ထိုင်ပေမြို့: တည်းဖြတ်မှု မူကွဲများ

No edit summary
No edit summary
စာကြောင်း ၁၁၆ -
|blank_info = TW-TPE
|website = [http://english.taipei.gov.tw/ taipei.gov.tw] {{en icon}}
|footnotes = The city has 12 districts. The metropolitan area of Taipei includes [[Taipei City]], [[Taipei County]], [[Keelung City]], [[Taoyuan County]], [[Hsinchu City]], [[Hsinchu County]], and [[Yilan County, Taiwan|Yilan County]].<br/>'''မြို့တော်ပန်း''': [[:en:Azalea]] (''Rhododendron nudiflorum'')<br/>'''မြို့တော်အပင်''': [[:en:Banyan]] (India laurel fig, ''Ficus microcarpa'')<br/>'''မြို့တော်ငှက်''': [[:en:Formosan Blue Magpie]] (Urocissa caerulea)
}}
'''ထိုင်ပေမြို့''' (臺北市) သည် [[ထိုင်ဝမ်]]ဟု လူသိများသည့် [[တရုတ်သမ္မတနိုင်ငံ]]၏ မြို့တော်ဖြစ်သည်။ ၁၈၉၅ မှ ၁၉၄၅ခုနှစ်အထိ၁၉၄၅ ခုနှစ်အထိ ဂျပန်တို့ ထိုင်ဝမ်ကို ကိုလိုနီနယ်အဖြစ် အုပ်ချုပ်စဉ်တွင်လဲ ထိုင်ပေမြို့အား ရုံးစိုက်ရာမြို့အဖြစ် သတ်မှတ်ခဲ့သည်။ ၁၉၄၉ ခုနှစ် [[ကွန်မင်တန်ပါတီ|ကွန်မင်တန်အစိုးရ]] ထိုင်ဝမ်သို့ ပြောင်း​ရွှေ့လာပြီးနောက် ထိုင်ပေမြို့အား မြို့တော်အဖြစ် သတ်မှတ်ခဲ့သည်မှာ ယနေ့အထိတိုင် ဖြစ်သည်။ <ref>[http://www.britannica.com/EBchecked/topic/580809/Taipei/231554/History ထိုင်ပေမြို့သမိုင်း]</ref>
 
ထိုင်ပေမြို့သည် ထိုင်ဝမ်ကျွန်း၏ မြောက်ဖက်အစွန်း တတိယအကြီးဆုံးဆိပ်ကမ်းမြို့ဖြစ်သည့်တတိယအကြီးဆုံး ဆိပ်ကမ်းမြို့ဖြစ်သည့် ကြီးလုံမှ အနောက်တောင်ဖက် ၂၅&nbsp;ကီလိုမီတာအကွာ တန့်ဆွေမြစ် (淡水河)၊ ကြီးလုံမြစ် (基隆河) နှင့် ရှင်းတျန့်မြစ် (新店溪) မြစ်သုံးမြစ်ဆုံရာ ချိုင့်ဝှမ်းတွင် တည်ရှိသည်။ အနောက်ဖက်မှလွဲ၍ အခြားအရပ်မျက်နှာများတွင် တောင်တန်းများရှိကာ အထူးသဖြင့် ​မြောက်ဖက်တွင် ၁၁၂၀ မီတာမြင့်သည့် ခြည်းရှင်းစန်း (七星山) တည်ရှိသည်။ ရာသီဥတုမှာ ပူအိုက်စွတ်စိုသည့် အပူလျော့ပိုင်း ရာသီဥတုဖြစ်သည်။
 
ထိုင်ပေမြို့သည် ထိုင်ဝမ်၏ နိုင်ငံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှု အချက်အချာဖြစ်ပြီး ထိုင်ပေမြို့တော် မြူနီစပယ်အစိုးရအား လူထုမှ တိုက်ရိုက်မဲပေး ရွေးကောက်တင်မြှောက်ထားသည့်ရွေးကောက် တင်မြှောက်ထားသည့် မြို့တော်ဝန်မှ ဦးစီးကြီးကြပ်သည်။ ထိုင်ပေမြို့၊ ကြီးလုံမြို့နှင့် ထိုင်ပေခရိုင်ပါဝင်သည့် ဒေသအား ထိုင်ပေမြို့ပြဒေသအဖြစ် ခေါ်ဝေါ်လေ့ရှိသည်။
 
