နက္ခတ္တဗေဒ: တည်းဖြတ်မှု မူကွဲများ

No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာကြောင်း ၈ -
ရှေးဟောင်းခေတ် နက္ခတ္တဗေဒ ပညာရှင်များမှာ ညဖက်တွင် လမ်းကြောင်းရှာရန်လိုအပ်သော ကုန်သည်များ နှင့် သင်္ဘောသားများတို့ဖြစ်သည်။ ထို့အတူ လယ်သမားများအနေနှင့်လည်း စိုက်ပျိုးချိန်၊ ရိတ်သိမ်းချိန် နှင့် ရေကြီးမည့်အချိန်ကို အချို့သော နက္ခတ်တို့ ပေါ်ပေါက်လာမှုနှင့် သူတို့၏ ပုံသဏ္ဌန်ကို ကြည့်ရှုခြင်းဖြင့် ကြိုတင်ခန့်မှန်းရန်ကြသည်။ [[စတုန်းဟင်းချ်]] နှင့် မြောက်အမေရိက ရှေးဦးလူမျိုးစုတို့၏ ဆေးဝါးဘီးများ စသည်တို့ကို တည်ဆောက်သော ရှေးခေတ်လူတို့သည် ကောင်းကင်ကို ဘာသာရေး သို့ အထွတ်အမြတ်ထားသော အနေဖြင့် လေ့လာနိုင်သည်ဟု ယူဆရသည်။ အဘယ်ကြောင့်ဆိုသော် သူတို့အနေဖြင့် လ၏သွားလာပုံ၊ နေ၏ ရာသီပေါ်မူတည်၍ မြောက်ဖက်နှင့် တောင်ဖက်ဆုံးနေရာ နှင့် အခြားအချက်အလက်များကို သူတို့၏ တည်ဆောက်မှုအတွက် လိုအပ်သောကြောင့်ဖြစ်သည်။
 
ဗေဒင်ဆရာတို့သည် လူတစ်ယောက်မွေးဖွားချိန်တွင် ကောင်းကင်၌ရှိသော ဂြိုလ်များကို လေ့လာခြင်းဖြင့် ရှေ့ဖြစ်ကို ဟောနိုင်လိမ့်မည်ဟု ယုံကြည်ကြသည်။ ဗေဒင်ပညာကို ယနေ့ခေတ်တွင် သိပ္ပံပညာအဖြစ် မယူဆသော်လည်း ရှေးခေတ်အခါကမူ ဗေဒင်ပညာ နှင့် နက္ခတ္တပညာတို့သည် နီးစပ်စွာ ဆက်နွယ်နေကြပြီး လူတို့သည် သူတို့မြင်သမျှအရာတို့ကို ဂရုတစိုက်မှတ်တမ်းရေးကြသည်။ ထိုမှတ်တမ်းတို့သည် လွန်ခဲ့သော ရာစုနှစ် ၂ ခုအတွင်း နက္ခတ္တဗေဒပညာရှင် တို့အတွက် စကြာဝဠာကို[[စကြာဝဠာ]]ကို နားလည်ရန်ကြိုးစာရာတွင် အလွန်ပင် အရေးကြီးသည်။
 
== နက္ခတ္တဗေဒ၏ သမိုင်း ==