ဗုဒ္ဓဂါယာ: တည်းဖြတ်မှု မူကွဲများ

No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာကြောင်း ၈၇ -
==ဗုဒ္ဓဂယာ သံဝေဇနိယလေးဌာနဘုရားဖူးခရီးစဉ်မှတ်တမ်း==
 
 
၁၃၇၅ ခု ၊ တပေါင်းလဆန်း ၁၂ ရက်၊ (12.3.2014) ဗုဒ္ဓဟူးနေ့။ မိမိတို့ မိသားစုအပါအဝင် မဟာတိုးဗုဒ္ဓဂယာဘုရားဖူးအဖွဲ့နှင့် လိုက်ပါကြမည့် နယ်ပေါင်းစုံမှပုဂ္ဂိုလ်များ ရန်ကုန်အပြည်ပြည််ဆိုင်ရာလေဆိပ်သို့ နံနက်(၁၁)နာရီအရောက် သွားကြသည်။ မိမိအပါအဝင် ရဟန်း(၃)ပါးနှင့် လူပုဂ္ဂိုလ်(၁၆)ဦးဖြစ်သည်။ နေ့လယ်(၁၂) နာရီတွင် လေယာဉ်စထွက်မည်ဖြစ်၍ မဟာတိုးကုမ္ပဏီမှ မိမိအပါအဝင် ရဟန်း(၃)ပါးကို လေဆိပ်အနီးရှိ ထမင်းဆိုင်တွင် နေ့ဆွမ်းကပ်သည်။ လေဆိပ်တွင်စောင့်နေစဉ် ရာပြည့်သုခ၊ မဇ္စျိမအလင်း စသော ဘုရားဖူးအဖွဲ့များနှင့်လည်း ဆုံမိကြ သည်။ လေယာဉ်ထွက်ချိန် မွန်းလွဲ(၁)နာရီသို့ ပြောင်းသွားသည်။ လေယာဉ်ပေါ်တွင် မိမိနှင့် ဗုဒ္ဓဂယာမြန်မာကျောင်း ဆရာတော်ကြီး ဦးဉာဏိန္ဒတို့ ထိုင်ခုံချင်းကပ်လျက် အတူထိုင်ရသည်။ ဆရာတော်ကြီးသည် သံဃမဟာနာယက အစည်းအဝေးအတွက် ကြွလာရခြင်းဖြစ်ကြောင်း သိရသည်။ ရန်ကုန်လေဆိပ်မှ ဂယာလေဆိပ်သို့ တိုက်ရိုက်ပျံသန်းချိန် (၂)နာရီ(၁၀)မိနစ် ကြာမြင့်သည်။ မြေပြင်ပေါ်သို့ ဆင်းသက်ခါနီးတွင် ဗုဒ္ဓဂယာဆရာတော်ကြီးက ဒုက္ကရစရိယာတောင်နှင့် နေရဥ္ဇရာမြစ်ကို ပြသသဖြင့် ဖူးမြော်ခွင့်ရသည်။
ဘုရားရှင်အဆူဆူပွင့်တော်မူရာ အတုမဲ့အောင်မြေရှိ မဟာဗောဓိစေတီ
*မြေပြင်ပေါ်သို့ ဆင်းသက်ခါနီးတွင် ဗုဒ္ဓဂယာဆရာတော်ကြီးက ဒုက္ကရစရိယာတောင်နှင့် နေရဥ္ဇရာမြစ်ကို ပြသသဖြင့် ဖူးမြော်ခွင့်ရသည်။
 
 
*ဘုရားရှင်အဆူဆူပွင့်တော်မူရာ အတုမဲ့အောင်မြေရှိ မဟာဗောဓိစေတီ
လေဆိပ်တွင် လူစုံအောင်စောင့်ပြီးနောက် မြန်မာဘုန်းတော်ကြီးကျောင်းသို့ သွားကြသည်။ ဂိုက်လုပ်သူ ကိုကျော်အောင်က မနက်ဖြန်နံနက်ကျမှ မဟာဗောဓိစေတီတော်ကို အေးအေးဆေးဆေးလာဖူးကြမည်၊ ယခုခေတ္တ ဝင်ဖူးမည်ဟု ပြောသည်။ မိမိတို့အဖွဲ့များ မဟာဗောဓိစေတီတော်သို့ ဝင်ရောက်ဖူးမြော်ကြသည်။ (2013)ခု ဇူလိုင်လ၌ မဟာဗောဓိပင်အနီး ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးနောက် လုံခြုံရေးအထူးတင်းကြပ်ထားသည်။ ယခင်ကလို ဝင်ချင်သည့် နေရာမှ ဝင်လို့မရတော့။ လူနှစ်ရပ်ခန့်ရှိ အုတ်တံတိုင်းကြီးများဖြင့် ကာရံထားပြီး ဝင်ပေါက်နှင့်ထွက်ပေါက်ကို သီးသန့်ခွဲခြား ထားသည်။ အမျိုးသားနှင့် အမျိုးသမီးကိုလည်း ခွဲခြားထားသည်။ စစ်ဆေးရေးဂိတ်နှစ်ဆင့်၌ စစ်ဆေးရေး ကိရိယာများဖြင့် အစစ်ဆေးခံပြီးမှသာ ဝင်ခွင့်ပြုသည်။ ဖုန်းများလုံးဝယူဆောင်ခွင့်မပြု။ ကင်မရာများလည်း ရူပီငွေ(၁၀၀)ပေးမှသာ ယူဆောင်ခွင့်ပြုသည်။
