မိုက်ခရိုဆော့ဖ် ဝင်းဒိုးစ်: တည်းဖြတ်မှု မူကွဲများ

No edit summary
No edit summary
စာကြောင်း ၃၆ -
 
== Windows 8 နှင့် 8.1 ==
Windows 7 ပြီးနောက် ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၂၆ ရက်နေ့တွင် Windows 8 ကို မိတ်ဆက်ခဲ့သည်။ အကြီးမားဆုံး ပြောင်းလဲမှုမှာ Metro Design ဖြစ်သည်။ ပုံမှန် Start Menu မဟုတ်ဘဲမပါဝင်တော့ဘဲ Touch-Screen အသုံးပြုသော မိုဘိုင်းပစ္စည်းများကိုပါ အသုံးပြုနိုင်ရန် ရည်ရယ်ထားရှိသည်။ ထို့ပြင် Touch-Screen ကို အထောက်အပံ့ပေးနိုင်သော အက်ပလီကေးရှင်းအသစ်များကိုပါ မိတ်ဆက်ပြသခဲ့သည်။ အခြားပြောင်းလဲမှုများမှာ မိုက်ခရိုဆော့၏ မူပိုင် Cloud အဖြစ် SkyDrive ကို မိတ်ဆက်ခဲ့သည်။ Windows Store အသစ်ကိုပါ အက်ပလီကေးရှင်းများ ရယူနိုင်ရန်အတွက် မွမ်းမံခဲ့သည်။
 
Windows 8 ၏ အဆင့်မြှင့်တင်မှုအဖြစ် Windows 8.1 ကို အောက်တိုဘာလ ၁၇ ရက်နေ့ ၂၀၁၃ ခုနှစ်က ထုတ်ခဲ့သည်။ Metro UI ကို ထပ်မံမွန်းမံပြီး SkyDrive ကိုလည်း ကောင်းမွန်အောင် ထပ်မံလုပ်ဆောင်ခဲ့သည်။
 
== Windows 10 ==
၂၀၁၄ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့တွင် အသစ်ထွက်ရှိမည့် Windowsအဖြစ် Windows 10 ကို ကြော်ငြာခဲ့သည်။ ၂၀၁၅ ခုနှစ် ဇွန်လိုင်လ ၂၉ ရက်နေ့တွင် တရားဝင်ထွက်ရှိခဲ့သည်။ Windows 8 တွင် မပါဝင်ခဲ့သော Start Menu ပြန်လည်ထည့်သွင်းခဲ့သည်။ Windows Store ကိုလည်း မျက်နှာပြင်အပြည့်အသုံးမပြုတော့ပေ။ Virtual Desktop System ကိုလည်းအသစ်ထပ်မံ ထည့်သွင်းခဲ့သည်။ Windows 10 ကို Windows 7 SP1 မှ စတင်၍ အလွယ်တကူ အဆင့်မြှင့်တင်နိုင်မယ်လို့ ဆိုပါတယ်။
 
ယခင်က [[Windows XP]] သည် လူသုံးအများဆုံးဖြစ်ခဲ့သော်လည်း အခုအချိန်တွင် [[Windows 7]] ကို အသုံးပြုသူပိုမိုများပြားလာခဲ့သည်။ [[မိုက်ခရိုဆော့ဖ်]] သည် [[Windows XP]] နှင့်ပက်သက်သောထောက်ပံ့မှုများကို ၂၀၁၄ ဧပြီလ ၈ ရက်နေ့တွင် ရပ်ဆိုင်းခဲ့သည်။ Tablet များနှင့် [[Windows Phone]] များပေါ်မှာတော့ [[ဝင်းဒိုးစ် ၈]] ကို စတင်အသုံးပြုခဲ့ပြီး [[Windows 8.1]] နှင့် [[Windows 10]] ကိုလဲ အသုံးပြုလာကြပြီဖြစ်သည်။