ထိုင်ပေမြို့ပြဒေသသည် ထိုင်ဝမ်စက်မှုလုပ်ငန်း၏ အချက်အချာဖြစ်သည်။ အထည်အလိပ်စက်ရုံ အများစုသည်နှင့် လျှပ်စစ်ပစ္စည်း ထုတ်လုပ်ရေးလုပ်ငန်း၊ သင်္ဘောတည်ဆောက်ရေး လုပ်ငန်းများ တည်ရှိသည်။ ထိုင်ပေမြို့မှ ထိုင်ဝမ်၏ အခြားဒေသများသို့ ရထား၊ ကျည်ဆံရထား၊ အဝေးပြေးယာဉ်များ၊ လေယာဉ်များဖြင့် အလွယ်တကူ သွားလာနိုင်သည်။ ထိုင်ပေမြို့တွင်းရှိ စုန်းစန်းလေဆိပ်မှာ ပြည်တွင်းလေကြောင်းများနှင့် ထိုင်ဝမ်-ပြည်မ လေကြောင်းအချို့အား ဝန်ဆောင်ပေးလျက်ရှိပြီး [[ထိုင်ဝမ် ထောင်ယွမ် အပြည်ပြည်ဆိုင်ရာ လေဆိပ်|ထောင်ယွမ် အပြည်ပြည်ဆိုင်ရာ လေဆိပ်]]မှာ ထိုင်ပေမြို့နှင့် အနောက်တောင်ဖက် ကီလိုမီတာ ၄၀ အကွာ ထောင်ယွမ်ခရိုင်တွင် တည်ရှိသည်။
စာကြောင်း ၁၃၀ -
== သမိုင်း ==
[[Image:Old Taipei revealing the original city wall and gates.jpg|thumb|ထိုင်ပေမြို့ဟောင်း၏ မြေပုံ]]
ထိုင်ပေချိုင့်ဝှမ်းသည် ၁၈ ရာစု မတိုင်မှီကာလများတွင် ခဲတာဂလန်လူမျိုးများ နေထိုင်ကျက်စားရာ ဌာနေဖြစ်သည်။ တရုတ်ပြည် ဖူကျန့်ပြည်နယ်မှ ဟန့်တရုတ်လူမျိုးများသည် ၁၇၀၉ ခုနှစ်မှစ၍ ထိုင်ပေချိုင့်ဝှမ်းတွင် အခြေချနေထိုင်လာကြသည်။ ၁၉ ရာစုနှောင်းပိုင်းတွင်ရာစု နှောင်းပိုင်းတွင် ထိုင်ပေနှင့် တန့်ဆွေဒေသသည် ကုန်သွယ်ရေးဆိပ်ကမ်းဖြစ်၍ နိုင်ငံခြား ကုန်သွယ်ရေး အထူးသဖြင့် လက်ဖက်ခြောက် တင်ပို့မှု ဖွံ့ဖြိုးတိုးတက်လာသည့်အလျောက် ထိုင်ဝမ်​မြောက်ပိုင်းဒေသ၏ စီးပွားရေး အချက်အချာ ဖြစ်လာခဲ့သည်။ ချင်းမင်းဆက်သည် ၁၈၇၅ ခုနှစ်တွင် ထိုင်ဝမ်မြောက်ပိုင်းဒေသအား ထိုင်ဝမ်ပြည်နယ်မှ ခွဲထုတ်ကာ အုပ်ချုပ်ရေးနယ်​မြေသစ် ထိုင်ပေနယ်အဖြစ် သတ်မှတ်ခဲ့သည်။ မြေဆီကြွယ်ဝသည့် ဗန်းကာ (ဝမ့်ဟွာ)နှင့် တွာတူရှာ (တာ့တောက်ချိန်) မြို့နယ်များကိုပါ ပေါင်းစည်းလိုက်ပြီး အစိုးရရုံးစိုက်ရာမြို့သစ်ကိုအစိုးရရုံးစိုက်ရာ မြို့သစ်ကို “ချိန်နေ့” (အတွင်းမြို့တော်) ဟု သတ်မှတ်ခဲ့သည်။ ၁၈၇၅ ခုနှစ်မှ ဂျပန်ကိုလိုနီအုပ်ချုပ်ရေး စတင်သည့် ၁၈၉၅ ခုနှစ်အထိ ထိုင်ပေမြို့သည် ထိုင်ပေနယ် တန့်ဆွေခရိုင်အပိုင်မြို့နှင့် ထိုင်ပေနယ် ရုံးစိုက်ရာမြို့ ဖြစ်သည်။
 