မဟာဗောဓိရုပ်ပွားတော်၊ ဗောဓိပင်နှင့်ရွှေပလ္လင်တော်တို့ကို ဖူးမြော်၍ စရိယာပိဋကပါဠိတော်လာ ပါရမီ(၁၀)ပါး ဂါထာများနှင့် ဇိနာလင်္ကာရကျမ်းလာ ဘုရားအဖြစ်သို့ရောက်ရှိပုံဂါထာများကို ရွတ်ဆို၍ ရှိခိုးပူဇော်သည်။ ပြီးနောက် မြန်မာကျောင်းသို့ သွားကြသည်။ ညနေပိုင်း၌ မဟာဗောဓိစေတီတော်ကို နောက်တစ်ကြိမ်ထပ်ဖူးကြသည်။ ပြည်ပ ဘုရားဖူးအဖွဲ့များသာမက ပြည်တွင်းဘုရားဖူးအဖွဲ့လည်း အတော်များများလာကြသည်။ ယခင်အခေါက်များက အိန္ဒိယ နိုင်ငံသားဘုရားဖူးများကို သိပ်မတွေ့ရ။ ယခု အတော်များများလာကြသည်ကိုတွေ့ရ၍ ဝမ်းမြောက်ဝမ်းသာ ဖြစ်ရသည်။ အတိုင်းတိုင်းအပြည်ပြည်မှ လာရောက်ဖူးမြော်ကြသော ဘုရားဖူးများဖြင့် နေ့ညမစဲ အမြဲစည်ကားနေခြင်းကလည်း ပူဇော် အထူးကို ခံယူတော်မူထိုက်သော အရဟံဂုဏ်တော်ကို ပေါ်လွင်ထင်ရှားစေသည်။ လူပုဂ္ဂိုလ်များသာမက နတ်ဗြဟ္မာများ၊ ဝိဇ္ဇာ၊ ဇော်ဂျီ၊ တပဿီများလည်း အမြဲလာရောက်ဖူးမြော်ကြလိမ့်မည်ဟု ယုံကြည်မိပါ၏။
*(13.3.2014) နံနက်စာစားပြီး သုဇာတာ ဃနာနို့ဆွမ်းကပ်လှူသောနေရာသို့ သွားရောက်ဖူးမြော်ကြသည်။ သုဇာတာသူဌေးသမီးက ဃနာနို့ဆွမ်းကပ်လှူနေပုံကို ထုလုပ်ထားသည်။ ရုပ်ပွားတော်နှင့် ဦးခေါင်းတော်အရွယ်အစားတို့ ညီညွတ်မှုမရှိ၊ ဦးခေါင်းတော်က သေးနေသည်။ ဦးခေါင်းတော်များ ရိုက်ချိုးဖျက်ဆီးခြင်းခံရ၍ အသစ်ပြန်ပြုပြင်ထား ခြင်းဖြစ်ကြောင်း သိရသည်။ ဤနေရာ၌ သုဇာတာသူဌေးသမီးသည် သားဆုပန်ရာ ဆုတောင်းပြည့်သဖြင့် ရုက္ခစိုးနတ်ကို နှစ်စဉ်ဃနာနို့ဆွမ်း လာရောက်ပူဇော်ခြင်းဖြစ်သည်။ ညောင်ပင်အောက်၌ တရားအားထုတ်နေသော ဘုရားအလောင်း တော်ကို ရုက္ခစိုးနတ်ဟု မှတ်ထင်ပြီး ရွှေခွက်နှင့်တကွ ဃနာနို့ဆွမ်းကို ဆက်ကပ်လှူဒါန်းသည်။ အလောင်းတော်က ဘုဉ်းပေးပြီးနောက် ရွှေခွက်ကို နေရဥ္ဇရာမြစ်အတွင်းသို့ အဓိဋ္ဌာန်ပြု၍ မျှောသည်။ ရွှေခွက်မျှောသောနေရာ အထိမ်း အမှတ်အဖြစ် ရပ်တော်မူ ဗုဒ္ဓရုပ်ပွားတော်တစ်ဆူကို နေရဥ္ဇရာမြစ်အနီး၌ တည်ထားသည်။ မြစ်ဟုဆိုသော်လည်း နွေရာသီတွင်ရေမရှိ၊ မိုးတွင်းကျမှသာ ကမ်းပြည့်ကမ်းလျှံ ရေစီးဆင်းသည်ဟု သိရ၏။ တောင်မှမြောက်သို့ စီးဆင်းနေသောမြစ်ဖြစ်သည်။ ကာဠနဂါး၏ ဘုံဗိမာန်ကား ဤမြစ်အောက်တွင် ရှိပေလိမ့်မည်။
