အပြင် ၃၇ မင်း: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး Edit merged articles
စာကြောင်း ၉၂ -

=== ထီးဖြူဆောင်းနတ် ===
{{main|ကွမ်းဆော်ကြောင်းဖြူ}}
{{main|ထီးဖြူဆောင်းနတ်}}
ထီးဖြူဆောင်းနတ်သည် ပုဂံနော်ရထာမင်း၏ ခမည်းတော် ကွမ်းဆော်မင်း(၃၂၆-၃၄၈)ဖြစ်သည်။ ကြည်းစိုးနှင့်စုက္ကတေးမင်းတို့က ပုန်ကန်လှည့်စား၍ ရဟန်းပြုစေသဖြင့် ရဟန်းအဖြစ်နှင့် အနိစ္စရောက်ရာမှ နတ်ဖြစ်သည်ဟုဆိုသည်။ နတ်ရုပ်မှာပလ္လင်ခုံပြန့်ပေါ်တွင် တင်ပျဉ်ခွေလျက်၊ သင်္ကန်းဒူးကုဋ်တင်ဟန်နှင့်မိုးကြိုးသွားပုံ ဒေါက်ချာဆောင်းထားသည်။ ယာလက်ကသရဘတ် ကိုင်၍ (ယပ်ကိုင်၍) ဝဲလက်ကဒူးပေါ်ထောက်ထားသည်။

စာကြောင်း ၁၀၀ -

=== ပရိမ္မရှင်မင်းခေါင်နတ် ===
{{main|ပရိမ္မရှင်မင်းခေါင်}}
{{main|ပရိမ္မရှင်မင်းခေါင်နတ်}}
ပရိမ္မရှင်မင်းခေါင်နတ်သည် ပဋိသန္ဓေကိုးလနှင့်ပါလာသော ကွမ်းဆော်မင်း၏မိဖုရားတစ်ဦးမှမွေးသည်ကျည်းစိုးမင်း ( ၃၄၈-၃၅၄) ဖြစ်သည်။ ကွမ်းဆော်မင်းသည် ကျည်းစိုးအား သားအရင်း ကဲ့သို့သဘောထားကာ ပရိမ္မရွာကို အပိုင်စား ပေးသနားတော်မူခဲ့သည်။ ထိုနောက်ကျည်းစိုးမင်းဖြစ် သောအခါ တစ်နေ့၌တောကစားထွက်ခဲ့၏။ တောတွင်
သမင်ပစ်မည်ဟု လေးရွယ်နေစဉ် မုဆိုးတစ်ဦးက ထိုသမင်ကိုပင်ပစ်ရာ ကျည်းစိုးမင်းကို လေးမှန်၍အနိစ္စရောက်ရာမှ ပရိမ္မရှင်မင်းခေါင်နတ်ဟုတွင်သည်။ နတ်ရုပ်မှာအောက်ပလ္လင်ပေါ်တွင် တင်ပျဉ်ခွေ၍ ဗောင်းသရဖူဆောင်းလျက်၊ ယာလက်ကဒူး လေးထမ်းဟန်၊ ဝဲလက်ကဝဲဒူးစွန်းကိုထောက်ထားဟန်ရှိသည်။
စာကြောင်း ၁၁၂ -
မန္တလေးဘိုးတော်နတ်သည် ရွှေဖျဉ်းညီနောင်ကို ဘုရင့်အမိန့်အရ မွေးထားရသူပုဏ္ဏားသားဖြစ်သည်။ ညီနောက်နှစ်ယောက် ရာဇဝတ်သင့်ရာတွင်ရော၍ ကွပ်မျက်ခံရသည်။ ရွှေဖျဉ်းညီနောင်တို့ကအဘိုးဟု ခေါ်ရာမှ ဘိုးတော်ဟုတွင်သည်။ မန္တလေးအရပ်တွင် အသတ်ခံရ၍ မန္တလေးဘိုးတော် ဟုခေါ်သည်။ နတ်ရုပ်မှာ အောက်ခံပလ္လင်ခုံတွင် မတ်ရပ်ထားလျှက် ဗောင်းဆင်ပြီးလျှင် ဝဲဓားထမ်းသည်။ ယာလက်နှင့်လက်ညှိုး လက်ဖျစ်ပြဟန် ထုလုပ်ထားသည်။ ငါ့မှာ 'လက်တဆစ်မျှအပြစ်မရှိ' ဟုဆိုလိုသည်။