ချင်းမင်းဆက်၌ ဆောက်လုပ်ခဲ့သည့် မြို့ရိုးနှင့် မုခ်ဦးများအနက် ယနေ့ခေတ်အထိ မြောက်ဖက်မုခ်သာ မူလ လက်ရာအတိုင်း ကျန်ရစ်သည်။ အနောက်မုခ်နှင့် မြို့ရိုးမှာ ဂျပန်တို့ ထိုင်ဝမ်အား တိုက်ခိုက်စဉ်တွင် ပျက်စီးခဲ့ရသည်။ တောင်ဖက်မုခ်နှင့် အရှေ့မုခ်မှာမူ ကွန်မင်တန်အစိုးရ ထိုင်ဝမ်သို့ ပြောင်းရွှေ့လာပြီးနောက် ပြင်ဆင်ဆောက်လုပ်ခဲ့သောကြောင့် မူလ လက်ရာနှင့် အတော်လေး ကွာခြားသွားပြီဖြစ်သည်။
စာကြောင်း ၁၄၆ -
[[အမျိုးသားကုကုန်းပြတိုက်]]တွင် အဓိကအားဖြင့် ရှေးဟောင်းတရုတ်ပြည် မင်းအဆက်ဆက်မှ သိမ်းဆည်းထားသည့် အနုပညာ လက်ရာပစ္စည်းများကို စုဆောင်းပြသထားသည်။ ထိုင်ပေကုကုန်းပြတိုက်သည် ကမ္ဘာပေါ်တွင် ရှေးဟောင်းတရုတ် လက်ရာပစ္စည်း အများဆုံး စုဆောင်းသိမ်းဆည်းထားသည့် ယဉ်ကျေးမှုပြတိုက် တခုအဖြစ် တည်ရှိသည်။
 
[[ထိုင်ပေအနုပညာပြတိုက်ထိုင်ပေ အနုပညာပြတိုက်]]အား ၁၉၇၃ ခုနှစ်တွင် တည်ဆောက်ခဲ့ပြီး ထိုင်ဝမ်၏ ပထမဦးဆုံးသော မော်ဒန်အနုပညာပြတိုက် ဖြစ်သည်။ ထိုင်ပေအနုပညာပြတိုက်တွင် အဓိကအားဖြင့် ထိုင်ဝမ်အနုပညာရှင်များ၏ လက်ရာပစ္စည်းများကို ပြသထားသည်။ လက်ရှိတွင် လက်ရာပစ္စည်းပေါင်း ၃၀၀၀ ကျော်ရှိသည်။ အများစုမှာ ၁၉၄၀ နောက်ပိုင်း လက်ရာများ ဖြစ်ကြပြီး အုပ်စု ၁၃ ခုအဖြစ် ခွဲခြားထားသည်။ ၂၀၀၀ ခုနှစ်တွင် ဒစ်ဂျစ်တယ်နည်းပညာဖြင့် ဖန်တီးထားသည့် အနုပညာလက်ရာများကို ပြသခဲ့ဖူးသည်။ ထိုင်ပေခေတ်ပြိုင်အနုပညာပြတိုက်ကို[[ထိုင်ပေ ခေတ်ပြိုင် အနုပညာပြတိုက်]]ကို (台北當代藝術館;MOCA Taipei) ၂၀၀၁ ခုနှစ်တွင် ထိုင်ပေမြို့တော်ခန်းမဟောင်းတွင် ဖွင့်လှစ်တည်ထောင်ခဲ့သည်။ လက်ရှိ မြို့တော်ခန်းမမှာ ထိုင်ပေ ၁၀၁ အနီးတွင် တည်ရှိသည်။
 