ဃနာနို့ဆွမ်းကပ်လှူသောနေရာကို ဖူးမြော်ပြီးနောက် သေနာနိဂုံးရှိ သုဇာတာသူဌေးသမီးအိမ်ရာ၌ တည်ထား သောစေတီကြီးကို သွားရောက်ဖူးမြော်ကြသည်။ ဘုရားရှင်အား ကပ်လှူမည့်ဆွမ်းကို ချက်ပြုတ်ရာနေရာဖြစ်သောကြောင့် အသောကမင်းကြီးက တည်ထားခဲ့ခြင်းဖြစ်ကြောင်း ဂိုက်ဆရာတော်က ရှင်းပြသည်။ ယခင်က မြေကြီးကုန်းမျှသာ ဖြစ်သော်လည်း (2002)ခုနှစ်နောက်ပို်င်းတွင် ပြန်လည်တူးဖော်ခဲ့ရာ စေတီတော်ကြီး ပြန်လည်ပေါ်ထွက်လာသည်။ မိမိ၏စိတ်အာရုံတွင် ဃနာနို့ဆွမ်းချက်ရာ၌ နတ်ဗြဟ္မာများ ဝိုင်းဝန်းကူညီဆောင်ရွက်ကြပုံကို မှန်းဆကြည်ညိုမိသည်။ ဘုရားဖြစ်မည့်နေ့တွင် ဘုဉ်းပေးရသောဆွမ်းဖြစ်၍ အခြားသောဆွမ်းများထက် အကျိုးအာနိသင် ကြီးမားကြောင်း ဟောကြားတော်မူခဲ့သည်ကိုလည်း အမှတ်ရမိသည်။ လှူဒါန်းခွင့်ရသော သုဇာတာသူဌေးသမီးသည်လည်း အရတော်ပါ ပေစွ။ ကုသိုလ်ကံထူးပါပေစွ။ နှစ်ပေါင်း(၂၆၀၀)ကျော်ပြီဖြစ်သော်လည်း သုဇာတာ၏အမည်ကား ယနေ့တိုင်အောင် မဟာဗောဓိနယ်မြေတစ်ခွင်၌ ထင်ရှားသောအမည်နာမအဖြစ် နေရာတိုင်းတွင် တွေ့နေရဆဲပင်။
*သုဇာတာအိမ်ရာမှအပြန် သုဒ္ဓိယမြက်ထမ်းသမားက ဘုရားအလောင်းတော်အားမြက်ရှစ်ဆုပ်လှူဒါန်းသောနေရာ ကို ဝင်ရောက်ဖူးမြော်ကြသည်။ ကားလမ်းနံဘေးရှိ အဆောက်အဦးငယ်တစ်ခုတွင် မြက်ရှစ်ဆုပ် လှူဒါန်းနေပုံထုလုပ် ထားပြီး ရှေးဟောင်းသမိုင်းဝင်နေရာအဖြစ် ဆိုင်းဘုတ်ဖြင့်ရေးသားမှတ်တမ်းတင်ထားသည်။
 
*၎င်းနောက် မဟာဗောဓိစေတီတော်သို့သွား၍ သင်္ကန်းကပ်လှူကြသည်။ ဂိုက်ဆရာတော်က အလောင်းတော် သည် ဗောဓိပင်နှင့် ရွှေပလ္လင်တော်တွင် မာရ်(၅)ပါးကို အောင်မြင်တော်မူ၍ ဘုရားအဖြစ်သို့ ရောက်ရှိပုံ၊ ဗောဓိပင်ရင်း၌ ဖလသမာပတ်ဝင်စား၍ (၇)ရက်တိုင်တိုင် ပထမသတ္တာဟအဖြစ်စံနေတော်မူပုံ၊ ဒုတိယသတ္တာဟအဖြစ် ဗောဓိပင်နှင့် ရွှေပလ္လင်တော်ကို မမှိတ်သောမျက်စိဖြင့်ရှုစား၍ (၇)ရက်တိုင်တိုင်စံနေတော်မူပုံ၊ တတိယသတ္တာဟအဖြစ် ရတနာစင်္ကြ ံ တော်ကို ဖန်ဆင်း၍ (၇)ရက်တိုင်တိုင် စင်္ကြ ံကြွ၍ စံနေတော်မူပုံ၊ စတုတ္ထသတ္တာဟအဖြစ် အဘိဓမ္မာ(၇)ကျမ်းကို ဆင်ခြင် တော်မူ၍ (၇)ရက်တိုင်တိုင် ရတနာဃရစံအိမ်တော်တွင် စံနေတော်မူပုံ၊ ပဥ္စမသတ္တာဟအဖြစ် ဆိတ်ကျောင်းညောင်ပင် ရင်းတွင် ဖလသမာပတ်ဝင်စား၍ (၇)ရက်တိုင်တိုင်စံနေတော်မူပုံ၊ ဆဋ္ဌမသတ္တာဟအဖြစ် မုစလိန္ဒာရေအိုင် အနီးတွင် ဖလသမာပတ်ဝင်စား၍ (၇)ရက်တိုင်တိုင်စံနေတော်မူပုံ၊ သတ္တမသတ္တာဟအဖြစ် ရာဇာယတနလင်းလွန်းပင် အရင်း၌ ဖလသမာပတ်ဝင်စား၍ (၇)ရက်တိုင်တိုင်စံနေတော်မူပုံ တို့ကို ရှင်းလင်းပြသည်။ သတ္တဋ္ဌာနတွင် လှည့်လည် ဖူးမြော်ကြပြီးနောက် အချိန်စောနေသေး၍ မြန်မာကျောင်းသို့ မပြန်သေးဘဲ ဗောဓိပင်အောက်တွင် နေခဲ့သည်။
