မင်းကြီးညို: တည်းဖြတ်မှု မူကွဲများ

No edit summary
အရေးမကြီး interwiki
စာကြောင်း ၁ -
မဟာသီရိဇေယျသူရဘွဲ့ခံ '''မင်းကြီးညို''' (အေဒီ ၁၄၈၆-၂၅၃၁)(သက္ကရာဇ် ၈၄၇-၈၉၂)သည် ဦးရီးတော် မင်းစည်သူအား လုပ်ကြံနန်းချပြီး တောင်ငူနန်းကို သက္ကရာဇ် ၈၄၇ တွင်စိုးစံသည်။ ဦးရီးတော်က ၄င်း၏သမီးတော် စိုးမင်း နှင့်လက်ဆက်ပေးရန် သဘောမတူသဖြင့် ဦးရီးတော်ကို သတ်သည်ဟုဆိုသည်။နန်းတက်လျှင် စိုးမင်းကိုမိဖုရားအရာထားသည်။နန်းတက်ချိန်တွင် အင်းဝထီးနန်းကို စိုးစံနေသည့် ဒုတိယမင်းခေါင်အား "ကျွန်တော် မင်းကြီးညိုတောင်ငူထီးနန်းကိုစိုးစံနေပါပြီ" ဟုဆင်ပေါက်ဆယ်စီး နှင့်လျှောက်တင်လေသည်။ အမှန်မှာ ထိုစဉ်အင်းဝမှာ အင်အားအလွန်လျော့နည်းနေပြီး သြဇာကျဆင်းနေချိန်ဖြစ်သည်။ထို့ကြောင့်လည်း မင်းကြီးညိုသည် တောင်ငူမှ တစ်ထီးတစ်နန်းထူထောင်ရန်ကြိုးပမ်းလေတော့သည်။ ဒုတိယမင်းခေါင်အနေဖြင့်လည်း မိမိညီတော် ရမည်းသင်းစား မင်းရဲကျော်စွာကပင် လေးစားခြင်းမရှိတော့သည့်အတွက် မင်းကြီးညိုကဲ့သို့ ၂၆ နှစ်အရွယ် မင်းပျိုမင်းလွင်တစ်ဦး ရှိလာသည်ကို မတားတော့ပဲ ရမည်းသင်းစားရန်နှင့် အောက်အရပ်မှ မွန်တို့ရန် နှစ်ရပ်လုံးကိုကာကွယ်ပြီးဖြစ်မည်ဟုတွေးကာ လက်ခံအသိအမှတ်ပြုလေသည်။
 
မင်းကြီးညိုသည် မင်းအဖြစ်နှင့် တောင်ငူနန်းသစ် ၃ ကြိမ်တည်သည်။
စာကြောင်း ၂၄ -
[[Category:မြန်မာ့ သမိုင်း]]
[[Category:တောင်ငူမင်းဆက်]]
 
[[en:Minkyinyo]]