အဘီစစ် ဝိဇ္ဇာဇီဝ: တည်းဖြတ်မှု မူကွဲများ

စာမျက်နှာအသစ်: left|frame|thumb|အဘီစစျ ဝိဇ်ဇာဇီဝ ထိုငျးအသံထှကျအားဖွငျ့ “အ ...
 
No edit summary
စာကြောင်း ၁ -
[[image: absabs222.jpg|left|frame|thumb|အဘီစစျအဘီစစ် ဝိဇ်ဇာဇီဝဝိဇ္ဇာဇီဝ]]
 
ထိုင်းအသံထွက်အားဖြင့် “အ ဖိစစ် ဝေ့ချ်ချာချီဝ”သည် [[ဗုဒ္ဓဘာသာ]]ဝင်တယောက်ဖြစ်ပြီး[[ အင်္ဂလန်နိုင်ငံ]]၊ [[နယူး ကတ်ဆဲလ်]]တွင် ၁၉၆၄ ခု သြဂုတ်လ ၃ ရက်နေ့မှာ မွေးဖွားခဲ့သည်။ ထိုင်း-တရုတ်အထက်တန်းလွှာ မိသားစုမှ ဆင်းသက်လာသူ ဖြစ်သည်။ အစ်မ ၂ ယောက်ရှိသည်။ သူ့၏ မိဘ နှစ်ဦးစလုံး ဆေးပညာ [[ပါရဂူ]]ဘွဲ့ရများဖြစ်ကြပြီး ဖခင်သည် ကျန်းမာရေး ဒုတိယဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ဖူးသည်။ အောက်စ်ဖို့တက္ကသိုလ်မှ စီးပွားရေး၊ နိုင်ငံရေး၊နှင့် [[ဒဿနိကဗေဒ]] ဘာသာရပ်တို့ဖြင့် ဘွဲ့ရခဲ့ပြီး၊ စီးပွားရေး ဘာသာဖြင့် မဟာဘွဲ့ကို အောက်စ်ဖို့တက္ကသိုလ်မှပင် ရယူခဲ့သည်။ ၁၉၉၀ ခုနှစ်တွင် ထိုင်းနိုင်ငံ ဘန်ကောက်ရှိ ရမ်ခန်ဟိန်းတက္ကသိုလ် မှ ဥပဒေဘွဲ့ကိုလည်း ရရှိခဲ့သည်။ ဒေါက်တာ Pimpen Sakuntabhai ကို လက်ထပ်ခဲ့ပြီး သားသမီး ၂ယောက် ရှိသည််။
 
၄င်း၏ အမနှစ်ယောက်အနက် တစ်ဦးမှာ ကလေးဒဿနိကဗေဒဆိုင်ရာ ပါမောက္ခဖြစ်ပြီး အခြား တစ်ဦးမှာ ထိုင်းနိုင်ငံ၏ ကျော်ကြားသော စာရေးဆရာမဖြစ်ပါသည်။ ၄င်း၏ ဇနီးသည် သွားဆရာဝန်ဖြစ်ခဲ့ပြီး ယခုအခါ Chulalongkorn တက္ကသိုလ်တွင် သချင်္ာကထိကအဖြစ် ပို့ချနေသူ ဖြစ်ပါသည်။
 
==ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခံရခြင်း==
၁၉၉၀ ခုနှစ်တွင် နိုင်ငံရေးနယ်ပယ်ထဲဝင်ရောက်ခဲ့ပြီး ဘန်ကောက် မဲဆန္ဒနယ်မှ ရွေးချယ်တင်မြောက်ခြင်းခံခဲ့ရသည်။ ၂၀၀၅ ခုနှစ် ဖေဖေါ်ဝါရီ လ ကတည်းကစပြီး ဒီမိုကရက် တစ်ပါတီ၏ ခေါင်းဆောင် ဖြစ်လာခဲ့သည်။
 
ဒီမိုကရက်တစ်ပါတီခေါင်းဆောင် အဘီစစ် (Abhisit Vejjajiva ) သည် စုစုပေါင်း မဲအရည်အတွက် ၄၃၁ မဲ အနက် ၂၃၅ မဲရရှိသောကြောင့် ထိုင်းနိုင်ငံတွင် အသက် ၄၄ နှစ်ဖြင့် အငယ်ဆုံးဝန်ကြီးအဖြစ် ၂၇ ဦးမြောက် တာဝန်ထမ်း ဆောင်မည့် ဝန်ကြီးချူပ် ဖြစ်လာခဲ့သည်။ သူ၏ ပြိုင်ဘက် Puea Pandin ပါတီခေါင်းဆောင် ပရာချပရွန်နော့က မဲ ၁၉၈ မဲသာ ရရှိခဲ့သည်။
 
[[Category:ထိုငျးထိုင်း]]
[[Category:နိုငျငံရေးနိုင်ငံရေး]]
[[Category:အတ်ထုပ်ပတ်တိအတ္ထုပ္ပတ္တိ]]