ကူကလပ်ကလန်: တည်းဖြတ်မှု မူကွဲများ

No edit summary
အရေးမကြီးNo edit summary
စာကြောင်း ၁ -
 
==ကူကလပ်ကလန်(Kuklusklun)==
အမေရိကန် နိုင်ငံရှိ လျှို့ဝှက်အသင်း အမည်ဖြစ်သည်။ ၁၈၆၅-ခုနှစ်တွင် တင်နက်ဆီနယ် အမေရိကန် ပြည်တွင်းစစ်တွင် ရှုံးသော ရဲဘော်များက စတင်ဖွဲ့စည်း၍ လူဖြူများ တန်ခိုးအာဏာ ရရေးအတွက် ဦးတည်သည်။ သို့ရာတွင် ၁၈၆၉-ခုနှစ်တွင် တည်ထောင်သူများက ဖျက်သိမ်းခဲ့ရာ အချို့နေရာများ၌ နှစ်အတန်ကြာ ဆက်၍ကျန်ရှိသည်။ ၁၉၁၅-ခုနှစ်တွင် ကပ္ပတိန်လူမည်း ဆန့်ကျင်ရေးအဖွဲ့အဖြစ် ဂျော်ဂျီယာနယ်၌ ပြန်ပေါ်သည်။ ထိုဒုတိယအဖွဲ့မှာ တောင်ပိုင်းနှင့် မြောက်ပိုင်းသို့ ပြန့်သွား၍ ရွေးကောက်ပွဲများ၌ပင် လွှမ်းမိုးအနိုင်ယူလေသည်။ အဖွဲ့ဝင် ငါးသန်းခန့် ရှိမည်ဟု ခန့်မှန်းရသည်။ ၁၉၃၀-ပြည့်နှစ်နောက်ပိုင်းတွင်ကား ပြိုပျက်လာခဲ့၍ တောင်ပိုင်းပြည်နယ် အချို့တွင် လူမျိုးရေးခွဲခြားမှု ဝါဒီအနေဖြင့် အများအပြား ကျန်ရှိနေခဲ့သည်။ <ref>လှသမိန် ၏ ဗဟုသုတစွယ်စုံ</ref>
 
==ကိုးကား==
<references/>