သန်းရွှေ (ဗိုလ်ချုပ်မှူးကြီး): တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ်
စာကြောင်း ၄၃ -
= ငယ်စဉ်ဘဝ =
ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို ၁၉၃၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက် ကြာသပတေးနေ့ နံနက် ၅ နာရီခန့်တွင် ကျောက်ဆည်မြို့နယ် အင်းမရွာ၌ အဖ ဦးလေးမြင့်၊ အမိ ဒေါ်စိမ်းရင်တို့မှ ဖွားမြင်ခဲ့သည်။{{refn|1 =မန္တလေးတိုင်း၊ ကျောက်ဆည် မြို့နယ်အတွင်းရှိ မင်းစုကျေးရွာတွင် မွေးဖွားသည်ဟုလည်း ဆိုကြသေးသည်။ သို့သော် မြန်မာ့သမိုင်း အဖွဲ့ဝင် ဦးကျော်ငြိမ်း ပြုစုသော '''ကိုလိုနီခေတ် မြန်မာရက်စွဲသမိုင်း'''(၁၈၈၆-၁၉၄၂)၌ ၁၉၃၃ ဖေဖော်ဝါရီလ ၂ ရက် ကြာသပတေးနေ့ ဟူ၍ ဖော်ပြထားသည်။ ထို့အတူ Benedict Rogers ရေးသား၍ ထိုင်းနိုင်ငံမှ Silkworm စာအုပ်တိုက် မှ ၂ဝ၁ဝ ခုနှစ်က ထုတ်ဝေခဲ့သော Than Shwe: Unmasking Burma’s Tyrant စာအုပ် စာမျက်နှာ ၁ဝ နှင့် အွန်လိုင်းစာမျက်နှာ၌လည်း ယင်းအတိုင်းပင် ဖော်ပြထားသည်။ Emma Larkin ရေး၍ ပင်ကွင်းစာအုပ်တိုက်မှ ၂ဝ၁ဝ ထုတ်ဝေသော Everything is Broken စာအုပ် စာမျက်နှာ ၁၆၇ ၌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ မွေးသက္ကရာဇ် ၁၉၃၃ ဖေဖော်ဝါရီလ ၂ ရက်နေ့သည် မမှန်ဟု ဆိုသည်။ ၎င်းက ၁၉၃၂ ဧပြီ ၁ ရက် နံနက် ၆ နာရီသာ အမှန်ဟု ဆိုသည်။ သို့သော် အမည်မဖော်လိုသော ဝေဒပညာရှင် တစ်ဦးကမူ ၁၉၃၃ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက် သောကြာနေ့သာ ဖြစ်ရမည်ဟု ဆိုသည်။ အကြောင်းမှာ ဦးသန်းရွှေ၏ ချက်တဝိုက်၌ မှဲ့စလွယ် (သို့မဟုတ်) စာအမှတ်အသား ပါရှိသောကြောင့်ဟု ဆိုသည်။ သို့သော် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ မဲဆန္ဒရှင်စာရင်းတွင်မူ ၃ မေ ၁၉၃၅ ဟုဖော်ပြထားသည်။|group = note|name=age}}
ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ငယ်စဉ်က ကျော္ဆည်မြို့၌ကျောက်ဆည်မြို့၌ စတင်ပညာသင်ကြား၍ ၁၉၅၁ ခုနှစ် အသက် ၁၈ နှစ်၌ အင်္ဂလိပ်-မြန်မာ ၁ဝ တန်းအထိ ပညာသင်ကြားခဲ့သည်။ ၁ဝ တန်း စာမေးပွဲ အောင် မအောင် ကို အတိအကျ မသိရသော်လည်း မဆလပါတီ ဗဟိုကော်မတီလောင်း ကိုယ်ရေးမှတ်တမ်း အကျဉ်း၌ ၁ဝ တန်းအောင်ဟု ဖော်ပြထားသည်။
 
ထို့နောက် ၁၉၅၂ ခုနှစ် မိတ္ထီလာမြို့ရှိ စာတိုက်၌ တစ်နှစ်ခန့် စာတိုက်စာရေး ဝင်ရောက်လုပ်ကိုင်ခဲ့သည်။ ၁၉၅၃ ခုနှစ်တွင် တပ်မတော် အရာရှိ လေ့ကျင့်ရေးကျောင်း O.T.S အပတ်စဉ် (၉) သို့ တက်ရောက်ကာ ဒုဗိုလ်အဖြစ် ခန့်အပ်ခြင်း ခံရသည်။ သူ၏ကိုယ်ပိုင်နံပါတ်မှာကြည်း၆၇၁ဝ ဖြစ်ပြီးအမှတ်(၁) ခြေလျင်တပ်ရင်းတွင် တာဝန်ကျခဲ့သည်။ သူ၏ အပတ်စဉ် တစ်ပတ်တည်း ကျောင်းဆင်းခဲ့သူများမှာ နဝတခေတ်၌ ပထမ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဖြစ်ပြီးနောက် ၊များမကြာခင်ယဉ်ကျေးမဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် ရွှေ့ပြောင်းခံရသူ ကိုယ်ပိုင်နံပါတ် (ကြည်း-၆၅၉ဝ) ဒုဗိုလ်မှူးကြီးဟောင်း စိုးညွှန့် (ကဗျာဆရာ ထီလာစစ်သူ)နှင့် ဗိုလ်ချုပ်ဘုန်းမြင့် (ကြည်း-၆၆၆၂)၊ ဗိုလ်ချုပ် မြသင်း (ကြည်း-၆၆၀၅) တို့ ဖြစ်သည်။ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်များတွင် KNU နှင့် ဗကပတို့ကို စစ်ဆင်ရေး တိုက်ပွဲများတွင် ပါဝင်ခဲ့သည်။ ထို့နောက် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ၏ ဗဟိုနိုင်ငံရေးသိပ္ပံကျောင်း၊ စိတ်ဓာတ် စစ်ဆင်ရေးဌာနတွင် ပြောင်းရွှေ့တာဝန် ထမ်းဆောင်ခဲ့ရသည်။၁၉၆၂တွင်ဗဟိုနိုင်ငံရေးတက္ကသိုလ်၌နည်းပြ၊ဌာနမှူးအဖြစ် ပြောင်းရွှေ့တာဝန်ထမ်း ဆောင်ခဲ့သည်။