မဟာဗောဓိဌာနကား ဘုရားရှင်အဆူဆူတို့၏ အတုမဲ့အောင်မြေဖြစ်၏။ သံသရာနှင့်ချီ၍ ကြာခဲ့သော ကိလေသာတို့ကို အနုသယဓာတ်ပါမကျန်အောင် အကြွင်းမဲ့ခြေမှုန်းပစ်ရာ ဌာနကြီးဖြစ်၏။ ကိလေသာဟူသမျှ မြူမျှ မကျန်အောင် ခြေမှုန်းနိုင်သဖြင့် ကိလေသဝဋ်၊ ကမ္မဝဋ်၊ ဝိပါကဝဋ်ဟူသော ပဋိစ္စသမုပ္ပါဒ် စက်ရဟတ်ကြီး လည်ပတ်ခွင့်မရတော့ဘဲ သံသရာခရီး ပြီးဆုံးသွားတော့၏။ ဘုရားရှင်အဆူဆူတို့ ကိလေသာရန်သူကို အောင်မြင်ရာဌာန ဖြစ်၍ ကမ္ဘာတည်သောအချိန်တွင် ပထမဦးဆုံးတည်လာပြီး ကမ္ဘာပျက်သောအခါ၌လည်း နောက်ဆုံးအချိန်မှ ပျက်ရ၏။ ကမ္ဘာတည်ကာစအချိန်က ကြာရေကန်ကြီးရှိပြီး ဘုရားတစ်ဆူပွင့်မည့်ကမ္ဘာဖြစ်ပါက ကြာတစ်ပွင့် ပွင့်လာစမြဲဖြစ်၏။ ဤမျှထူးမြတ်လှသော နေရာဌာနကို ဖူးမြော်ခွင့်ရကြသူအပေါင်းတို့သည်လည်း ကုသိုလ်ကံထူးလှပါပေသည်။ မိမိသည် မဟာဗောဓိပင်အောက်၌ထိုင်၍ ရတနသုတ်၌လာသော ဂေါတမဘုရားအလောင်းတော် ဒီပင်္ကရာမြတ်စွာဘုရား အထံ တော်၌ ဗျာဒိတ်ခံယူပုံ၊ ပါရမီ(၁၀)ပါး၊ စွန့်ခြင်းကြီး(၅)ပါး၊ စရိယ(၃)ပါးတို့ကို ဖြည့်ကျင့်ပုံ၊ ဗောဓိပင်နှင့်ရွှေပလ္လင်၌ မာရ်(၅)ပါးကို အောင်မြင်တော်မူပုံတို့ကို အာရုံပြု၍ ဗုဒ္ဓါနုဿတိဘာဝနာပွားပြီး နေ့လယ်စာ စားချိန်အမီ မြန်မာကျောင်း သို့ ပြန်ခဲ့သည်။
 
*မဟာဗောဓိဌာနကား ဘုရားရှင်အဆူဆူတို့၏ အတုမဲ့အောင်မြေဖြစ်၏။ သံသရာနှင့်ချီ၍ ကြာခဲ့သော ကိလေသာတို့ကို အနုသယဓာတ်ပါမကျန်အောင် အကြွင်းမဲ့ခြေမှုန်းပစ်ရာ ဌာနကြီးဖြစ်၏။ ကိလေသာဟူသမျှ မြူမျှ မကျန်အောင် ခြေမှုန်းနိုင်သဖြင့် ကိလေသဝဋ်၊ ကမ္မဝဋ်၊ ဝိပါကဝဋ်ဟူသော ပဋိစ္စသမုပ္ပါဒ် စက်ရဟတ်ကြီး လည်ပတ်ခွင့်မရတော့ဘဲ သံသရာခရီး ပြီးဆုံးသွားတော့၏။ ဘုရားရှင်အဆူဆူတို့ ကိလေသာရန်သူကို အောင်မြင်ရာဌာန ဖြစ်၍ ကမ္ဘာတည်သောအချိန်တွင် ပထမဦးဆုံးတည်လာပြီး ကမ္ဘာပျက်သောအခါ၌လည်း နောက်ဆုံးအချိန်မှ ပျက်ရ၏။ ကမ္ဘာတည်ကာစအချိန်က ကြာရေကန်ကြီးရှိပြီး ဘုရားတစ်ဆူပွင့်မည့်ကမ္ဘာဖြစ်ပါက ကြာတစ်ပွင့် ပွင့်လာစမြဲဖြစ်၏။ ဤမျှထူးမြတ်လှသော နေရာဌာနကို ဖူးမြော်ခွင့်ရကြသူအပေါင်းတို့သည်လည်း ကုသိုလ်ကံထူးလှပါပေသည်။ မိမိသည် မဟာဗောဓိပင်အောက်၌ထိုင်၍ ရတနသုတ်၌လာသော ဂေါတမဘုရားအလောင်းတော် ဒီပင်္ကရာမြတ်စွာဘုရား အထံ တော်၌ ဗျာဒိတ်ခံယူပုံ၊ ပါရမီ(၁၀)ပါး၊ စွန့်ခြင်းကြီး(၅)ပါး၊ စရိယ(၃)ပါးတို့ကို ဖြည့်ကျင့်ပုံ၊ ဗောဓိပင်နှင့်ရွှေပလ္လင်၌ မာရ်(၅)ပါးကို အောင်မြင်တော်မူပုံတို့ကို အာရုံပြု၍ ဗုဒ္ဓါနုဿတိဘာဝနာပွားပြီး နေ့လယ်စာ စားချိန်အမီ မြန်မာကျောင်း သို့ ပြန်ခဲ့သည်။
