ငါးပိ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
အရေးမကြီးNo edit summary
စာကြောင်း ၁၀ -
=== စိမ်းစားငါးပိ ===
 
စိမ်းစားငါးပိကို ပုဇွန်ဆိတ်ကလေးများမှ ပြုလုပ်သည်။ တစ်ခါတစ်ရံ ပုဇွန်ဆိတ်များသည် ငါးကလေးများနှင့် ရောနေတတ်သည်။ ယင်းတို့ကိုထိုကြောင့် စိမ်းစားငါးပိကို ပုစွန်ဆိတ်နှင့် ငါးကလေးများမှ ပြုလုပ်ပြီး ၎င်းတို့ကို နေပူတွင် ၃၊ ၄ ရက်မျှလှန်း၍ အတန်ငယ်ခြောက်သောအခါ ဆုံတွင် ထည့်၍ ထောင်းရသည်။ အတန်ညက်လေမှ ဆားထပ်ထည့်၍ ထပ်ထောင်းရပြန်သည်။ ဆားသမသွားသည့်အခါ ငါးပိကို မြေအိုးတွင် အနည်းဆုံး ၃၊ ၄ လမျှ သိပ်ထားရသည်။ ထိုအခါ ငါး၊ ပုဇွန်တို့၏ အခွံတို့နှင့် အရိုးများသည် ကြေပြီဖြစ်၍ ငါးပိမှာ စားသုံးရန် အသင့်ဖြစ်လာသည်။ စိမ်းစားငါးပိကို မြိတ်နှင့် ထားဝယ်နယ်များတွင် လုပ်ကိုင်ကြ၍ ဒေသကိုအစွဲပြုကာ မြိတ်စိမ်းစား၊ ထားဝယ်စိမ်းစားဟု ခေါ်ဝေါ်ကြသည်။
 
=== မျှင်ငါးပိ ===
စာကြောင်း ၂၇ -
ထိုနောက် ငါးပိကောင်ကို စည်မှထုတ်၍ နေသတ်ရသည်။ နေသတ်ခြင်းမှာ စည်အတွင်း၌ သိပ်ပြီးငါးကို အပြင်ထုတ်၍ နေပူလှန်းခြင်း ဖြစ်သည်။ ထိုနောက် ဆားပြန်ကူးပြီး စည်ပြန်သိပ်ရသည်။ အကယ်၍ အငန်ရည် စစ်သွားလျှင် ထပ်၍ ဆားဖြူးပေးရသည်။ အငန်လွန်လျှင် ဆန်မှုန့်ကိုဖြစ်စေ၊ ထောင်းပြီးသား ပြုတ်ဆန်ကိုဖြစ်စေ၊ ဆန်ကွဲပြုတ်ကိုဖြစ်စေ ရောပေးရသည်။
 
== ငါးပိမှ ရရှိသော အာဟာရဓာတ်များ ==
ငါးပိတွင် ရေ၊ ပရိုတင်းနှင့် တွင်းထွက် သတ္တုဓာတ် များ ပါရှိသည်။ တွင်းထွက်သတ္တုဓာတ်များအနက် ဆားအပြင် ကယ်လဆီယမ်နှင့် ဖော့စဖောရပ်ခေါ် ဒြပ်စင်များလည်းပါသည်။
ထိုပြင် သွေးကောင်းရန်အတွက် သံဓာတ်လည်း ပါသည်။ ငါးပိတွင် ရေရာခိုင်နှုန်း ၄ဝ မှ ၅ဝ အထိ၊ ပရိုတင်းရာခိုင်နှုန်း ၂ဝ မှ ၃ဝ ထိ၊ အဆီရာခိုင်နှုန်း ၃ မှ ၄ အထိ ပါဝင်သည်။
စိမ်းစားနှင့် မျှင်ငါးပိတွင် ဆားရာခိုင်နှုန်း ၁ဝ မှ ၂၅၊ ရေကျို ငါးပိ၊ ဒမင်းငါးပိနှင့် ငါးပိကောင်များတွင် ဆားရာခိုင်နှုန်း ၂ဝ မှ ၃ဝ အထိ ပါဝင်ကြသည်။ အသားနှင့် အဆီများပါသော
ကြောင့် ငါးပိသည် အခြားအသားများကဲ့သို့ အပူဓာတ်ကို ပေးသည်။ ငါးပိအမျိုးအစားကိုလိုက်၍ ငါးပိတစ်အောင်စလျှင် အပူဓာတ် ၃၁ ကယ်လိုရီမှ ၄၈ ကယ်လိုရီအထိ ပေးနိုင်သည်။ ဤအချက်တွင် ငါးပိသည် အမဲသား၊ ဆိတ်သားနှင့် ဝက်သားလောက်ပင် အာဟာရတန်ဖိုးရှိသည်။ငါးပိတွင် ကယ်လဆီယမ်ဒြပ်စင်သည် ၁ ဒသမ ၅ မှ ၂ ဒသမ ၅ ရာခိုင်နှုန်း အထိပါသည်။ ဖော့စဖောရပ်မှာမူ ဝ ဒသမ ၇၅ မှ ၁ ဒသမ ၂၅ ရာခိုင်နှုန်းအထိ ပါသည်။
 
