အရေးမကြီး must not use another wp as reference en:WP:GOODREFS
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာကြောင်း ၃၃ -
ငယ်စဉ် ၁၉၄၃ခုနှစ်တွင် အာရှလူငယ်အဖွဲ့၌တက်ကြွစွာ ပါဝင်ခဲ့သည်။ ၁၉၄၄ ခုနှစ်တွင် ဖက်ဆစ်တော်လှန်ရေး မြေအောက်ကလာပ်စည်းများနှင့် ဆက်သွယ်၍ ဖက်ဆစ်တော် လှန်ရေးကြီးတွင် ပါဝင်ခဲ့သည်။ ဂျပန်တော်လှန်ရေးကာလအတွင်း စစ်ကိုင်းရှိ ဗိုလ်သန်းဦး (တော်လှန်ရေးတွင် ကျဆုံး)၊ သခင်မောင်တင်(ပြည်တွင်းစစ်တွင် ကျဆုံး)နှင့် မြိုင်မြို့ ဘုန်းတော်ကြီး ဦးစရိယ (မြိုင်ဖဆပလအမတ်ဟောင်း ဦးသက်ရှည်)တို့၏ ဦးဆောင်မှုအောက်တွင် ပါဝင်လှုပ်ရှားခဲ့သည်။ ဒုတိယကမ္ဘာစစ်ကြီးအပြီး [[မန္တလေး]]ခရိုင်၊ အထက်မြန်မာပြည် ဖဆပလအဖွဲ့ချုပ်တွင် အချိန်ပြည့် တာဝန်ထမ်းဆောင်ခဲ့ သည်။
 
ကျောက်ပန်းတောင်းတွင် အက်တူး သခင်အုန်းဖေ (ပြည်တွင်းစစ်တွင်ကျဆုံး)နှင့်အတူ လယ်သမားများ သီးစားခ မပေးရေး တိုက်ပွဲ၊ လက်ငုတ်လယ်ပြန်ထွန်ရေးတိုက်ပွဲ၊ မြေရှင်ကြီးများ၏လယ်များကို အတင်းဝင်ထွန်ရေး တိုက်ပွဲများကို ဦးဆောင်ခဲ့သည်။ သီးစားခမပေးရေး တိုက်ပွဲတွင် အင်္ဂလိပ် အစိုးရသိမ်းယူထားသော လယ်သမားများ၏ပစ္စည်းများကို ပြန်လည်လုယူသည့်အတွက် (ရုံးမင်းတစ်ထိုင်) အပြစ်ဒဏ်ကျ ခြင်း ခံခဲ့ရသည်။ [[မြင်းခြံ]]ခရိုင်တွင် တခြားသော ခေါင်းဆောင်များနှင့်အတူ မြသန်းတင့်ခေါင်းကို ဖြတ်နိုင်လျှင် ဆုငွေပေးမည်ဟု အင်္ဂလိပ်အလိုတော်ရိနှင့် မြေရှင်တို့က တိတ်တဆိတ် ဆုငွေ ထုတ်ခဲ့သည်။ အထွေထွေ သပိတ်ကြီးတွင် [[မြင်းခြံ]]၊ [[မန္တလေး]]၊ [[ဒလ]]သင်္ဘောကျင်း အလုပ်သမားထုကြီး ပါဝင်ရေးအတွက် တာဝန်ယူခဲ့သည်။ မြင်းခြံခရိုင် အလုပ်သမားသမဂ္ဂနှင့် လယ် သမားသမဂ္ဂတို့တွင်လယ်သမားသမဂ္ဂတို့တွင် အလုပ်အမှုဆောင်အဖြစ်ဆောင်ရွက်ရင်း [[ဖြူးမြို့]]တွင်ကျင်းပသည့် မြန်မာနိုင်ငံလုံးဆိုင်ရာဖြူးလယ်သမား ကွန်ဂရက်ကြီးသို့ မြင်းခြံခရိုင် ကိုယ်စားလှယ်အဖြစ် တက် ရောက်ခဲ့သည်။
 
၁၉၄၉ ခုနှစ်တွင် ပထမဆုံးရေးသည့် 'ဒုက္ခသည်' ဝတ္ထုကို တာရာမဂ္ဂဇင်း (အတွဲ-၃၊ အမှတ် ၂၁)တွင် ပုံနှိပ် ဖော်ပြခြင်းခံရသည်။ ၁၉၅ဝ ပြည့်နှစ်တွင် စာပေသည် ပြည်သူ့ အတွက်ဟူသော ကြွေးကြော်သံဖြင့် 'စာပေမဂ္ဂဇင်း'ကို ကိုသန်းတင့်၊ [[ဒဂုန်တာရာ]]၊ မောင်ကြည်လင်၊ အောင်လင်း၊ [[ကျော်အောင်]]တို့နှင့်အတူ ဦးဆောင်ထုတ်ဝေခဲ့သည်။ ၁၉၅၁ ခုနှစ် တွင် ဂေါ်ကီ၏ 'မာလိဖောနှင့်အခြားဝတ္ထုတိုများ'ကို ပထမဆုံး ဘာသာပြန်ဆို ရေးသားထုတ်ဝေခဲ့သည်။ ၁၉၅၂ ခုနှစ် တွင် ကမ္ဘာ့ငြိမ်းချမ်းရေးကွန်ဂရက် (မြန်မာနိုင်ငံ)နှင့် မြန်မာနိုင်ငံစာရေးဆရာများအသင်း အလုပ်မှုဆောင်အဖြစ် ဆောင်ရွက်ခဲ့ပြီး စာရေးဆရာအသင်းမှ ထုတ်ဝေသော 'စာပေမဂ္ဂဇင်း' တွင် တာဝန်ခံအယ်ဒီတာအဖြစ်လည်းကောင်း၊ 'ပြည်တော်သစ်ဂျာနယ်'တွင် အယ်ဒီတာချုပ်အဖြစ်လည်းကောင်း၊ 'တိုးတက်ရေးသတင်းစာ'တွင် နိုင်ငံခြားရေးအယ်ဒီတာအဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့သည်။ ထိုနှစ်မှာပင် ဂေါ်ကီ၏အတ္ထုပ္ပတ္တိ 'ဂေါ်ကီ'ကို ဒုတိယမြောက် ဘာသာပြန်လက်ရာအဖြစ် ထုတ်ဝေခဲ့သည်။ ၁၉၅၃ ခုနှစ်တွင် ပင်ကိုရေး လုံးချင်းဝတ္ထုအဖြစ် 'မေတ္တာအသင်္ချေ'ကို ရေးသားခဲ့သည်။