နဂါးငွေ့တန်း ဂယ်လက်ဆီ: တည်းဖြတ်မှု မူကွဲများ
Content deleted Content added
အရေးမကြီးNo edit summary |
အရေးမကြီးNo edit summary |
||
စာကြောင်း ၄ -
| caption={{longitem|
Paranal Observatory ကောင်းကင်အထက်မှ<br>နဂါးငွေ့တန်း၏ ဂယ်လက်တစ်ဗဟို<br>
(လေဆာသည် တယ်လီစကုပ်အတွက်
| titlestyle=background: #30D5C8;
| headerstyle=background:
စာကြောင်း ၃၂ -
| label13=ကားထွက်ခရုပတ်လမ်း ကြာမြင့်ချိန်
| data13=100–120 Myr
| label14=
| data14={{nowrap|552 ± 6 km/s}}
| below=အခြားကြည့်ရန်: [[ဂယ်လက်ဆီ]]၊ [[ဂယ်လက်ဆီများ စာရင်း]]
စာကြောင်း ၇၂ -
|work=space.com
|accessdate=5 August 2010
}}</ref> နဂါးငွေ့တန်း ဂယ်လက်ဆီ၏ အချင်းမှာ [[အလင်းနှစ်]] ၁ သိန်း ရှိသည်။ <ref name="seds" /> နဂါးငွေ့တန်း ဂယ်လက်ဆီကို ရှာဖွေ တွေ့ရှိမှုမှာ ရှေးခေတ်[[ဂရိ]] တွေးခေါ်ပညာရှင်
[[File:Milky Way Night Sky Black Rock Desert Nevada.jpg|thumb|နဂါးငွေ့တန်းအား ဆဂိတိရစ် ကြယ်စုတန်းဆီသို့ မျက်နှာမူကာ မြင်တွေ့ရပုံ]]▼
== အတိုင်းအတာ ==
ဂလက်ဆီတစ်ခုတွင် အကြမ်းအားဖြင့်[[ကြယ်]]ပေါင်း ကုဋေတစ်သိန်းခန့်ရှိ ပြီး ဓာတ်ငွေ့များနှင့်ပြီးသည်ဟု ယူဆနိုင်သည်။ ဂလက်ဆီပေါင်း ကုဋေတစ်သိန်းရှိသော အဖွဲ့အစည်းကို စကြာဝဠာဟုခေါ်သည်။ [[ရူပဗေဒ]]၏ဝေါဟာရအရ စကြာဝဠာမှာ ရုပ်လောကအတွက် အကြီးဆုံး အဖွဲ့အစည်းဟုမှတ်ယူရ မည်။ ဂလက်ဆီများ၏ အချင်းဝက် (အတိုင်းအတာ) ကို [[အလင်း]]လှိုင်း ဖြတ်သန်းရာတွင် ကြာရှိမည့် အချိန်တာနှင့်မှန်းဆ နိုင်သည်။ ဂလက်ဆီတစ်ဘက်စွန်းမှ ကျန်တစ်ဘက်စွန်းသို့ ဖြတ်သန်းသွားလာရန် အလင်းလှိုင်းသည် နှစ်ပေါင်း တစ်သန်းမျှ ကြာမည်ဖြစ်သည်။ စကြာဝဠာတစ်ဘက်စွန်းမှ အခြားတဖက်စွန်း သို့ရောက်ရှိရန်အတွက်မူ အလင်းလှိုင်း အတွက် နှစ်ပေါင်း ကုဋေတစ်ထောင် ကြာရှိမည်ဖြစ်သည်။ အလင်းလှိုင်းသည် တစ်စက္ကန့်တွင် [[ကီလိုမီတာ]]ပေါင်း တစ်သိန်းခန့် သွားနိုင်ပြီး အလင်းထက်မြန်သောလှိုင်း သို့မဟုတ် အမှုန်မှာရုပ်လောကတွင် မတွေ့ရှိရသေးပေ။ (တမိုင်မှာ တစ်ဒသမ ခြောက်ကီလို မီတာ ရှိသည်။) ကျွန်ုပ်တို့ [[နေအဖွဲ့အစည်း]]ပါဝင်သော ဂလက်ဆီမှာနို့ရည်ဆမ်းဂလက်ဆီဟု ခေါ်သည်။ ကျွန်ုပ်တို့ နို့ရည်ဆမ်းဂလက်ဆီ သို့မဟုတ် မီလကီဝေး ဂလက်ဆီကို ပြင်ပမှနေ၍ လေ့လာ၍ မရသော်လည်း သွယ်ဝိုက်သောနည်းဖြင့် လေ့လာပြီးပုံဖော်ကြည်ရာ [[အင်ဒရိုမီဒါ ဂလက်ဆီ]]ပုံစံမျိုးဟု ယူဆကြသည်။ ဘေးတိုက်ကြည့်လျှင် ပန်းကန်ပြားပျံ ပုံစံမျိုးဖြစ်၍အထက်မှစီးကြည့်လျှင် စကြာပုံစံနှင့်တူသည်။ နေအဖွဲ့အစည်းကို ကျွန်ုပ်တို့ ဂလက်ဆီ၏ဗဟိုမှ တိုင်းတာမည်ဆိုပါလျှင် ဂလက်ဆီ၏ အချင်းဝက် သုံးပုံနှစ်ပုံခန့်အကွာအဝေးလောက်တွင် ရှိမည်ဖြစ်သည်။
ဂလက်ဆီ၏အချင်းဝက်ကို မိုင်အားဖြင့်ဖော်ပြရလျှင် ကုဋေ့ကဋေပေါင်းသောင်း ပေါင်းများစွာရှိမည်ဖြစ်သည်။ ဂဏန်းအားဖြင့် တစ်နောက်တွင် သုညအရေအတွက်ပေါင်း ၁၈ လုံးမျှရှိမည်ဖြစ်၏။ ဤမျှလောက်ကျယ်ပြောသော အတိုင်းအတာရှိ ဂလက်ဆီများအတွင်းနှင့် ဝန်းကျင်ရှိကြယ်များသည် တည်ငြိမ်မနေပဲ ရွေ့လျားလှည့်လည်နေကြသည်။ ဂယ်လက်ဆီ၏ ဗဟိုတွင်ကြယ်အများဆုံး စုစည်းသိပ်သည်း လျက်နေကြသည်။ အချို့ကြယ်များ၏ အလျင်မှာမြင့်မားပြီး အချို့မှာပမာဏအားဖြင့် သိပ်မကြီးလှသောနှုန်းများ
ဖြင့် စက်ဝိုင်းပုံပတ်လမ်းများအတိုင်း ရွေ့လျားနေသည်ဟု ပညာရှင်များက လက်ခံထားကြသည်။ ဂလက်ဆီများမှာလည်း ယေဘုယျအားဖြင့် ပြန့်ကားသော သဘာဝကိုဆောင်ပြီး ရွေ့လျားနေကြသည်။ ဂလက်ဆီများ ရွေ့လျားပုံသည် ပူဖောင်းတစ်လုံးပေါ်ရှိ အစက်များသည် ပူဖောင်းလေသွင်း မှုတ်လိုက်သည့်အခါ တစ်ခုနှင့်တစ်ခု ပို၍ပို၍ ဝေးသွားသကဲ့သို့ ဖြစ်သည်။ ဂလက်ဆီများသည် ကြီးမားလွန်း၍ အမေရိကန် နက္ခတ္တဗေဒပညာရှင် [[အက်ဒွင် ဟပ်ဘယ်|ဟပ်ဗဲလ်]]က ကျွန်းစကြာဝဠာများဟု ခေါ်ခဲ့သည်။ ပဒေပညာသင်ပြီး ရှေ့နေလုပ်စားနေရာမှ နက္ခတ္တဗေဒပညာကို တက္ကသိုလ်တွင် ပြန်လည်ဆည်းပူးပြီး ပါရဂူဘွဲ့ကို ဆွတ်ခူးသူ ဟပ်ဗဲလသည် ၁၉၂ဝ ပြည့်နှစ်မှစ၍ ဂလက်ဆီများကို အထူးပြုပြီး လေ့လာခဲ့လေသည်။ ဟပ်ဗဲလ်၏ လေ့လာမှုသည် အခြေခံကျလှပြီး ဂယ်လက်ဆီများ သဘာဝ သာမက [[စကြာဝဠာ]]၏ ပြန့်ကားနေကြောင်းကိုပါ ဖော်ထုတ်နိုင်ခဲ့သည်။ အမေရိကန်ပြည် ဝီလဆင်တောင်ထိပ်၌ တည်ရှိသော လက်မတစ်ရာရှိ အဝေးကြည့်မှန်ပြောင်းနှင့် ပလိုမာတောင်ထိပ်ပေါ်၌ရှိသော လက်မနှစ်ရာရှိ အဝေးကြည့် မှန်ပြောင်းများကို အသုံးပြုခဲ့သည်။