=== ရှင်ကွရှင်ကွနတ် ===
{{main|ရှင်ကွ}}
ရှင်ကွနတ်သည် မန္တလေးဘိုးတော်၏ နှမဖြစ်သည်။ ရွှေဖျဉ်းညီနောင်အရေးတွင် မန္တလေးဘိုးတော်နှင့်အတူရော၍အသက်ခံရကာ နတ်ဖြစ်သည်ဟူ၏။ နတ်ရုပ်မှာ ကြာခံခုံတွင် ဆံထုံးလုလင်ကြည့်၊ ဆံထိုး၊ ဆံကျင်အစုံနှင့် လက်နှစ်ဖက်ကိုတွဲလွဲချကာကွ၍ သွားဟန်ထုလုပ်ထားသည်။
စာကြောင်း ၁၃၄ -
မင်းကျော်စွာနတ် (၉၆-၁၁၆)နှင့်စပ်လျဉ်း၍ ကျော်စွာသုံးဦးရှိနေသည်။ ပုဂံသိန်းခွန်၏ သားဟူ၍လည်းကောင်း၊ ပုဂံအလောင်းစည်သူမင်း (၄ရ၄-၅၂၉) ၏ အမတ်တစ်ဦး ဟူ၍လည်းကောင်း၊ အင်းဝပထမင်းခေါင်၏ သားတော်မင်းရဲကျော်စွာဟူ၍ လည်းကောင်းဆိုသည်။ ပထမအဆို၌ အစ်ကိုစည်သူကသတ်၍ သေသည်ဟူ၍ လည်းကောင်း၊ ဒုတိယအဆို၌ ပုပ္ပါးသူအရက်သည် မဘို့မယ်နှင့်အကြောင်းပါသည်။ ကြက်၊အရက်၊ ပွဲများနှင့် သာပျော်ပါးနေ၍သေသည်ဟူ၍ လည်းကောင်း၊ တတိယအဆိုအရမွန်တို့နှင့်တိုက်ရသော ဒလစစ်ပွဲတွင်ကျဆုံး သည်ဟူ၍လည်းကောင်းဆိုလေသည်။ နတ်ရုပ်မှာမြင်းစီးလျှက် ယာလက်ကကြီမ်ကိုင်၍ ဝဲလက်ကမြင်းဇက်ကို ကိုင်ထားသည်။သျှောင်ထုံးနှင့်ထုလုပ်ရသည်။

=== အောင်စွာမကြီးနတ် ===
=== အောင်စွာမကြီး ===
{{main|အောင်စွာမကြီး}}
အောင်စွာမကြီးနတ်သည် ပုဂံနရပတိစည်သူမင်း (၅၃၆-၅ရ၃) ၏အမတ်ငအောင်စွာဖြစ်သည်။ နရပတိစည်သူက နောင်တော်မင်းယဉ်နရသိင်္ခကိုသွား၍ လုပ်ကြံချေ။ အောင်မြင်လျှင်မရီးတော် တစ်ယောက်နှင့် ပေးစားမည်ဟု ဂတိပေးသည်။ အောင်မြင်သောအခါ၌ကား ဂတိအတိုင်းမပေးစား၍ ''ထွီ''ဟုဆိုမိသည်နှင့် အကွပ်မျက်ခံရသည်တွင် နတ်ဖြစ်သည်ဟူ၏။ နတ်ရုပ်မှာမြင်းစီးလျှက်၊ လက်ဝဲဇက်ကိုင်၊ လက်ယာဓါးထမ်း၊ ခေါင်းထုပ်ဗောင်းနှင့်ရှိသည်။
စာကြောင်း ၂၁၀ -
ယွန်းဘုရင်နတ်သည် ဇင်းမယ်ဘုရင်ဗြသံဖြစ်သည်။ ၉၂၁ ခုနှစ်တွင်ဟံသာဝတီဆင်ဖြူများရှင် ဘုရင့်နောင်သည် ဇင်းမယ်ကိုလုပ်ကြံရာမှ ဖမ်းယူခဲ့၍ ခြီးမြှောက်ထားရာ သွေးဝမ်းရောဂါ ကပ်ရောက်၍ အနိစ္စရောက်ရာမှ နတ်ဖြစ်သည်ဟူ၏။ နတ်ရုပ်မှာပလ္လင်ခံ၊ လက်ယာဒူးထောင်၊ လက် ဝဲဒူးလှဲ၊ ယာလက်က ကြံဆစ်သိုင်းတုတ်ကိုထမ်း၊ ဝဲလက်ကလက်ဝဲပေါင်ကိုထောက်၊ ခေါင်းမှာမြစ်ညွှန့် ဗောင်းနားတောင်းနှင့်ထုလုပ်ရသည်။