မူလအစီအစဉ်အရ ဗုဒ္ဓဂယာတွင် (၂)ညအိပ်ပြီးမှ မိဂဒါဝုန်သို့ ခရီးဆက်ရန်ဖြစ်သော်လည်း (16)(17)ရက်များ သည် ကုလားသင်္ကြန်(Holy ပွဲတော်)ဖြစ်၍ ကားလမ်းများ ပိတ်ဆို့နေမည်စိုး၍ သင်္ကြန်ရက်တွင်း သင်္ကဿသို့ အရောက် သွားရန် ဂိုက်လုပ်သူ ကိုကျော်အောင်က စီစဉ်သည်။ သင်္ကဿကဲ့သို့ ခေါင်သောနေရာတွင်သာ နေရထိုင်ရ အဆင်ပြေနိုင်သဖြင့် ယခုကဲ့သို့ စီစဉ်ရခြင်းဖြစ်သည်။ ၎င်းအစီအစဉ်အရ အပြန်မှသာ ဂယာတွင် (၂)ညအိပ်ရန် အစီအစဉ်ပြောင်းလိုက်ရသည်။
 
တရားဦးဟောတော်မူရာ မိဂဒါဝုန်
 
**တရားဦးဟောတော်မူရာ မိဂဒါဝုန်
 
နေ့လယ်စားစားပြီးနောက် ဗာရာဏသီသို့ ခရီးဆက်ကြသည်။ ဗာရာဏသီသို့မရောက်မီ ဂင်္ဂါမြစ်ကို ဖြတ်ကျော် ခဲ့ရသည်။ ဗာရာဏသီမြို့သည် စည်ကားသောမြို့ဖြစ်၍ မြန်မာကျောင်းသို့ ရုတ်တရက်မရောက်နိုင်။ မိုးချုပ်မှ ဆေးဝင်္ကပါ မြန်မာကျောင်းသို့ ရောက်ရှိသည်။ မူလကျောင်းဆောင်ကြီးအပြင် ဘုရားဖူးများအတွက် တည်းခိုဆောင်ကြီးကိုလည်း အသစ်ဆောက်လုပ်ထားသည်။ ကျောင်းဆောင်အသစ် ဆောက်လုပ်ထားသည်မှာ ခေတ်မီအဆင့်မြင့်သည်။ အခန်းနံပါတ် ကဒ်ပြားထည့်မှ အခန်းတွင် မီးလင်းသည်။ တည်းခိုခဲ့သမျှတွင် ဤတစ်နေရာသာ အဆင့်မြင့်မြင့် တည်ဆောက်ထားသည် ကို တွေ့ရသည်။ ကျောင်းထိုင်ဆရာတော်က မိဂဒါဝုန်သမိုင်း၊ အိန္ဒိယဗုဒ္ဓဘာသာသမိုင်းနှင့် ဆေးဝင်္ကပါမြန်မာကျောင်း သမိုင်းတို့ကို အကျယ်တဝင့် ရှင်းပြသည်။ ဘာသာအယူဝါဒ၊ ယဉ်ကျေးမှုဓလေ့ထုံးစံ မတူညီသော အိန္ဒိယတွင် အခက် အခဲမျိုးစုံအကြား၌ သာသနာပြုနေရကြောင်းနှင့် ဤကျောင်းတော်ကြီးကို အမှုအမျိုးမျိုးရင်ဆိုင်လျက် ဒေါ်လာ(၆)သန်း အကုန်အကျခံကာ ထိန်းသိမ်းစောင့်ရှောက်နေရကြောင်း မိန့်ကြားသည်။ မြန်မာကျောင်းသည် ဗာရာဏသီမြို့တွင်း၌ တည်ဆောက်ထားသော ကျောင်းဖြစ်၍ မိဂဒါဝုန်နှင့် (၇)မိုင်ဝေးကွာကြောင်း သိရသည်။ သို့ဖြစ်၍ ညပိုင်းတွင် အပြင် ထွက်၍ ဖူးမြော်လေ့လာစရာမရှိ။ တစ်ညတာပြီးကြရတော့သည်။
*(14.3.2014) နံနက်စာ စားပြီးနောက် တရားဦးဓမ္မစကြာဟောတော်မူရာ ဣသိပတနမိဂဒါဝုန်သို့ သွားကြသည်။ မိဂဒါဝုန်သို့ အဝင်တွင် လမ်းဘေး၌ ချောက်ခဏ္ဍီစေတီကို ဝင်ဖူးကြသည်။ ဘုရားရှင်ကို ပဥ္စဝဂ္ဂီငါးပါးက ခရီးဦးကြိုပြုရာ ဌာနဖြစ်သည်။ အသောကမင်းကြီးက ထိုနေရာ၌ စေတီတည်ခဲ့သည်။ ဘာသာခြားမဂိုဘုရင် အက္ကဘာမင်းက သူ့ခမည်းတော် စစ်ရှုံးစဉ်အခါတွင် ပုန်းအောင်းခဲ့သောနေရာဟုဆိုကာ ထိုစေတီအပေါ်၌ မျှော်စင်တည်ဆောက်လိုက်လေ သည်။ သမိုင်းဝင်ဌာနဖြစ်၍ စနစ်တကျထိန်းသိမ်းထားသည်။ ၎င်းနောက် မိဂဒါဝုန်ရှိ ဓမ္မစကြာတရားဟောတော်မူရာ ဓမ္မရာဇိကစေတီနေရာတွင် ဓမ္မစကြာသုတ်တော်ကို စုပေါင်းရွတ်ဆို ကြသည်။ မိမိကမူ သုတ္တနိပါတ်ပါဠိတော်၌လာသော ဟေမဝတသုတ်နှင့် နာလကသုတ်ကိုပါ ရွတ်ဆိုပူဇော်သည်။
