မြို့ချောင်းမြို့ဟောင်း: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး clean up, Starts with heading using AWB
No edit summary
စာကြောင်း ၁၅ -
မြို့ရိုးများအတော်အတန် ပွန်းတီးမှုရှီနေခဲ့စေကာမူ ပီပြင်ထင်ရှားသေးသည်။ အထူးသဖြင့် ယခုလက်ရှိမြို့ချောင်း ကျေးရွာတည်ရှိသည့် အနောက်ဘက်မြို့ရိုးပိုင်းမှာမူ ပွန်းတီးပျက်စီးမှု အများ ဆုံးဖြစ်သည်။ အနောက်နှင့်တောင်မြို့ရိုးဘက် တို့တွင်မူ ကျုံးဟောင်းရာများ၊ တွေ့မြင်နိုင်သော်လည်း အရှေ့ဘက်နှင့်မြောက်ဘက်မြို့ရိုးတွင်မူ ကျုံးရာဟောင်းမျိုးကိုမတွေ့ရ။ ရဲနွဲ့ချောင်းကို မျက်နှာမူလျက် ရှိသဖြင့်လည်း ကျုံးလိုအပ်ဖွယ်မမြင်ပါ။ မြို့ချောင်းမြို့ဟောင်းသည်ပင်လ ျှင် ရဲနွဲ့ချောင်း၏ အနောက် ဘက်ကမ်း၌ မှီနေသည့် မြို့ရာဟောင်းတစ်ခုဖြစ်နေသဖြင့် ရဲနွဲ့မြို့ဟောင်းဟုခေါ်လျှင်ပင် သင့်တင့် မည်ဟု ထင်ရပေသည်။ သို့ရာတွင်ဤစာတမ်း၌မူ မြို့ချောင်းမြို့ဟောင်းဟုပင် ခေါ်ထားသေးသည်။
 
မြို့ဟောင်းအတွင်းဖက်၌ လယ်ယာမြေများများစားစားမတွေ့ရ။ ချုံနွယ်ပိတ်ပေါင်းများပေါ သည်။ မြို့ဟောင်းခွင်အတွင်း၌ မည်သူမျှနေထိုင်ပုံမရပါ။ အိမ်ခြေရာခြေလည်းမရှိပေ။ မြို့ချောင်း မြို့ဟောင်းသည် အကြမ်းဖျင်းအားဖြင့် မျက်နှာချင်းဆိုင်အနား ၂ ဖက်ညီကြသည်။ အရှေ့ဘက်နှင့် အနောက်ဘက်မြို့ရိုးတို့မှာ မီတာ ၅၅၀ခန့်မျှ စီရှိပြီး၊ တောင်ဘက်နှင့် မြောက်ဘက်မြို့ရိုးတို့မှာ အနည်းငယ်ရှည်ကြသည်။ မီတာ ၆၅၀န့်စီရှိကြလေသည်။ မြို့အရာဟောင်း၏ နယ်ကုန်ကို ခန့်မှန်း တိုင်းတာထားခြင်းဖြစ်၏။ မြို့ရိုးခွင်၏ အတွင်းဖက်၌ စတုဂံပုံသဏ္ဌာန်အကွက်တစ်ကွက်ဓာတ်ပုံထဲ၌ တွေ့ရှိသေးရာ နန်းရာဟောင်း သို့မဟုတ် တည်ဖွဲ့မှု ရာဟောင်းတစ်ခုခု ဖြစ်နိုင်ပေသည်။ မြို့ဟောင်း ၏ ပုံမှာ လေးထောင့်ကျကျရှိသည့် စတုရန်းပုံမျိုးမဟုတ် မသိမသာအနည်းငယ်မျှယိုင်သည်။ မြောက် ဘက်မြို့ရိုးမှာ အထူးသဖြင့်ရှေ့နောက်တည့်တည့် မဟုတ် မြောက်ဘက်မြို့ရိုး၏ အရှေ့ဘက်ပိုင်း သည် (၁၂)ဒီဂရီခန့် အနည်းငယ်မျှတောင်ဘက်သို့ စောင်းနေလေသည်။ အရာဟောင်း၏ နယ်ကုန် ခန့်မှန်းဧရိယာမှာ (၈၈)ဧကခန့် (၃၅ဟက်တာ)ရှိမည်ဟု တိုင်းတာခန့်မှန်းပါသည်။
 
မြိုရိုးထောင့်ပုံသဏ္ဌာန်အရ မြို့ချောင်းမြို့ဟောင်းသည် ဘုရားကြီး၊ မင်းရဲလှ၊ ကောလိယ စသည့် မြို့ဟောင်းများထက် တည်ဆောက်မှုစောသည့် မြို့ဟောင်းတစ်ခုဖြစ်ဟန် လက္ခဏာရှိပေသည်။