ဆိုကရေးတီး: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ်
စာကြောင်း ၂၃ -
ဆိုကရေးတီးသည် ကိုယ်ကျင့်တရားကိုသာ ဂရုစိုက်၍ ကြံဆသော ပညာရှိပုဂ္ဂိုလ်ကြီးမဟုတ်၊ လက်ရုံးရည်နှင့် ပြည့်စုံသော စစ်သည်တော်လည်း ဖြစ်ခဲ့ဖူး၏။ စစ်ပွဲပေါင်းများစွာ အောင်ပန်း ဆွတ်ခူးခဲ့ဖူးသူလည်း ဖြစ်၏။ သို့ရာတွင် စစ်တိုက်ခြင်းသည် သူ၏ ကိုယ်ကျင့်တရား ကောင်းမွန်ရေးဝါဒနှင့် ဖီလာဖြစ်နေသည်ဟု ယူဆလာသောအခါ အက်သင်းမြို့သားများက မည်မျှပင် တိုက်တွန်းသော်လည်း စစ်ကိုကြဉ်လိုက်လေသည်။ သူ၏ ကိုယ်ကျင့်တရား အယူအဆများသည် မတရားမှုများကို လက်သင့်မခံယူသဖြင့် ဆိုကရေးတီးသည် အက်သင်းအစိုးရ၏ မုန်းထားငြိုငြင်ခြင်းကို ခံရလေသည်။
 
== ရုံးတင်စစ်ဆေးခြင်းနှင့် သေဆုံးခြင်း ==
ဤသို့ဖြင့် ဆိုကရေးတီးသည် အက်သင်းအစိုးရနှင့်တကွ မာနခက်ထန်၍ ကိုယ်ကျင့်တရား မရှိသော လူထုနှင့် အရာရာတွင် ဆန့်ကျင်ဖက် ဖြစ်နေရကား၊ နောက်ဆုံး၌ သူ့အား အလွန်မုန်းထားသည့် ရန်သူသုံးဦး ခေါင်းဆောင်သော လူတစ်စုသည် ဆိုကရေးတီး၏ အယူအဆသည် လူငယ်တို့၏ ကိုယ်ကျင့်တရားကို ပျက်ပြားစေသည်သာမက လူတို့၏ လက်ရှိယုံကြည်ကိုးကွယ်မှုကို စော်ကားသည်ဟု တရားစွဲဆိုခဲ့သည်။ ဆိုကရေးတီး၏ တပည့်များက ရှေ့နေငှားရမ်း၍ တရားဆိုင်ရန် ပြောသော်လည်း ရှေ့နေမငှားဘဲ သူကိုယ်တိုင် သူ၏ အယူအဆများကို ရှင်းလင်းဖြေဆိုခဲ့သည်။ ထိုသို့ ရှင်းပြချက်ကို ဆိုကရေးတီး၏ လျှောက်လဲချက်များဟု ယခုတိုင်အောင် ထင်ရှားလျက်ရှိသည်။ ရုံးတော်က သူ့အား အပြစ်ရှိသည်ဟု တစ်ဖက်သတ် ဆုံးဖြတ်ပြီးလျှင် သေဒဏ်အပြစ်ပေးခဲ့သည်။ သို့ရာတွင် ဆိုကရေးတီးကား အနည်းငယ်မျှမတုန်လှုပ်ချေ။ စီရင်ချက်အတိုင်း လာ၍ပေးသော အဆိပ်ခွက်ကို သတ္တိရှိရှိနှင့် မော့ချလိုက်လေသည်။ <ref>မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)</ref>