ဓမ္မစကြာတရားတော်ကို ဘုရားရှင်ထံမှ နာကြားခဲ့ရသော သာတာဂိရနတ်စစ်သူကြီးက သူငယ်ချင်းဖြစ်သူ ဟေမဝတနတ်စစ်သူကြီးထံသွား၍ ဘုရားရှင်ကိုဖူးမြော်ရန် ဖိတ်ခေါ်သောအခါ ဟေမဝတက ဘုရားစင်စစ်ဟုတ်၊မဟုတ် စစ်တမ်းထုတ်သည်။ အားရကျေနပ်မှုရှိသဖြင့် ဘုရားရှင်ကိုဖူးမြော်၍ တရားနာယူကာ သောတာပန်များ ဖြစ်သွားကြသည်။ ယင်းနတ်စစ်သူကြီး(၂)ဦးတို့ အပြန်အလှန်အမေးအဖြေပြု၍ ဘုရားစစ်တမ်းထုတ်ပုံနှင့် ဘုရားရှင်ထံမှ အာယတန(၆)ပါး နှင့် ပတ်သက်သောဖြေကြားချက်များကို မှတ်တမ်းတင်ထားသည်က ဟေမဝတသုတ် ဖြစ်၏။
နာလကသုတ်ကမူ ဘုရားအလောင်းတော် မွေးဖွားပြီးနောက် တန်ခိုးရှင် ဒေဝီလရသေ့ကြီးက ဤမင်းသားငယ် သည် မုချအမှန် ဘုရားဖြစ်လိမ့်မည်ဟု ဟောကိန်းထုတ်ပြီးနောက် သူကိုယ်တိုင်ကမူ ဘုရားပွင့်သည့်အချိန်တိုင်အောင် အသက်ရှည်တော့မည် မဟုတ်သဖြင့် တူဖြစ်သူ နာလကအား ဘုရားပွင့်လျှင် နည်းခံအားထုတ်ခွင့်ရအောင် လမ်းညွန် ခဲ့သည်။ ဘုရားပွင့်လာသောအခါ မိဂဒါဝုန်သို့ လိုက်လာပြီး မောနေယျအကျင့်တရားကို ဟောကြားပါရန် လျှောက်ထား ချက်အရ ဘုရားရှင်က ခက်ခဲပြင်းထန်သော မောနေယျအကျင့်တရားကို ဟောပြသောသုတ်ဖြစ်သည်။ ထိုနှစ်သုတ်လုံး မိဂဒါဝုန်၌ ဟောခဲ့သည်ဖြစ်၍ အမှတ်တရ ရွတ်ဆိုပူဇော်ခဲ့သည်။
*၎င်းနောက် နန္ဒိယသူဌေးကြီး ဆောက်လုပ်လှူဒါန်းခဲ့သော ကျောင်းတော်ရာကို လှည့်လည်ဖူူးမြော်ကြသည်။ အလွန်ကြီးမားသော ကျောင်းတော်ကြီးဖြစ်ပြီး အလျားပေ(၂၀၀)ခန့် ရှိသည်။ အုတ်နံရံထုကြီးမှာ (၁၀)ပေခန့်ရှိသည်။ အသောကမင်းကြီးက ပြန်လည်ပြုပြင်ခဲ့ခြင်းဖြစ်သည်။ တရုတ်ရဟန်းတော်ဟူယင်ဆန် ဘုရားဖူးလာသောခေတ်က ပေ(၂၀၀)ခန့်မြင့်သော (၇)ထပ်တိုက်ကျောင်းကြီးအဖြစ် မြင်တွေ့ခဲ့ရသည်ဟု မှတ်တမ်းတင်ထားသည်။ နန္ဒိယကျောင်း တော်ကြီး ကို ဖူးမြော်ရသောအခါ ဓမ္မပဒပါဠိတော်မှ “စိရပ္ပဝါသိံ ပုရိသံ၊ ဒူရတော သောတ္ထိ မာဂတံ” အစရှိသော ဂါထာကိုလည်း အမှတ်ရမိသည်။ ကျောင်းရေစက်ချအပြီး မသေမီကတည်းက တာဝတိံသာနတ်ပြည်၌ ဘုံဗိမာန် ပေါ်ပေါက်နေသည်ကို အရှင်မဟာမောဂ္ဂလာန်က မြင်တွေ့ခဲ့ရသဖြင့် ဘုရားရှင်ကို လျှောက်ထားသည်။ ဘုရားရှင်က “နှစ်ပေါင်းများစွာ ကွဲကွာနေသော ရပ်ဝေးခရီးမှ ချမ်းသာစွာ ပြန်ရောက်လာသူကို ဆွေမျိုးအပေါင်းက ဝမ်းမြောက်ဝမ်းသာ ကြိုဆိုကြသကဲ့သို့ ကောင်းမှုရှင်ကိုလည်း တမလွန်ဘဝမှ ကောင်းမှုတို့သည် ကြိုဆိုကြကုန်၏” ဟုဟောတော်မူသည်။
*နန္ဒိယကျောင်းတော်ရာကို ဖူးမြော်ပြီးနောက် အသောကကျောက်စာတိုင် အကျိုးအပဲ့များကို လေ့လာကြသည်။ တစ်ချိန်က သံဃာတော်များ သီတင်းသုံးစဉ် သံဃာညီညွတ်ရေးအတွက် စိုက်ထူခဲ့ခြင်းဖြစ်သည်။ သံဃာသင်းခွဲခြင်း မပြုရ။ ပြုလုပ်လျှင် အဝတ်ဖြူလဲစေ၍ ကျောင်းတိုက်မှ နှင်ထုတ်ခြင်းခံရမည်ဟု အမိန့်ထုတ်ထားခြင်းဖြစ်သည်။
