ထင်ကျော် (နိုင်ငံတော်သမ္မတ): တည်းဖြတ်မှု မူကွဲများ

→‎နိုင်ငံရေး: စာလုံးပေါင်း ပြင်ခဲ့သည်, သဒ္ဒါပြင်ခဲ့သည်
စာတွဲ: မိုဘိုင်းလ် app တည်းဖြတ်
→‎နိုင်ငံရေး: သဒ္ဒါပြင်ခဲ့သည်
စာတွဲ: မိုဘိုင်းလ် app တည်းဖြတ်
စာကြောင်း ၃၉ -
 
== နိုင်ငံရေး ==
ဒေါ်အောင်ဆန်းစုကြည်နှင့် ငယ်သူငယ်ချင်းဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်၏ နောက်ကွယ်တွင် နှစ်ပေါင်းများစွာရှိနေခဲ့သူတစ်ဦး လည်းဖြစ်သည်။<ref>{{cite web|title=“ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးထင်ကျော်"|url=http://www.7daydaily.com/story/59953|publisher=[[၇ ရကျ နေ့စဉ်သတင်းစာ|7daydaily]]|accessdate=10 March 2016}}</ref> သူသည် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ထက် ဒေါ်အောင်ဆန်းစုကြည်နှင့်သာ ပိုမိုနီးကပ်သူဖြစ်သည်။ နေအိမ်အကျယ်ချုပ် ကျခံနေစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့် ပြင်ပကမ္ဘာကို ချိတ်ဆက်ပေးခဲ့သော လူအနည်းစုတွင် ဦးထင်ကျော်လည်း ပါဝင်သည်။<ref>{{Cite news|url=http://www.theguardian.com/world/2016/mar/15/myanmar-parliament-elects-htin-kyaw-as-first-civilian-president-in-53-years|title=Myanmar parliament elects Htin Kyaw as first civilian president in 53 years|last=Holmes|first=Oliver|date=2016-03-15|newspaper=The Guardian|language=en-GB|issn=0261-3077|accessdate=2016-03-16}}</ref> သူ့ကို သိုသိပ်လျှို့ဝှက်စွာ နေတတ်သူအဖြစ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီဝင်များက သိထားကြသည်။ ၁၉၉၂ ခုနှစ်တွင် အစိုးရဝန်ထမ်းအဖြစ်မှ နှုတ်ထွက်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီသို့ ဝင်ရောက်ခဲ့သည်။ သူသည် ဒေါ်အောင်ဆန်းစုကြည်၏ သံတမန်ရေးရာ အရာရှိလည်း ဖြစ်သည်။ ဦးထင်ကျော်သည် ဖခင်ဖြစ်သူထားရစ်ခဲ့သည့် ဒိုင်ယာရီထဲ၌ သူ၏ ​မွေး​နေ့​မွေးရက်တွင်​ ရေးသားခဲ့သည့် သူကိုယ်တိုင်မသိခဲ့​သော သူ၏ငယ်အမည် "ဒလဘန်း" ကိုသုံးကာ သုတစာပေ နိုင်ငံရေးစာပေ တို့ကိုရေးသားခဲ့သည်။ ဒလဘန်းကလောင်အမည်ဖြင့် သူ၏ဖခင် ဆရာမင်းသုဝဏ်အကြောင်းရေးသည့် ''"အဘဘဝ အဘအကြောင်း တစေ့တစောင်း''" စာအုပ်မှာ ဦးထင်ကျော်၏ လက်ရာဖြစ်သည်။ လက်ရှိသမ္မတ ဖြစ်နိုင်ချေအရှိဆုံးသူများထဲတွင် ဒေါ်အောင်ဆန်းစုကြည်၏ စိတ်အချရဆုံးသူအဖြစ် လည်းကောင်း၊ မိသားစုမျိုးရိုး သမိုင်းကြောင်း ကောင်း၍လည်းကောင်း စသည့် အရည်အချင်းများကြောင့် NLD ၏ သမ္မတလောင်းစာရင်းတွင် တစ်ပေးခြင်းခံထားရသူ တစ်ဦးဖြစ်လာခဲ့သည်။<ref>{{Cite web|url=http://burmese.voanews.com/content/myanmar-new-president-u-htin-kyaw/3237031.html|title=မြန်မာနိုင်ငံရဲ့ ၉ ဦးမြောက် နိုင်ငံတော်သမ္မတ|website=ဗွီအိုအေ|accessdate=2016-03-15}}</ref>
<ref>{{cite web|title=NLD names U Htin Kyaw for president|url=http://www.mmtimes.com/index.php/national-news/19403-nld-names-u-htin-kyaw-for-presiden.html|publisher=''Myanmar Times''|accessdate=10 March 2016}}</ref><ref>{{cite web|url=http://time.com/4258655/htin-kyaw-burma-myanmar-president-aung-san-suu-kyi/|title=Myanmar: Who Is Htin Kyaw, Burma's New President?|author=Simon Lewis|work=TIME.com}}</ref> NLD နာမည်ကြီး ခေါင်းဆောင်တစ်ဦးဖြစ်သော ဦးလွင်၏သမီး၊ ပြည်သူ့လွှတ်တော် နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ [[စုစုလွင်၊ ဒေါ်|ဒေါ်စုစုလွင်]]၏ ခင်ပွန်းလည်း ဖြစ်သည်။