ဧရာမ ကြယ်နီ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး Fixed
အရေးမကြီး Fixed
စာကြောင်း ၄ -
 
ယခုလက်ရှိ အခြေအနေတွင် ကျွန်ုပ်တို့၏ နေမှာ ပင်မအစီအစဉ် အတွင်းရှိ ကြယ် အဖြစ် ရှိနေသည်။ သို့သော် ယခုမှ စ၍ နှစ်ပေါင်း ၅ ဘီလီယံမျှ ကြာသော အခါတွင် သိပ္ပံပညာရှင်တို့က နေသည် ဧရာမ ကြယ်နီ အဖြစ် ပြောင်းလဲသွားမည်ဟု ယူဆကြသည်။ နေသည် ယခုလက်ရှိ ထက် အဆ ၂၀၀ မျှ ပိုကြီးလာမည် ဖြစ်သည်။ ထို့ကြောင့် နေသည် [[ဗုဒ္ဓဟူးဂြိုဟ်|မာကျူရီဂြိုဟ်]]၊ [[သောကြာဂြိုဟ်|ဗီးနပ်စ်ဂြိုဟ်]] နှင့် [[ကမ္ဘာဂြိုဟ်|ကမ္ဘာ]]တို့ကို ဝါးမျိုပစ်လိမ့်မည်ဟု ယူဆရသည်။ ဤသည်မှာ ကျွန်တော်တို့ နေမင်းကဲ့သို့ G အမျိုးအစားကြယ်တစ်စင်းမှု ဖြစ်ရိုးဖြစ်စဉ်မျှသာ ဖြစ်သည်။ နေမင်း၏ အတွင်းဘက် ဟိုက်ဒရိုဂျင်လောင်စာများ ကုန်ဆုံးသွားပြီး ဟီလီယံလောင်စာများ လောင်ကျွမ်းကာ ဒြပ်ဆွဲအားမငြိမ်မသက်မှုကြောင့် ကြယ်နီကြီးအဖြစ် ပြန့်ကားလာမည် ဖြစ်ပါသည်။ ထို့နောက် နေမင်းသည် ကမ္ဘာအရွယ်အစား [[ကြယ်ဖြူပု]] (white dwarf) အဖြစ် နောင်နှစ်ပေါင်းများစွာ မှေးမှိန်စွာ ထွန်းလင်းနေလိမ့်မည်ဖြစ်သည်။ နေမင်းသည် ကြယ်နီကြီးအဖြစ် ပြန့်ကားမလာမှီ နှစ်သိန်းပေါင်းများစွာမတိုင်ခင်ကပင် [[ကမ္ဘာ]]ပေါ်မှ သက်ရှိတို့မှန်သမျှ ရှင်သန်ရန် မဖြစ်နိုင်တော့ပေ။ အဘယ်ကြောင့်ဆိုသော် နေမင်းသည် ယခုလက်ရှိထက် ၄ဝ ရာခိုင်နှုန်းခန့် ပိုမိုတောက်ပလာပါက ကမ္ဘာပေါ်မှ ပင်လယ် သမုဒ္ဒရာရေများ ခန်းခြောက်ကုန်မည်ဖြစ်သေကြောင့်ပေတည်း။ ကျွန်တော်တို့လူသားများသည် နောင်အနာဂါတ်ကာလတွင် အခြေချနေထိုင်နိုင်မယ့် အခြားသောဂြိုဟ်သစ်များအား ကိုလိုနီချဲ့ရန် လိုအပ်ပါလိမ့်မည်။
[[File:The life cycle of a Sun-like star (annotated).jpg|thumb|420x420px|center|<center>(ဘယ်ဘက်မှ ညာဘက်သို့)နေကဲ့သို့ ကြယ်တစ်စင်းမှ ကြယ်နီအဖြစ် ပြောင်းလဲလာပုံ အဆင့်အဆင့်</center>]]
 
[[Category:အာကာသ]]
[[Category:ကြယ်]]