== နတ်စာရင်းဝင် လူအတန်းအစားများ ==
အဆိုပါ အပြင် ၃၇ မင်း နတ်စာရင်းတွင်
*ဘုရင် (သို့) မင်းများ - ၉ ပါး (ယွန်းဘုရင် အပါအဝင်)
*မိဖုရား - ၄ ပါး
*မင်းသား၊ မင်းနွယ် - ၈ ပါး (သထုံမနူဟာ မင်းနွယ်အပါအဝင်)
*အမတ်နှင့် မင်းအမှုထမ်း - ၁၁ ဦး
*ကုန်သည်နှင့် ဆင်းရဲသား - ၄ ယောက်
ဟူ၍ စုစုပေါင်း ၃၆ ဦးပါဝင်ကာ အမျိုးသား ၂၆ ဦး၊ အမျိုးသမီး ၁၉ ဦး ပါဝင်သည်။

၎င်းတို့၏ ကွယ်လွန်အနိစ္စရောက်ခဲ့ပုံကို မူတည်၍ ခွဲခြားကြည့်မည် ဆိုပါက ကျားကိုက်၊ မြွေခဲ၊ မီးတိုက်၊ ကွပ်မျက်၊ စိတ္တဇစသော အသေဆိုးဖြင့် သေဆုံးခဲ့ရသူ ၂၂ ဦး၊ အဖျားရောဂါဖြင့် သေဆုံးခဲ့သူ ၁၁ ဦး၊ ဘိန်းဘင်းအရက်ဖြင့် သေဆုံးခဲ့သူ ၂ ဦးနှင့် နူနာဖြင့် သေဆုံးခဲ့သူ ၁ ဦးဟူ၍ ရရှိသည်။

ကွယ်လွန်ခဲ့ချိန်တွင် ရဟန်းဝတ်ဖြင့် ရှိခဲ့သူ ၃ ဦးပါဝင်ပြီး သာမန်လူဝတ်ကြောင် ၃၃ ဦး ပါဝင်သည်။

ဤစာရင်းအရ ၃၇ မင်းနတ်များသည် မြန်မာနိုင်ငံအထက်ပိုင်း ပုဂံ၊ပင်းယ၊ အင်းဝနှင့် တောင်ငူခေတ်ကနတ်များသာ ဖြစ်ကြောင်းတွေ့ရသည်။ ရခိုင်ပြည်နှင့်မွန်ပြည်တို့ဘက်မှ နတ်များ လုံးလုံးမပါချေ။ ညောင်ချင်းအိုနတ်မှာ
သထုံပြည်မနူဟာ အနွယ်မင်းတစ်ပါး ဖြစ်သော်လည်း ပုဂံတွင်အနိစ္စရောက်ရာမှ နတ်ဖြစ်သဖြင့် ပုဂံခေတ်နတ်ဖြစ်သည်။ ဇင်းမယ်ဘုရင်မှာလည်း မြန်မာပိုင်နက်တွင် အနိစ္စရောက်ရာမှ တောင်ငူခေတ်၌ဖြစ်သည်။ အောက်မြန်မာနိုင်ငံတွင် အထူးကျော်ကြားယုံကြည် ကိုးကွယ်နေကြသော ရေငံပိုင် ဦးရှင်ကြီးနတ်သည် ၃၇ မင်းတွင်မပါချေ။ မပါသော်လည်း ဒေသအလိုက် ၃၇ မင်းနတ်တို့ထက်ပင် အရေးပေး ကိုးကွယ်ကြသည်။ ကိုးမြို့ရှင်နတ်၊ မြင်းဖြူရှင်နတ် စသည်တို့သည် ၃၇ မင်းနတ်စာရင်းတွင်မပါသော်လည်း ဒေသအလိုက် ကိုးကွယ်ကြသောနတ် များဖြစ်ကြသည်။ ကျောက်ဆည်နယ်တွင် ကိုးမြို့ရှင်ကို ကိုးကွယ်ပသကြ၏။ စင်စစ် ၃၇မင်း နတ်စာရင်းတွင်မပါသော နတ်အများအပြားပင် ရှိနေပေသေးသည်။

