"အာနန္ဒာဘုရား" ၏ တည်းဖြတ်မှု မူကွဲများ

၁၇၂ ဘိုက် ပေါင်းထည့်ခဲ့သည် ,  ပြီးခဲ့သည့် ၄ နှစ်
Reverted 1 edit by 103.25.78.201 (talk). (TW)
(Reverted 1 edit by 103.25.78.201 (talk). (TW))
== အာနန္ဒာဘုရားသမိုင်း ==
=== ဒဏ္ဍာရီလာဘုရားသမိုင်း ===
ကျန်စစ်သားမင်းတရားသည် ခမည်းတော် အနော်ရထာ၏ကုသိုလ်တော်ဖြစ်သော [[ရွှေစည်းခုံ စေတီတော် (ပုဂံ)|ရွှေစည်းခုံစေတီ]]တော်ကို ထပ်မံမွမ်းမံ၍ အပြီးသတ် တည်ဆောက်ပြီးလေသော် အကြံတစ်ခု ဖြစ်ပေါ်သည်။ ထိုအကြံကား ဘဒ္ဒကမ္ဘာ၌ ပွင့်တော်မူပြီးသော ကကုသန္ဓ၊ ကောဏာဂမန၊ ကဿပ၊ ဂေါတမဘုရားရှင်တို့အား ရည်စူး၍ ဂေါတမ ဘုရားရှင်၏ အရပ်တော် ၁၈ တောင် ပမာဏဖြင့် ရပ်တော်မူဟန် လေးဆူသောရုပ်ပွားတော်များကို ထုလုပ်ပူဇော်လိုသော အကြံဖြစ်ပေသည်။ ထိုလေးဆူသော
ရုပ်ပွားတော်များကို ကိုးကွယ်ပူဇော်ထားရန် အဘယ်သို့သော ပုံသဏ္ဌာန်ရှိသည့် အဆောက်အအုံဖြင့် ကြည်ညိုဖွယ်ဖြစ်အောင် တည်ဆောက်ကိုးကွယ်ရအံ့နည်းဟု ကြံစည်တွေးတောနေတော်မူခဲ့လေသည်။ ထိုအတွင်း၌ပင် ရဟန္တာရှစ်ပါးတို့သည် မင်းကြီးနန်းတော်၌ ဆွမ်းရပ်လာကြသည်။ မင်းကြီးလည်း ကြည်ညိုစွာဖြင့် ဆွမ်လုပ်ကျွေးပြီးလျှင် မည်သည့်အရပ်က ကြွလာကြောင်း မေးမြန်းလျှောက်ထားသော် (ဟိမဝန္တာ အရပ်) ဂန္ဓာမာဒနတောင်မှ ကြွလာကြောင်း မိန့်ကြားကြသည်။ ထိုအခါ မင်းတရားကြီးသည် အရှင်မြတ် တို့အား အလွန်သဒ္ဓါကြည်ညိုလှသဖြင့် ဝါဆိုကျောင်းဆောက်၍ လှူပြီးလျှင် ဝါတွင်းသုံးလပတ်လုံး နန်းတော်သို့ ပင့်၍ ဆွမ်းလုပ်ကျွေးတော်မူသည်။ တစ်ရံခါသော် ကျန်စစ်သားမင်းတရားက အရှင်မြတ်တို့အား အရှင်မြတ်တို့ သီတင်းသုံးခဲ့ရာ ဂန္ဓမာဒနတောင်ရှိ နန္ဒမူလ လိုဏ်ဂူကို တန်ခိုးတော်ဖြင့် သဏ္ဌာန်တူစွာပြု၍ ပြတော်မူရန် လျှောက်တောင်းပန်သည်။ အရှင်မြတ်တို့ကလည်း တန်ခိုးဖြင့် ပြတော်မူသော် နန္ဒမူလလိုဏ်ဂူ၏ တင့်တယ်သော အသရေကို မင်းတရားကြီး အလွန်တရာ နှစ်သက်ကြည်ညိုခြင်း ဖြစ်သည်။ ထိုကြောင့် မူလ ရည်ရွယ်ရင်းရှိခဲ့သော ဘုရားရှင်လေးဆူတို့ စံပယ်ရန် နန္ဒမူလလိုဏ်ဂူသဏ္ဌာန် ကောင်းမှုတော် တစ်ဆူကို တည်ဆောက်၍ ပူဇော်ကိုးကွယ်ရန် အကြံတော် ဖြစ်သည်။ ရဟန္တာအရှင်မြတ်တို့အားလည်း ကူညီစောင်မရန် လျှောက်ထား တောင်းပန်သည်။ မထေရ်မြတ်တို့ကလည်း သဘောတူညီကြသဖြင့် သက္ကရာဇ် ၄၅၂ ခုနှစ်(ခရစ် ၁ဝ၉၁ ခုနှစ်)အတွင်း၌ပင် အာနန္ဒဘုရားကို စတင် တည်ဆောက်ရန် စီမံလေသည်။ <br />