<gallery class="center" mode="packed-hover" heights="275px">
Line ၁၂၁ ⟶ ၈၆:
== ဂလက်ဆီအမျိုးအစားနှင့် ဖြစ်ပေါ်လာပုံ ==
[[File:Milky_Way_Galaxy.jpg|thumb|250px|နဂါးငွေ့တန်း ဂယ်လက်ဆီကို ပန်းချီဆရာများမှ ပုံဖော်ထားပုံ]]
ဂလက်ဆီများကို အီလစ်ပုံစံသို့မဟုတ် စက်လုံးပုံစံဟူ၍ ဖော်ပြလေ့ရှိကြသည်။ စက်လုံးပုံစံမှတဖြည်း ဖြည်းပြားသွားသည့် ပုံစံများကို အီလစ်ပုံစံဟူ၍ သတ်မှတ်ကြသည်။ကျွန်ုပ်တို့၏ဂလက်ဆီမှာမှု စကြာသဏ္ဌာန် ဂလက်ဆီမျိုး ဖြစ်သည်။ စကြာဝဠာ အတွင်းရှိ ဂလက်ဆီအချို့မှာ ကြီးလွန်းလှ၍ မဟာဂလက်ဆီဟူ၍ပင် ခေါ် ကြသည်။ ဂလက်ဆီအချို့မှာ ပြင်းအားမြင့် ရေဒီယိုလှိုင်းများ ထုတ်လွှတ်ကြ၍ ရေဒီယို ဂယ်လက်ဆီဟု ခေါ်ဆိုကြသည်။ စကြာဝဠာအကြောင်း လေ့လာသည့်အခါ ဂလက်ဆီမှစ၍ဂလက်ဆီမှာပဲ ဆုံးသည်ဟု နက္ခတ္တ ရူပဗေဒပညာရှင်မျာက ပြောစမှတ် ပြုကြသည်။ ဤမျှလောက် အရေးကြီးလှသော နက္ခတ္တ အဖွဲ့အစည်းများမည်သို့ ပေါက်ဖွားလာသည်ကိုကား တိကျစွာမသိရှိရသေးပေ။
စကြာဝဠာအစနှင့် ပြန့်ကားပုံစံမှာ ဂလက်ဆီ ဖြစ်ပေါ်လာပုံနှင့် တိုက်ရိုက်ဆက်နွယ် လျက်ရှိသည်။ စကြာဝဠာအစကို [[ရူပဗေဒ]]နှင့် [[နက္ခတ္တဗေဒ]] ပညာရှင်များက ဤသို့ လတ်တလော လက်ခံယူဆကြသည်။ စကြာဝဠာအစတွင် သိပ်သည်းမှုအနန္တတန်ဖိုးဆောင် အဖွဲ့အစည်းတခုရှိပြီး ယင်းအဖွဲ့အစည်း၏ ပေါက်ကွဲမှုမှ စကြာဝဠာပေါက်ဖွားလာသည်။ ပေါက်ကွဲမှုမှာ ကြီးမားလွန်းလှ၍ [[မဟာပေါက်ကွဲမှု]] ဟုခေါ်သည်။ မဟာပေါက်ကွဲမှုဖြစ်ပွားပြီး ပထမစက္ကန့် တစ်ရာလောက်တွင် အခြေခံအမှုန်အချို့နှင့် ရောင်ခြည်သာရှိပြီး အပူချိန်မှာ ပကတိ အပူချိန်ဒီဂရီ ကုဋေတစ်သန်းခန့်ရှိပြီး စက္ကန့်တစ်ရာမှ တစ်ထောင်အတွင်း