== နတ်ချင်း ==
ဤသုံးဆယ့်ခုနစ်မင်းနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ နတ်သံများလည်းရှိ၍ ၃၇ ချင်းဟူ၍လည်း ရှိသေးသည်။ နတ်သံပုံစံအဖြစ်အောက်တွင် မင်းကျော်စွာနတ်သံကို ဖေါ်ပြထားသည်။

''ပုဆိုးငယ်ပန်းပေါင်းလေ၊ ရွှေညာဖျားနှင့်ပုပ္ပါးသူ၊

ငယ်ဖြူပြာလဲ့၊ ဘို့မယ်တဲ့မောင်၊ သောက်ခေါင်ငယ်မှမူးမော်၊

ကြက်နှင့်မီးကို၊ မငြီးပျော်သည်၊ မောင်ကျော်လူအား၊

ခေါင်းပေါင်းကြယ်နီ၊ ပန်းဘိုနီနှင့်၊ ကူနီနန်းက၊ ရွှေခန်းသာတဲ့၊

လေးပါးညီနောင်၊ သောက်လို့လာလျှင်၊ တွေ့ရာလဲသည်၊ လုပဲစီ၊

သင်္ဂီငယ်မှလျှံလန်း၊ ရွှေဂံဆန်းသည်၊ နန်းကြော့သခင်၊

အလောင်းစည်သူဇမ္ဗူမှန်ကင်း၊ စက်တော်ရင်းမှာ၊

မင်းကျော်စွာတဲ့၊ မတ်ညာတင်ကို၊ တိုင်းခွင်နယ်မှကျော်ကြား၊

ပျိုများပန်းညို၊ ကြည့်တိုင်းငယ်စိုသည်၊ လူပျိုမှိုင်းငယ်၊

သောက်တိုင်းထွာချည်၊ ပျိုများချစ်ဖွယ်၊ အရက်အိုးနှင့်

ကြက်ဖိုးပါလျှင်၊ ပျော်ရာအိပ်လို့၊ စိတ်ကြိုက်ကယ်လည်သည်၊

ဘို့မယ်အိမ်ကဆဲသည်နှင့်။ မောင်ကျော်ဖောက်သည်၊

ပိတောက်ကြည်နှင့်၊ ဝါးကျည်တသီး၊ ခွေးမတိုးသည်၊

မိုးပါးနီးချည့်၊ မီးနှင့်ပျော်သည်၊ မောင်ကျော်အတင့်ရဲသည်နှင့်၊

ခပ်မှိုင်းမှိုင်းနှင့်၊ တွေ့တိုင်းမရှောင်၊ ဘို့မယ်မောင်မှာ၊

မျက်တောင်ရှက်လို့မှေးသည်နှင့်။ ခုန်တိုင်းငယ်ရှလို့၊

ဘုတ်လှစွန်ချီ၊ မောင်ကျော်ဆက်သည့်၊ ကြက်ဖနီငယ်၊

နာရီအောင်ချက်ကရွေးသည်နှင့်။ ကြက်လောင်းစရာ၊

ဘို့မယ်သိလျှင်၊ မိလျှင်ခက်မည်၊ ကြောက်၍ ဖွက်ရရှာသည်။

ခါးမှငွေထုတ်ကလေးသည်နှင့်၊ ကြက်တိုက်ငယ်ညောင်ပင်က

ဝေးသည်နှင့်၊ ဘို့မယ်အိမ်မှာ၊ စိန်ပင်ပေါက်ကယ်တဲ့၊

သောက်ချည့်ခင်မ၊ လဲလျက်ကယ်မြင်လျှင်၊ ထူချင်ထူကြ၊

မထူနေပ၊ မြေမှထချည့်၊ ပျိုများသက်ဖျော်၊ ကူနီနန်းက၊

ရွှေနန်းပျော်ကို၊ တော်တော်မမှတ်ကြပါနှင့်၊

မောင်ကျော်လက်ရာ၊ ရွှေရင်အေးလို့၊ ထွေးထွေးနာလျှင်။

လေနာထွေး လို့မှားကြမယ်၊ ဗျာဆံကျနှင့်နှမအပျို၊

