ်းကပ်ရန်
ဘုန်းတော်အနန္တ ကံတော်အနန္တ ဉာဏ်တော်အနန္တ
စကြဝဠာ ကမ္ဘာမြေမိုး ဖြန်းဖြန်းကျိုးမျှ တန်ခိုးတော်အနန္တတို့နှင့်
ပြည့်စုံတော်မူသော မြတ်စွာဘုရား
ရှင်တော်မြတ်ဘုရားအား
စမ်းသီတဂူ ရေဖြူဖြူကို
ဖြူစင်သဒ္ဓါ စေတနာဖြင့်
ရွှင်ကာစိတ်လန်း လှူဒါန်းပါ၏။
 
ဆုတောင်း
ကြည်လင်အေးမြ ရေလှူရ၍
ဘဝတိုင်းဝယ် ပညာကြွယ်လျှက်
ကိုယ်ဝယ်တွင်းပြင် ညစ်ကြေးစင်
ကြည်လင်အေးမြလို ***
 
*ပန်းကပ်ရန်
ဘုန်းတော်အနန္တ ကံတော်အနန္တ ဉာဏ်တော်အနန္တ
စကြဝဠာ ကမ္ဘာမြေမိုး ဖြန်းဖြန်းကျိုးမျှ တန်ခိုးတော်အနန္တတို့နှင့်
ပြည့်စုံတော်မူသော မြတ်စွာဘုရား
ရှင်တော်မြတ်ဘုရားအား
ရနံ့မွေးကြူ ပန်းဆူဆူကို
ဖြူစင်သဒ္ဓါ စေတနာဖြင့်
ရွှင်ကာစိတ်လန်း လှူဒါန်းပါ၏။
 
ဆုတောင်း
အနံ့လည်းသင်း အဆင်းလည်းလှ
ပန်းလှူရ၍ ဘဝတိုင်းဝယ်
ပညာကြွယ်လျှက် သွယ်သွယ်ဂုဏ်နှင့်
အစုံဆင့် ထုံသင်းကြိုင်ရလို ***
 
*ဆီမီးကပ်ရန်
ဘုန်းတော်အနန္တ ကံတော်အနန္တ ဉာဏ်တော်အနန္တ
စကြဝဠာ ကမ္ဘာမြေမိုး ဖြန်းဖြန်းကျိုးမျှ တန်ခိုးတော်အနန္တတို့နှင့်
ပြည့်စုံတော်မူသော မြတ်စွာဘုရား
ရှင်တော်မြတ်ဘုရားအား
ရောင်ဝါထိန်ညီး မြတ်ဆီမီးကို
ပိုပြီးသဒ္ဓါ စေတနာဖြင့်
ရွှင်ကာစိတ်လန်း လှူဒါန်းပါ၏။
 
ဆုတောင်း
ထွန်းလင်းတောက်ပ မီးလှူရ၍
ဘဝတိုင်းဝယ် ပညာကြွယ်လျှက်
လနှယ်နေနှင့် အသေရေတင့်
ဆင့်ဆင့်ထွန်းတောက်လို***
 
== အကျယ် ရှင်းလင်းချက်များ ==