၎င်းနောက် ဂေါဝိန္ဒစန္ဒရမင်း၏ မိဖုရားကြီး ကုမာရဒေဝီ ဆောက်လုပ်လှူဒါန်းခဲ့သော ကျောင်းတော်ရာကို လေ့လာကြသည်။ ကျောင်း၌သီတင်းသုံးသော ဘိက္ခုနီများ မိဂသမ္မတာမြစ်အတွင်းသို့ ရေချိုးဆင်းရန် မြေအောက်လမ်း ဖောက်လုပ်ထားသည်။
ကုမာရဒေဝီကျောင်းတော်ကို လေ့လာပြီးနောက် ဘုရားရှင်ပထမဦးဆုံး ဝါဆိုဝါကပ်သီတင်းသုံးတော်မူခဲ့ရာ မူလဂန္ဓကုဋီကို ဖူးမြော်ကြသည်။ နန္ဒိယကျောင်းတော်၏ အစိတ်အပိုင်းနေရာတစ်ခုဖြစ်သည်။ ပထမဆုံးဝါဆိုတော်မူခဲ့ သောနေရာကို ဗဟိုပြု၍ နန္ဒိယသူဌေးကြီးက ကျောင်းတော်ကြီးဆောက်လုပ်ခဲ့ခြင်း ဖြစ်နိုင်စရာရှိ၏။ ဤနေရာ၌ ဘုရားရှင်သည် ပဥ္စဝဂ္ဂီ(၅)ပါး၊ ဗာရာဏသီမြို့မှ ယသသူဌေးသားအမှူးပြုသော အပေါင်းအပါ (၅၅)ပါး၊ စုစုပေါင်း ရဟန္တာ (၆၀)နှင့်အတူ သီတင်းသုံးတော်မူ၍ ဝါဆိုတော်မူခဲ့သည်။ ဝါကျွတ်တော်မူသောအခါ ရဟန္တာ (၆)ကျိပ်ကို နေရာအနှံ့ အပြားသို့ သာသနာပြုခရီး စေလွှတ်တော်မူသည်။ ဘုရားရှင်က ရဟန်းတို့အား “လူနတ်ဗြဟ္မာသတ္တဝါတို့၏ အကျိုးစီးပွားအတွက် ခရီးလှည့်လည်ကြ။ အစအလယ်အဆုံး ကောင်းခြင်းသုံးဖြာနှင့် ပြည့်စုံသော စင်ကြယ်မြင့်မြတ်သည့် တရားတော်ကို ဟောပြောကြ။ တစ်နေရာသို့ (၂)ပါးအတူ မသွားကြနှင့်” ဟု သာသနာပြု စေလွှတ်တော်မူပုံကို အာရုံပြု၍ “စရထ ဘိက္ခဝေ စာရိကံ၊ ဗဟုဇနဟိတာယ ဗဟုဇနသုခါယ” အစရှိသော ပါဠိကို ရွတ်ဆိုပူဇော်ခဲ့သည်။
နန္ဒိယကျောင်းတော်ရာနှင့် ကပ်လျက် ဘုရားရှင်တရားဟောတော်မူရာ ပလ္လင်တော်ကြီးကို အင်္ဂတေအမိုးဖြင့် မိုး၍ ထိန်းသိမ်းစောင့်ရှောက်ထားသည်။ ပရိသတ်(၄)ပါးတို့ကို နေ့စဉ်တရားဟောရာ ပလ္လင်တော်ဖြစ်သည်။ ယသသူဌေးသား ကိုလည်း ဤနေရာ၌ တရားဟော၍ အကျွတ်တရားရစေတော်မူခဲ့သည်။ *ပလ္လင်တော်ကြီးကို ဖူးမြော်ပြီးနောက် အနတ္တလက္ခဏာသုတ်ကို ဟောကြားရာနေရာရှိ ဓမ္မေခစေတီတော်ကြီးကို ဖူးမြော်၍ အနတ္တလက္ခဏာသုတ်ကို စုပေါင်း ရွတ်ဆိုပူဇော်ကြသည်။
နေနှင့်လတို့ မဖြစ်ပေါ်သေးသမျှ ကာလပတ်လုံး စကြဝဠာတစ်ခွင်၌ မှောင်အတိကျနေသကဲ့သို့ ဘုရားရှင်မပွင့် ပေါ်သေးသမျှကာလပတ်လုံး သစ္စာတရားအလင်းရောင် ထွန်းပြောင်ခွင့်မရဘဲ မှောင်အတိကျနေသည်။ ကဿပမြတ်စွာ ဘုရား၏ သာသနာတော် ကွယ်ပသည့်အချိန်မှစ၍ သစ္စာ(၄)ပါးနှင့် အနတ္တတရားကို မည်သည့်ပုဂ္ဂိုလ်ကမျှ ထုတ်ဖော် ဟောပြနိုင်စွမ်းမရှိခဲ့။ ပစ္စေကဗုဒ္ဓါအပါး(၅၀၀)တို့ တစ်ပြိုင်နက်တည်း ပေါ်ထွန်းသည့် အချိန်အခါမျိုး၌ပင် ကမ္ဘာလောက အတွင်း၌ သစ္စာတရားအလင်းရောင် ထွန်းပြောင်နိုင်ခြင်းမရှိခဲ့။ ဘုရားရှင်ပွင့်တော်မူသော အခါမှသာလျှင် သစ္စာတရား အလင်းရောင် ထွန်းပြောင်လာတော့သည်။ သစ္စာတရားကို ဟောပြတော်မူရာ မိဂဒါဝုန်သည်လည်း သာသနာတော်၌ အရေးပါသော ထိပ်တန်းနေရာဌာနတစ်ခုဖြစ်လာတော့သည်။