သည်။ ယင်းရောင်ခြည်လှိုင်း (မိုက်ခရိုလှိုင်း)ကို အမေရိကန် ရူပဗေဒပညာရှင် ပင်းဇီးယပ်နှင့် ဗီလဆင်တို့က၁၉၆၅ ခုနှစ်တွင် တွေ့ရှိထားပြီးဖြစ်သည်။ ယင်းသို့ မဟာပေါက်ကွဲမှုမှ စတင်သည့် ပြန့်ကားမှုကြောင့် စကြာဝဠာ၏ အချို့ဒေသတွင် ဒြပ်သားများသည် ကျွန်းများသဖွယ် စုစည်းလျက်ကျန်ရစ်ခဲ့ကြသည်။ ယင်းကျွန်းများကို ယခုအခါဂလက်ဆီများဟု လေ့လာတွေ့ရှိရသည်။
▲ဖြစ်ပေါ် လာနိုင်ဖွယ်ရှိသည်။ ထိုအခါ အပူချိန်မှာ ပကတိအပူချိန် ကုဋေတစ်ထောင်လောက်ရှိမည်ဖြစ်သည်။ ဒြပ်သား များနှင့်ရောင်ခြည်သည် မဟာပေါက်ကွဲမှုစသည်မှ အနှစ်တစ်သိန်းခန့် တွဲနေခဲ့ပြီးမှ အပူချိန်ဒီဂရီတစ်သောင်း လောက်တွင်စ၍ ကွဲထွက်သွားသည်။ ယင်းအချိန်မှစ၍ ရောင်ခြည်မှာပျံ့လွင့်လာရာ ယခု
▲[[File:Milky Way Night Sky Black Rock Desert Nevada.jpg|left|thumb|နဂါးငွေ့တန်းအား ဆဂိတိရစ် ကြယ်စုတန်းဆီသို့ မျက်နှာမူကာ မြင်တွေ့ရပုံ]]
ဂလက်ဆီများတွင် ကြယ်များအပြင် ကောစမစ်မြူမှုန်များ၊ ဓာတ်ငွေ့များရှိကြသည်။ ကောစမစ်မြူမှုန့်များမှာ [[ကာဗွန်]][[အက်တမ်]]များနှင့် ရေခဲများပါဝင်ကြောင်း သိရှိကြရသည်။ ဖြူဖွေးသော ဓာတ်ငွေ့များမှာ ပေါ်လွင်လှ၍လည်း နဂါးငွေ့လမ်းကြောင်း၊ နို့ရည်ဆမ်းလမ်းကြောင်းဟူ၍ ခေါ်ဆိုကြသည်။ သို့ရာတွင် ဂလက်ဆီ ဟူ၍ တိကျသောဝေါဟာရကိုသာ အသုံးပြုရန် သင့်လျော်ပေသည်။ ကြယ်များတွင်သာ ကာဗွန်(ဂရာဖိုက်)နှင့် [[အောက်ဆီဂျင်]] တို့ကို ဖော်ထုတ်နိုင်သည်။ ကောစမစ်မှုန်တို့တွင်ပါဝင်သော ရေနှင့် ကာဗွန်တို့မှာ ကြယ်မဖြစ်ပေါ်ခင် ရှိဖွယ်ရာဖြစ်၍ ရှင်းပြနိုင်ခြင်းမရှိပဲ အခက်အခဲနှင့် တွေ့ကြုံနေရသည်။ ကွေဆာ၊ ပါလာဆာနှင့် တွင်းနက် ၁၉၆၅ ခုနှစ် နှောင်းပိုင်းလောက်တွင် စကြာဝဠာ၏ ဝေးလံသောဒေသများ၌ တည်ရှိပြီး စွမ်းအင်ဖြာထွက်မှု ပြင်းထန်လှသော ကွေဆာခေါ် အလွန်တောက်ပသော ဂလက်ဆီများကို အမေရိကန် နက္ခတ္တဗေဒပညာ ရှင် ရှမစ်(ခ)နှင့် ဆန့်ဒေဂျတို့၏ လုပ်ငန်းများမှ ပီပီပြင်ပြင် ပေါ်ထွက်လာခဲ့သည်။ ယင်း ဂလက်ဆီများမှ စွမ်းအင် ဖြာထွက်မှုများ၏ ပင်မမှာ ဒြပ်ဆွဲပြိုဖျက်မှု ရရှိသည်ဟု နက္ခတ္တရူပဗေဒ ပညာရှင်များက ယူဆကြသည်။
