အဘီစစ် ဝိဇ္ဇာဇီဝ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
အရေးမကြီးNo edit summary
စာကြောင်း ၂၃ -
| ဝဘ်ဆိုက် =
}}
 
 
အဘီစစ် ဝိဇ္ဇာဇီဝ(ထိုင်းအသံထွက်အားဖြင့် “အ ဖိစစ် ဝေ့ချ်ချာချီဝ”) (Abhisit Vejjajiva ) သည် [[ထိုင်းနိုင်ငံ]]၏ ၂၇ ဦးမြောက် ဝန်ကြီးချုပ်ဖြစ်ပြီး လက်ရှိ အုပ်ချုပ်နေသည့် ဝန်ကြီးချုပ်လည်း ဖြစ်သည်။ သူသည် [[ဗုဒ္ဓဘာသာ]]ဝင်တယောက်ဖြစ်ပြီး [[အင်္ဂလန်နိုင်ငံ]]၊ [[နယူး ကတ်ဆဲလ်]]တွင် ၁၉၆၄ ခု ဩဂုတ်လ ၃ ရက်နေ့မှာ မွေးဖွားခဲ့သည်။ ထိုင်း-တရုတ်အထက်တန်းလွှာ မိသားစုမှ ဆင်းသက်လာသူ ဖြစ်သည်။ အစ်မ ၂ ယောက်ရှိသည်။ သူ့၏ မိဘ နှစ်ဦးစလုံး ဆေးပညာ [[ပါရဂူ]]ဘွဲ့ရများဖြစ်ကြပြီး ဖခင်သည် ကျန်းမာရေး ဒုတိယဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ဖူးသည်။ [[အောက်စ်ဖို့တက္ကသိုလ်]]မှ စီးပွားရေး၊ နိုင်ငံရေး၊နှင့် [[ဒဿနိကဗေဒ]] ဘာသာရပ်တို့ဖြင့် ဘွဲ့ရခဲ့ပြီး၊ စီးပွားရေး ဘာသာဖြင့် မဟာဘွဲ့ကို အောက်စ်ဖို့တက္ကသိုလ်မှပင် ရယူခဲ့သည်။ ၁၉၉၀ ခုနှစ်တွင် ထိုင်းနိုင်ငံ ဘန်ကောက်ရှိ ရမ်ခန်ဟိန်းတက္ကသိုလ် မှ ဥပဒေဘွဲ့ကိုလည်း ရရှိခဲ့သည်။ ဒေါက်တာ Pimpen Sakuntabhai ကို လက်ထပ်ခဲ့ပြီး သားသမီး ၂ယောက် ရှိသည်။