လေဆေးသောက်လို့မပျောက်လို၊ အနာပိုလို့ပွားကြမယ်၊

ရွှေရင်ဆာသည်၊ လေနာမျိုးကို၊

သောက်ကိုးတင်လျှင်စင်စင်ငြိမ်းအောင်၊ သိမ်းခဲ့မယ်လေး၊

ပျိုကာလနှမထွေးတို့။''

၃၇ ချင်းမှာ ၃၇ မင်းနတ်တို့ကိုပသသောနတ်ကပွဲတွင် ဆိုင်းများက တီးမှုတ်ကြသော ရှေးအရိုးအစဉ်ကို နောက်ဆရာများက မှတ်သားထားပြီးလျှင်ယင်းတို့ကို ၃၇ ချင်းဟုခေါ်သည်။ ယင်းသည့်၃၇ ချင်းတွင်-

''သိကြားနတ်၏တွင်ချင်းမှာ

ဘုန်းတန်းတေဇာ၊ ဖြာဖြာအရောင်လင်းပါလို့၊

မင်းမင်းထိပ်ခေါင်ဘွေ။ (ပထမခံပြီးလျှင်- နောက်) ။

ကြိုင်သင်းနတ်မဉ္စူလေတည့်၊ကြူကြူလှိုင်၊မြမြိုင်သာ

ပျံ့မွှေးငယ်မှာ- ထွေပင်ထွေဆန်းလှတောင်း။ ။

ကြိုင်ဧဧ-နတ်မဉ္စူငယ်လေ၊ ဇမ္ဗူပြန့်မြေချာ၊ ပြန့်လှိုင်ထုံလှ

မွှေးတယ်လေး။ သပြေမြဒီပါ၊ မြတ်ခွင်မြတ်ညာ။

။ရာမင်းရှိပန်ခါ၊ တေဇာပြင်းပြင်းလေ။မြတ်စွာ

ရွှေဘုန်းနန်းနှင့်နှင့်လေး၊ ဖန်နန်းဆောင်၊

ဝေမှောင်လွင့်လွတ်ရှားလို့သိကြားနတ်ဘုံလို။ ။

ယင်းကိုခံပြီးမှနတ်သံပစ်သည်။

နတ်သံချ၍ပသသောအခါတီးချင်း။

သောင်းခန်းလုံးကေသာ၊ ဘုန်းတန်းကြီးကြောင်း၊

သောင်းခန်းလုံးကေသာ၊ ဘုန်းတန်းအနီး'

တေဇာကျေညာကျော်သဲ၊ မို့မို့ဝေဆာ၊ အာကာဘုံထဲ။ ။

(အဖန်ဖန်တီးပြီးနောက်)

ဖြိုးဖြိုးမြင့်ဝေမြိုင်၊ ယိမ်းယိမ်းပြောင်းပြောင်း၊

ရွှေပြည်လုံးငြိမ်းကြောင်း၊ ရုံးပေါင်းပွဲတော် သာကို၊

လာချည့်လေ၊ ရွှင်မြူးကျုးကြော်ခါ၊ သာပင်သာစွလေ၊

ရွှေဝန်းရံကာ၊ ထွန်းလျှံဖြာ၊ ရွှေ ကျွန်းမြန်ချာ၊

ပြင်ဖြာစည်လှလေး။ ။

(တစ်နည်းနတ်သံချလျှင်-တီးရမည်မှာ)

တုဿီသာ-တုဿီသာ၊ တုဿီသာသာမော၊

နတ်ပင်နတ်တို့တော၊ သာမောတုဿီတာငယ်လေ၊ သာစွလေ။

သာမောတုဿီသာငယ်လေသာစွလေ-'ဟူ၍ဖြစ်သည်။<ref>မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)</ref>

== ကိုးကား ==
<references/>

== ဆက်စပ်ကြည့်ရှုရန် ==
[[အတွင်း ၃၇ မင်း]] လည်းကြည့်။

{{နတ်}}
{{၃၁-ဘုံ}}