ကထိန်: တည်းဖြတ်မှု မူကွဲများ

စာမျက်နှာအသစ်: '''ကထိန်''' ဝါတွင်း သုံးလပတ်လုံး ဝါမကျိုးမပျက်ဘဲ ပဝါ ရဏာပြု…
 
No edit summary
စာကြောင်း ၆ -
 
ကထိန်ပွဲတော်ကို ‘မိုးလကုန်စဲ ကထိန်ပွဲလ' ဟူသော ဆိုရိုးနှင့်အညီ။ သီတင်းကျွတ် လပြည့်ကျော် တစ်ရက်နေ့မှတန်ဆောင်မုန်းလပြည့်နေ့အထိ ခင်းကျင်းရသည်။ မြန်မာနိုင်ငံတွင် ရှေးပုဂံခေတ်အခါကပင်လျှင် အစပြ၍ ကထိန်ခင်းပွဲ ကျင်းပခဲ့ကြသည်။ ယခုခေတ် ကထိန်ခင်းရာတွင်မရှိနွမ်းပါးသော ရဟန်းအားဖြစ်စေ။ အကြီးဆုံး မထေရ်အားဖြစ်စေကပ်လှူရန် ဥတ်သင်္ကန်းအပြင် အခြံအရံ လှူဖွယ်ပစ္စည်းများကို ထည့်သွင်းလှူဒါန်း လေ့ရှိသည်။ ကထိန်ခင်းရာ၌ သံဃိကစစ်စစ် ဖြစ်သင့်သည့် အတွက် အလှူ၏တကာများက မည်သည့်ပစ္စည်းကား သံဃိကပစ္စည်း။ မည်သည့်ပစ္စည်းကား ပုဂ္ဂလိကပစ္စည်း ဖြစ်သည်ဟု ခွဲခြားလျောက်တင်ကြားသင့်ပေသည်။ ကထိန်ခင်း၍ သင်္ကန်းရရှိသော ရဟန်းတို့မှာ ကထိန်အာနိသင်ငါးပါး ခံစားရကြောင်းကျမ်းဂန်များတွင် မိန့်ဆိုလေသည်။<ref>မြန်မာ့စွယ်စုံကျမ်း</ref>
 
'''ကထိန်သင်္ကန်း သုံးမျိုး'''
ကထိန်ခင်းရန်အတွက် ဘုရားရှင် ခွင့်ပြုခဲ့သော သင်္ကန်း သုံးမျိုးရှိသည်။
* သံဃာဋိ - ဒုကုဋ်သင်္ကန်း ခေါ် နှစ်ထပ်သင်္ကန်းကြီး
* ဥတ္တရာသင်္ဂေါ - ကိုယ်ဝတ်ခေါ် ဧကသီ
* အန္တရဝါသကော - ခါးဝတ်ခေါ် သင်းပိုင်
 
== ကိုးကား ==
<References />