[[အမျိုးသားထိုင်ဝမ်ပြတိုက်အမျိုးသား ထိုင်ဝမ်ပြတိုက်]]သည် ထိုင်ဝမ်တွင် ခေတ်ကာလ အရှည်ကြာဆုံး ပြတိုက်တခုဖြစ်သည်။ ယင်းပြတိုက်အား ဂျပန်ကိုလိုနီအစိုးရက ၁၉၀၈ ခုနှစ် ထိုင်ဝမ်ရထားလမ်းနှင့် တချိန်တည်းတွင် ဖွင့်လှစ်ခဲ့သည်။ ဂျပန်ကိုလိုနီအစိုးရက ထိုင်ဝမ်ဘုရင်ခံပြတိုက်ကို တည်ထောင်ခဲ့ပြီး ကနဦးတွင် လက်ရာပစ္စည်းပေါင်း ၁ သောင်းကျော် စုဆောင်းခဲ့သည်။ ၁၉၁၅ ခုနှစ်တွင် အဆောက်အဦးအသစ်ကို ဖွင့်လှစ်ခဲ့ပြီး ယင်းပြတိုက်သည် ဂျပန်ကိုလိုနီခေတ်တွင် အရေးပါသည့် ပြည်သူပိုင် အဆောက်အဦးဖြစ်လာသည်။
 
==== လည်ပတ်စရာနေရာများ ====
ခရီးသွားများ စိတ်ဝင်စားသည့် နေရာအများစုသည် မြို့ပတ်အမြန်ရထားဘူတာ အနီးတွင် တည်ရှိကြသည်။ [[ထိုင်ပေမြို့ပတ်အမြန်ရထားထိုင်ပေ မြို့ပတ် အမြန်ရထား]]ဘူတာများတွင် တရုတ်၊ အင်္ဂလိပ် နှစ်ဘာသာဖြင့် လမ်းညွှန်ထားသောကြောင့် အလွယ်တကူ သွားရောက်နိုင်သည်။ ခရီးသည်များ အဆင်ပြေစေရန် မြို့ပတ်ရထားပေါ်၌ ဘူတာဆိုက်ခါနီးတွင် ဘူတာအမည်ကို တရုတ်၊ မင်နန်၊ ဟတ်ကား၊ အင်္ဂလိပ် ၄ ဘာသာဖြင့် ကြေငြာပေးသည်။ ထိုင်ပေမြို့သည်လည်း ကြိုးမဲ့အင်တာနက် ချိပ်ဆက်နိုင်သည့် နေရာပေါင်း ၂ သောင်းကျော် ရှိသော​ကြောင့် ကမ္ဘာပေါ်တွင် ကြိုးမဲ့အင်တာနက်ကွန်ယက် ချိပ်ဆက်မှု အကောင်းဆုံး မြို့တမြို့ဖြစ်သည်။<ref>{{cite web |title=The 10 Most Connected Cities in the World |url=http://www.dailywireless.com/features/most-connected-cities-030607/ |accessdate=2007-08-18}}</ref>
 
ထိုင်ပေမြို့တွင် လူသိများသည့် အပန်းဖြေရန် နေရာတခုမှာ အနီးဝန်းကျင်ရှိ ရန်မင်စန်း (陽明山) ဖြစ်သည်။ ရန်မင်စန်းနှင့် တောင်​ခြေရှိ ပေထိုသည် ရေပူစမ်းနှင့် ချယ်ရီပန်းများကြောင့် နာမည်ကျော်ကြားသည်။ ထိုင်ပေမြို့အရှေ့ဖက်ရှိ မောင်းခုန်းသည် လက်ဖက်ရည်ကြမ်းဆိုင်များဖြင့် လူသွားများသည့် နေရာတခုဖြစ်သည်။ ၂၀၀၇ ခုနှစ်မှစ၍ မောင်းခုန်း ကွန်ဒိုလာကို ဖွင့်လှစ်ခဲ့သောကြောင့် သွားရောက်လည်ပတ်သူ ပို၍ များပြားလာသည်။ ထိုင်ပေခရိုင်ရှိ ပိထန် (碧潭) မှာ ရေပေါ်ကစားစရာများနှင့် လှေလှော်ရန် အကောင်းဆုံးနေရာအဖြစ် ကျော်ကြားသည်။