နျူကလီးယားပင်မမှ ယင်းမျှလောက်[[စွမ်းအင်]]ကို မထုတ်ပေးနိုင်ပေ။ အချို့ပညာရှင်များကမူ စွမ်းအင်ထုတ်လုပ်သည့်ပုံစံမှာ ကွေဆာများ၏ဗဟိုတွင် ပါလာဆာ သို့မဟုတ် [[တွင်းနက်]]များရှိပြီး ယင်းပါလာဆာခေါ် [[နယူထရွန်ကြယ်]]များ လည်ပတ်ရွေ့လျားမှုကြောင့် တစ်စိတ်တစ်ဒေသ စွမ်းအင်ဖြာထွက်မှု ဖြစ်ပေါ်စေသည်ဟူ၍ လည်းကောင်း၊ စွမ်းအင်မှန်သမျှစုပ်ယူနိုင်သော [[တွင်းနက်]]ကြီးများထဲသို့ ဒြပ်သားများကျဆင်းသွား၍ [[အဲလ်ဘတ် အိုင်းစတိုင်း]]၏ ညီမျှခြင်းအရစွမ်းအင်များ ရရှိသည်ဟူ၍လည်းကောင်း
ဟောကိန်းထုတ်ကြသည်။ ယင်း ပြဿနာများနှင့် ရင်ဆိုင်နေရစဉ်ပင် ၁၉၇၈ ခု၊ နှောင်းပိုင်းအထိ မြောက်မြားစွာသောဂလက်ဆီနှင့် ဆင်တူအဖွဲ့အစည်းများကို တွေ့ရှိခဲ့ကြရ၍ ပညာရှင်များ အခက်ကြုံနေကြရသည်။ အခိုင်အမာသိရှိပြီးသောအချက်များမှာ ပလာဆာများသည် လည်ပတ်နေသော နျူထရွန်ကြယ်များဖြစ်ကြောင်း၊ကွေဆာများမှာ တကယ်ပင်စွမ်းအင်ဖြာထွက်မှုမြင့်မားပြီး စကြာဝဠာအစွန်း၌ရှိသော ဂလက်ဆီ သို့မဟုတ် နက္ခတ္တဝတ္ထုများ ဖြစ်ကြောင်း၊ဂလက်ဆီများမှာ တစ်ခုနှင့်တစ်ခု ဝေးသထက်ဝေးသွား
စေသော ရွေ့လျားမှုမျိုး အမှန်တကယ် ရှိကြောင်းတို့ဖြစ်သည်။ စောဒကတက်နေကြဆဲ ပြဿနာမှာလက်တွေ့အားဖြင့် တိကျစွာ မတွေ့ရှိရသော်လည်းအထောက်အထားများကို တွေ့ရှိထားသော တွင်းနက် ပြဿနာဖြစ်လေသည်။ ယခုအခါ ဂယ်လက်ဆီတိုင်းရဲ့အလယ်ဗဟိုတွင် အင်အားကြီး [[တွင်းနက်]] (Supermassive blackhole) တစ်ခုစီရှိကြောင်း အတည်ပြုပေးလိုက်ပြီ ဖြစ်ပါသည်။<ref>မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)</ref>▼
▲မတွေ့ရှိရသော်လည်းအထောက်အထားများကို တွေ့ရှိထားသော တွင်းနက် ပြဿနာဖြစ်လေသည်။ ယခုအခါ ဂယ်လက်ဆီတိုင်းရဲ့အလယ်ဗဟိုတွင် အင်အားကြီး [[တွင်းနက်]] (Supermassive blackhole) တစ်ခုစီရှိကြောင်း အတည်ပြုပေးလိုက်ပြီ ဖြစ်ပါသည်။
[[File:Milky Way Arch.jpg|thumb|center|600px|ညဘက်ကောင်းကင်တွင် နဂါးငွေ့တန်းကြယ်စုတန်း သွယ်တန်းနေသောပုံ]]
Line ၁၇၇ ⟶ ၁၀၆:
== ကိုးကား ==
{{Reflist|30em}}
|