အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ဥာ +ဉာ, -ဥ် +ဉ်, -ုွ +ွု, -ံွ +ွံ, -ှွ +ွှ, -ံု +ုံ, -စျ +ဈ, -သြ +...
No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာကြောင်း ၂၅ -
}}
 
ဝါရင် အက်ဒ်ဝဒ် ဘတ်ဖတ် သည် အမေရိကန် ရင်းနှီးမြုပ်နှံမှုပြုလုပ်သူ၊ စက်မှုလုပ်ငန်းရှင်နှင့် ပရဟိတလုပ်ငန်း အလှူရှင် တယောက်ဖြစ်သည်။ ကမ္ဘာ့ အအောင်မြင်ဆုံး ရင်းနှီးမြုပ်နှံသူတယောက်အဖြစ် အများက အသိအမှတ်ပြုလက်ခံထားကြသည်။ “ဒဏ္ဍာရီလာ ရင်းနှီးမြုပ်နှံသူ Warren ဘတ်ဖတ်” ဟုလဲခေါ်ကြသည်။ သူသည် Berkshire Hathaway လုပ်ငန်းစုကြီး၏ ရှယ်ယာအများဆုံးပိုင်ဆိုင်သူ၊ ဥက္ကဌ နှင့် အလုပ်အမှုဆောင်တယောက်ဖြစ်သည်။ ကမ်ဘာ့အချမ်းသာဆုံးလူများစာရင်းတွင်ကမ္ဘာ့အချမ်းသာဆုံးလူများစာရင်းတွင် အပြောင်းအလဲမရှိ တသမတ်တည်းပါဝင်ခဲ့သူလည်း ဖြစ်သည်။ ၂၀⁠၀၉ စာရင်းအရ ကမ္ဘာ့ ဒုတိယအချမ်းသာဆုံးဖြစ်ပြီး ၂၀၁ဝ ခုနှစ်တွင် တတိယနေရာသို့ရောက်ရှိခဲ့သည်။
 
ဘတ်ဖတ် ကို Oracle of Omaha ( အိုမာဟာရဲ့နတ်ဆရာ)/ Sage of Omaha ( အိုမာဟာရဲ့ပညာရှိ) လို့လဲခေါ်ကြသည်။ တစိုက်မတ်⁠မတ်နဲ့စွဲမြဲစွာ လိုက်နာကျင့်သုံးခဲ့တဲ့ တန်ဖိုးရှိ ရင်းနှီးမြုပ်နှံမှုသီအိုရီနှင့် အလွန့်အလွန်ချမ်းသာကြွယ်ဝသော် လည်း သူ၏ အနေအထိုင်ရိုးစင်းမှုအတွက် အသိအမှတ်ပြုခြင်းခံရသည်။ ဘတ်ဖတ် သည် သူပိုင်ဆိုင်သည့် စည်းစိမ်ဥစ်စာများ၏ ၉၉ % ကို ပရဟိတလုပ်ငန်းများအတွက် လှူဒါန်းမည်ဖြစ်ပြီး အဓိက အားဖြင့် Gates Foundationမှ တဆင့်လှူဒါန်းမည်ဟု ကတိပြုခဲ့ခြင်းကြောင့် ထူးခြားသော ပရဟိတလုပ်ငန်းအလှူရှင် တယောက်အဖြစ်လဲ အသိအမှတ်ပြုခြင်းခံရသည်။ Grinnell College အုပ်ချုပ်ထိမ်းသိမ်းရေးအဖွဲ့၏ အဖွဲ့ဝင်တယောက်လဲဖြစ်သည်။