စကြဝဠာ: တည်းဖြတ်မှု မူကွဲများ

No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာကြောင်း ၁၉ -
 
== လူ၏သမိုင်းစဉ် ==
တစ်လျှောက်တွင် စကြဝဠာနှင့် စပ်လျဉ်းသော ယူဆချက်တို့သည် အစဉ်ပြောင်းလဲလျက်ရှိသည်။ ရှေးလူများသိသော စကြာဝဠာသည် သူတို့နေထိုင် သွားလာနေသော ကမ္ဘာ့အစိတ်အပိုင်း၊ သူတို့ကြားဖူးသည့် ကမ္ဘာ့အစိတ်အပိုင်းမျှသာ ဖြစ်သည်။ ယင်းအစိတ်အပိုင်း တို့ကို ကြည့်၍ ဆင်ခြင် သုံးသပ်ရာ၌ ရှေးသူဟောင်း အချို့တို့သည် ကောင်းကင်၌ မြင်ရသော ကြယ်များကား[[ကြယ်]]များကား ကမ္ဘာမြေကြီးမှ ကောင်းကင်သို့ ဘုန်းသမ္ဘာရှင်တို့က ယူဆောင်သွားသော လူနှင့် တိရစ္ဆာန်တို့၏ ခန္ဓာကိုယ်များ ဖြစ်သည်ဟု အယူရှိကြသည်။ နေနှင့်[[နေ]]နှင့် လတို့ကိုမူ နတ်များ ဖြစ်သည်ဟု ယူဆကြလေသည်။
 
 
စာကြောင်း ၃၀ -
 
 
မျက်မှောက်ခေတ် နက္ခတ္တဗေဒပညာရှင်များသည် စကြဝဠာကို ပို၍ နက်နဲစွာ ကြံဆကြသည်။ စကြဝဠာတွင် ကြယ်တို့သည် အခရာဖြစ်ကြောင်း သူတို့သိရှိကြသည်။ ကြယ်များ စုပြုံလျက်ရှိရာဖြစ်သော နဂါးငွေ့အတွင်း၌[[နဂါးငွေ့တန်း ဂယ်လက်ဆီ]]အတွင်း၌ ကျွန်ုပ်တို့ ကမ္ဘာမြေ ရှိသည်။ နဂါးငွေ့အတွင်း၌ ကြယ်အများအပြားရှိသကဲ့သို့ စကြာဝဠာ အတွင်း၌လည်း နဂါးငွေ့အများအပြားရှိသည်ကို နက္ခတ္တ ဗေဒပညာရှင်များ ယခုအခါ သိလာကြပေပြီ။ ထိုနဂါးငွေ့များ အားလုံး စုပေါင်း၍ ဖြစ်သော စကြဝဠာကြီး၏ အရွယ်ပမာဏကို တိုင်းတာသောအခါ [[အလင်းနှစ်]] အသန်းအထောင်နှင့် တိုင်းတာရပေသည်။ အလင်းနှစ်ဆိုသည်မှာ တစ်နှစ်အတွင်း အလင်းသွားသည့်ခရီးကို ဆိုလိုသည်။ အလင်းသည် တစ်စက္ကန့်၌ မိုင်ပေါင်း ၁၈၆,ဝဝဝ သွားသည်။ အလင်းနှစ် တစ်နှစ်သည် မိုင်ပေါင်း ခြောက်တြီလယန်နှင့် ညီမျှသည်။တစ်တြီလယန်သည် အင်္ဂလိပ် စံနစ်အရ တစ်နောက် သုညဆယ့်ရှစ်လုံး ပါသည်။ အမေရိကန် နိုင်ငံ၊ မောင့်ဝီလဆင် နက္ခတ်မျှော်စင်၌ အချင်း လက်မ ၁ဝဝ ရှိသော အဝေးကြည့်မှန်ပြောင်းကြီး တစ်ခု ရှိသည်။ထိုမှန်ပြောင်းကြီးဖြင့် အလင်းနှစ်ပေါင်း ၅ဝဝ,ဝဝဝ,ဝဝဝ ၌ရှိသော ကြယ်များကို ဓာတ်ပုံရိုက်ကူးယူနိုင်ပေပြီ။ ထိုထက်ပို၍အားကောင်းသည့် အချင်းလက်မ ၂ဝဝ ရှိ မှန်ပြောင်းကြီးကို မောင့်ပလိုမာ၌ တပ်ဆင်ပြီးသောအခါတွင် ထိုအကွာအဝေးထက် နှစ်ဆမျှတိုး၍ မြင်နိုင်ပေလိမ့်မည်။ သို့သော် ထိုမှန်ပြောင်းကြီးနှင့်ပင် ကြည့်စေကာမူ နဂါးငွေ့ အားလုံးသည် သေးငယ်ပြီး မှေးမှိန်လျက်ပင် ရှိပေဦးမည်ဟု ဆိုလေသည်။
 
 
စာကြောင်း ၃၆ -
 
 
အဘယ်ကြောင့်ဆိုသော် အာကာသသည် ခုံးလျက်ရှိပြီး ကမ္ဘာမြေကြီး၏ မျက်နှာပြင်မှာကဲ့သို့ တိကျသော နယ်နိမိတ်များ မရှိခြင်းကြောင့် ဖြစ်သည်။ သို့ဖြစ်၍ ကြယ်တစ်လုံးမှ အလင်းရောင်ခြည်သည်[[အလင်း]]ရောင်ခြည်သည် အာကာသအတွင်းသို့ ရောက်သွားပြီး ပျောက်သည်ဟူ၍ မရှိပေ။ ပမာအားဖြင့်၊ ကမ္ဘာ မြေကြီးပေါ်တွင် တစ်နေရာမှစ၍ ခရီးထွက်လျှင် နောက်ဆုံး၌ ကမ္ဘာကိုပတ်ကာ ထိုနေရာသို့ ပြန်၍ ရောက်လာသကဲ့သို့ ဖြစ်သည်။ ကျွန်ုပ်တို့၏ စကြဝဠာသည် အချိန်ရှိသရွေ့ ကျယ်ပြန့်ကြီးထွားလျက်ရှိသည်ဟုလည်း အိုင်းစတိုင်းက ဆိုသေးသည်။ ဝေးကွာသည့် နဂါးငွေ့များသည် နေမှ လျင်မြန်စွာ ခွာလျက် ရှိပုံရသည်။ အဝေးဆုံးရှိ နဂါးငွေ့တန်းများသည် အမြန်ဆုံး ခွာလျက် ရှိပုံရသည်။ ထို့ကြောင့် ဤ စကြဝဠာကြီးသည် လေစည်ဖောင်း ပြန့်ကားသကဲ့သို့ ပြန့်ကားလျက်ရှိပုံရသည်။ အချို့နက္ခတ္တဗေဒဆရာများကမူ စကြဝဠာကျယ်ပြန့်သည်ထက် ပြန့်လျက်ရှိသည်ဆိုသော ယူဆချက်များကို မယုံကြည်ကြချေ။ သူတို့သည် နဂါးငွေ့များ နေမှခွာ၍ ရွေ့ရှားပုံရကြောင်းကို ရှင်းလင်းနိုင်သော နိယာမကို ကြံဆလျက် ရှိကြသည်။
[[File:CMB_Timeline300_no_WMAP.jpg|thumb|640px|မဟာပေါက်ကွဲမှုမှသည် စကြာဝဠာ၏ သမိုင်းအကျဉ်း]]