အစားအစာ များတွင် ကယ်လဆီယမ် ရာခိုင်နှုန်းများသည် အောက်ပါ အတိုင်း ဖြစ်သည်။
*နို့ ဝ ဒသမ ၁၂ ရာခိုင်နှုန်း
*ကြက်သွန်ဖြူ ဝ ဒသမ ၃ဝ ရာခိုင်နှုန်း
*နှမ်း ၁ ဒသမ ၄၅ ရာခိုင်နှုန်း
*ဒန့်သလွန်ရွက် ဝ ဒသမ ၄၄ ရာခိုင်နှုန်း
*တရုတ်နံနံရွက် ဝ ဒသမ ၂၃ ရာခိုင်နှုန်း
*ပူဒီနာ ဝ ဒသမ ၂ဝ ရာခိုင်နှုန်း
အထက်ပါ ရာခိုင်နှုန်းနှင့် ယှဉ်ကြည့်သော် ငါးပိသည် ကယ်လဆီယမ်များစွာ ပါသည့်အစာဟု ဆိုနိုင်သည်။ ငါးပိ များများစားရန် လိုသည်။ လူ့ခန္ဓာကိုယ်သည် ကယ်လဆီယမ်ဓာတ် လုံလောက်စွာ မရလျှင် ရောဂါအမျိုးမျိုး စွဲကပ်တတ်သည်။ လူကြီးတစ်ယောက်လျှင်တစ်နေ့လျှင် ကယ်လဆီယမ် ဝ ဒသမ ၆၈ ဂရမ် လောက် လိုသည်။ကျွန်ုပ်တို့သည် ငါးပိကို နေ့စဉ်
စားပေးခြင်း အားဖြင့် ခန္ဓာကိုယ်ကလိုအပ်သည့် ကယ်လဆီယမ်ဓာတ်ကို ပေါပေါနှင့် ဖြည့်စွက်ပေးနိုင်သည်။ ကယ်လဆီယမ်နှင့် ဖော့စဖောရပ် နှစ်မျိုးစလုံးပင် ခန္ဓာကိုယ်ရှိ အရိုးများကို ခိုင်မာ စေသည်။ ထိုဓာတ်နှစ်မျိုးကို ခန္ဓာကိုယ်က လုံလောက်စွာ မရသော် ရစ်ကက်ရောဂါ စွဲကပ်တတ်သည်။ လူကြီးတိုင်းနေ့စဉ် ဖော့စဖောရပ် ၁ ဂရမ်လောက်လိုသည်။ ငါးပိတွင် ကယ်လဆီယမ် ၂ ဆပါလျှင် ဖော့စဖောရပ် ၁ ဆ နှင့် ဖော့စဖောရပ် ၂ ဆပါမှသာ အာဟာရ လုံလောက်သည်။ ကံအားလျော်စွာ ကျွန်ုပ်တို့ နေ့စဉ် စားသုံးနေသောဆန်တွင်
ဖော့စဖောရပ်သည် ကယ်လဆီယမ်ထက်ပို၍ ပါသည်။ စက်ကြိတ်ဆန်၏ ကယ်လဆီယမ် နှုန်းမှာ ဝ ဒသမ ဝ၁ ရာခိုင် နှုန်းဖြစ်၍ ဖော့စဖောရပ်နှုန်းမှာ ဝ ဒသမ ၁၅ ရာခိုင်နှုန်း
ဖြစ်ရာ ငါးပိနှင့် ထမင်းစားခြင်းသည် အာဟာရဖြစ်စေသည်။<ref>မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)</ref>
== ကိုးကား ==
{{reflist}}