*မိဂဒါဝုန်၌ လှည့်လည်ဖူးမြော်ပြီးနောက် သီရိလင်္ကာနိုင်ငံသား အနာဂါရိကဓမ္မပါလ တည်ထားခဲ့သော မူလဂန္ဓ ကုဋီကျောင်းဆောင်သစ်သို့ သွားရောက်ဖူးမြော်ကြသည်။ မိဂဒါဝုန်ကို ပြန်လည်ဖွံ့ဖြိုးတိုးတက်လာအောင် ကြိုးစားခဲ့သူ ဖြစ်၍ ဘုရားဖူးသွားသူများ မမေ့အပ်သောပုဂ္ဂိုလ်ဖြစ်သည်။ ဂန္ဓကုဋီကျောင်းဆောင်၏ မြေအောက်ခန်းတွင် ဓာတ်တော် များကို လုံခြံုစွာထိန်းသိမ်းစောင့်ရှောက်ထားပြီး နှစ်စဉ်တန်ဆောင်မုန်းလပြည့်နေ့တိုင်း ထုတ်ဆောင်၍ အပူဇော်ခံလေ့ ရှိသည်။ မိမိတို့အဖွဲ့ နေ့လယ်စာစားချိန်အမီ ဆေးဝင်္ကပါမြန်မာကျောင်းသို့ ပြန််ခဲ့ကြသည်။
 
**မဟာသတိပဋ္ဌာနသုတ် ဟောတော်မူရာဌာနီ ကုရုတိုင်း (နယူးဒေလီ)
နေ့လယ်စာစားပြီးနောက် အိန္ဒိယနိုင်ငံ၏ မြို့တော်ဖြစ်သော နယူးဒေလီသို့ ခရီးဆက်ကြသည်။ မိဂဒါဝုန်နှင့် မိုင်(၅၀၀)ခန့် ကွာဝေးသည်ဟု သိရသည်။ နေ့(၁၂)နာရီမှစ၍ တစ်နေ့လုံး တစ်ညလုံး ကားစီးကြရသည်။ လမ်းတွင် ဂင်္ဂါမြစ်နှင့် ယမုံနာမြစ်တို့ ပေါင်းဆုံသောနေရာကို ပြသသည်။ လမ်းခရီးတွင် ခေတ္တမျှသာရပ်နားပြီး နောက်တစ်နေ့နံနက် မိုးလင်းချိန်တွင် နယူးဒေလီမြို့သို့ရောက်ရှိသည်။
(15.3.2014) နံနက်ခင်းတွင် နယူးဒေလီမြို့တွင်း၌ လှည့်လည်လေ့လာကြသည်။ ကြီးကျယ်လှသောမြို့ကြီးဖြစ်၍ သွားစရာနေရာများပြားသည်။ အိန္ဒိယနိုင်ငံခေါင်းဆောင်ကြီးဂန္ဒီကို မီးသင်္ဂြိုဟ်သောနေရာ၊ သမ္မတအိမ်တော်၊ လွှတ်တော် ခန်းမ၊ အင်ဒရာဂန္ဒီပြတိုက်၊ ဘာသာပေါင်းစုံဝတ်ပြုနိုင်ရန် ကြာပွင့်ပုံဆောက်လုပ်ထားသော Lotus Temple၊ အိန္ဒိယဂိတ် တို့ကို လေ့လာကြသည်။ ၎င်းနောက် မဟာသတိပဋ္ဌာနသုတ်ကို ဟောတော်မူရာ တောင်ကုန်းသို့ သွားရောက် ဖူးမြော်ကြသည်။ နယူးဒေလီမြို့လယ်ခေါင်တွင် ဥယျာဉ်တစ်ခုအဖြစ်ဖြင့် တည်ရှိနေပြီးအလယ်တွင် ကျောက်ဆောင် ကျောက်တုံးကြီးများ ရှိသည်။ အသောကမင်းကြီး လက်ထက်ကတည်းက အသိအမှတ်ပြုခဲ့သော နေရာဖြစ်ကြောင်း ဆိုင်းဘုတ်ရေးထိုးထားသည်။ ဤနေရာ၌ ဘုရားရှင်သည် မဂ်ဖိုလ်နိဗ္ဗာန် ရရေးအတွက် တစ်ကြောင်းတည်းသော လမ်းခရီးဖြစ်သည့် မဟာသတိပဋ္ဌာန်တရားတော်ကို ဟောကြားတော်မူပုံကို အာရုံပြု၍ “ ဧကာယနော အယံ ဘိက္ခဝေ မဂ္ဂေါ သတ္တာနံ ဝိသုဒ္ဓိယာ” အစရှိသော မဟာသတိပဋ္ဌာနသုတ်လာ ပါဠိများဖြင့် ရွတ်ဆိုပူဇော်ခဲ့သည်။