ဒြပ်ထု: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး added Category:ရူပဗေဒ using HotCat
အရေးမကြီးNo edit summary
စာကြောင်း ၁ -
[[ရူပဗေဒ]]တွင် '''ဒြပ်ထု''' ဆိုသည်မှာ ရုပ်ဝတ္ထုတစ်ခု၏ [[ဂုဏ်သတ္တိ]]တစ်မျိုးဖြစ်သည်။ ယေဘုယျအားဖြင့် ဒြပ်ထုဆိုသည်မှာ အရာဝတ္ထုအပေါ် [[အား]]တစ်ခုသက်ရောက်သောအခါ ရွေ့လျားလိုမှုကိုဆန့်ကျင်ခုခံသည့် အတိုင်းအတာ ဖြစ်သည်။ အခြားအရာဝတ္ထုများဖြင့် အပြန်အလှန်[[ဒြပ်ဆွဲအား]]ဆွဲငင်မှု၊ [[အရှိန်]] သို့မဟုတ် [[လားရား]]ပြောင်းလဲခြင်းကို ဆန့်ကျင်ခုခံမှုနှင့် [[နှိုင်းရသီအိုရီ]]အရ စနစ်တစ်ခု၏ [[ဒြပ်ထု-စွမ်းအင်]] ပါဝင်မှု စသည်တို့ဖြင့် တိုင်းတာဆုံးဖြတ်သည်။ ဒြပ်ထု၏ [[နိုင်ငံတကာစံယူနစ်]]မှာ [[ကီလိုဂရမ်]]ဖြစ်သည်။
 
ကျွန်ုပ်တို့သည် ဝတ္ထုတစ်ခု၏ ဒြပ်ထုကို [[အလေးချိန်]]ပြီး သတ်မှတ်တွက်ချက်လေ့ရှိသော်လည်း ဒြပ်ထုသည် [[အလေးချိန်]]နှင့် မတူညီပါ။ ဝတ္ထုတစ်ခု၏ အလေးချိန်သည် [[ဒြပ်ဆွဲအား]]နည်းသည့် [[လကမ္ဘာ]]ပေါ်တွင် သေးငယ်ပြီး၊ ဒြပ်ဆွဲအား ပိုများသည့် [[ကမ္ကမ္ဘာ]]ဘာပေါ်တွင်ပေါ်တွင် ပိုများမည်ဖြစ်သည်။ သို့သော်လည်း ၎င်းအရာဝတ္ထု၏ ဒြပ်ထုသည် ပြောင်းလဲခြင်းမရှိပါ။ အလေးချိန်သည် အားတစ်မျိုးဖြစ်ပြီး ဒြပ်ထုဆိုသည်မှာ (ဒြပ်ဆွဲအားဆွဲငင်မှုဖြင့်)၎င်းအားကိုဖြစ်စေသော ဂုဏ်သတ္တိဖြစ်သည်။
 
[[နယူတန်ဆိုင်ရာရူပဗေဒ]]တွင် ဒြပ်ထုဆိုသည်မှာ အရာဝတ္ထုတစ်ခုတွင်ပါဝင်သော [[ဒြပ်]]ပမာဏဟု ယေဘုယျအားသတ်မှတ်နိုင်သည်။ သို့သော် [[အထူးနှိုင်းရသီအိုရီ]]က ပြဆိုသည်မှာ အလွန်မြင့်မားသည့်အရှိန်ဖြင့် ရွေ့လျားသည့်အခါ သို့မဟုတ် [[အက်တမ်အောက်အမှုန်]]လောကတွင် [[စွမ်းအင်]]သည် ဒြပ်ထု၏ ထပ်တိုးအရင်းအမြစ် တစ်ခုဖြစ်သည်။ ထို့ကြောင့် ရပ်တန့်နေသည့် မည်သည့်ဒြပ်ထုတူညီသော အရာဝတ္ထုများတွင်မဆို တူညီသော စွမ်းအင်ပမာဏရှိပြီး [[စွမ်းအင်ပုံစံ]]အားလုံးသည် အားနှင့် ဒြပ်ဆွဲအားများကြောင့် အရှိန်ဖြစ်ပေါ်ခြင်းကို ဆန့်ကျင်ခုခံလိုသည့် သဘောရှိသည်။ သိပ္ပံပညာတွင် [[ဒြပ်]] ဆိုသည်မှာ မတိကျသည့် စကားလုံးဖြစ်ပြီး တိတိကျကျတိုင်းတာ၍ မရနိုင်ပါ။