ကျန်စစ်သားမင်းသည် မိမိ၏ကောင်းမှုတော်ကို သာသနာအနှစ် ၅ဝဝဝ တည်စေရန် ရည်ရွယ်သဖြင့် မည်သည့်အရပ်၌ တည်ဆောက်ရအံ့နည်းဟု ဆင်ခြင်သည်။ ထိုအခါ သိကြားမင်း ကြွလာလတ်၍ ဘုရား တည်ဆောက်ရမည့်အရပ်ကို ညွှန်ပြသည် ဟုဆိုသည်။ မင်းတရားကြီးလည်း ထိုအရပ်၌ ဧရာဝတီမြစ်ရေ တိုးစေကာမူ မိမိ၏ကောင်းမှုတော် မပါနိုင် မပြိုနိုင်စေရန်၊ မြေကို အစောက် သံတောင် ၆ဝ ရေတွက်အောင် တူးစေပြီးသော် ရေမှ သံတောင် ၃ဝ နဂါးရစ်ကျောက်တို့ကို တည်ခင်းစေ၏။ ထိုကျောက်တို့၏ အထက်၌ကား ဌာပနာအံ့သောငှာ သံတောင် ၃ဝ ရှိ ဥမင်တိုက်ကို ဆောက်စေသည်။ မင်းတရားကြီး၏ ကောင်းမှုတော်အတွက် ဆောင်ရွက်ရသော ပန်းရံတို့ကား ဗိသုကာလေးရာ၊ ကံကျွေး လေးသောင်းဖြစ်၍ လက်ခမှာ ရွှေစင်လေးသိန်းပေးရသည်။ ရဟန္တာအရှင်မြတ်တို့လည်း ဌာပနာတိုက် ဆောက်လုပ်ရာ၌ ကူညီကြသည်။ ထိုအရှင်မြတ်တို့အပြင် သီတင်းသုံးဖော် အခြားသောရဟန္တာအရှင်မြတ် တို့ကလည်း ဝိုင်းဝန်းကြသဖြင့် ထိုကောင်းမှုတော်
==== အထက်ဌာပနာတိုက် ====
ဖော်ပြခဲ့သောမြေအောက်ဌာပနာအပြင်အထက်ဌာပနာတိုက် ၌လည်း မြတ်စွာဘုရား၏ရုပ်ပွားတော် များကို ရွှေစင်သုံးကုဋေခြောက်သန်း အကုန်ခံ၍ သွန်းလုပ်လှူဒါန်းသည်။ ရွှေလှေနှင့်မင်းများအရုပ်ကိုလည်း ရွှေစင်ဖြင့် သွန်း၍ ဌာပနာသည်။ မင်းများ အသုံးအဆောင်ဖြစ်သော စောင်းငြင်းတူရိယာ တို့ကိုလည်း တီးသူ လူရုပ်နှင့်တကွလည်းကောင်း၊ နတ်သားရုပ်တို့ကိုလည်းကောင်း ဌာပနာလေသည်။ ကျန်စစ်မင်းကြီးသည် ပြူစောထီး စသော ရှေးဘေးလောင်းတော် ဘိုးလောင်းတော် မင်းအဆက်ဆက်တို့ထံမှ ဆက်ခံရရှိသော ဓာတ်တော်၊ မွေတော်၊ ကျောက်သံပတ္တမြား၊ ရွှေငွေဥစ္စာမှန်သမျှနှင့် မိမိ၏ဘုန်းကံကြောင့် နိုင်ငံရပ်ခြား တိုင်းတစ်ပါးမှ လက်ဆောင် ပဏ္ဏာဆပ်သလာသမျှတို့ကို စွန့်တော်မူမည်ဟု မိန့်ကြားပြီးလျှင် အတုမရှိသော ကောင်းမှုတော်ကို စီရင်စေလေသည်။<ref name="မြန်မာ့စွယ်စုံကျမ်း"/>
 
== ဘွဲ့အမည်တော် ==
မင်းတရားကြီး၏ ကောင်းမှုတော်သည် ဘုရားရှင်၏ အနန္တပညာကို ရည်မှတ်ပူဇော်ခြင်း ဖြစ်သဖြင့် အနန္ဒာဘုရားဟု ဘွဲ့မည်တပ်ခဲ့သော်လည်း ကာလကြာမြင့်သော် အာနန္ဒာဘုရားဟု ခေါ်တွင်ခဲ့လေသည်။ <ref name="မြန်မာ့စွယ်စုံကျမ်း"/> နန္ဒမူလပုဒ်မှ အာနန္ဒာသို့ စကားရွေ့လျားလာသည်ဟူသော အယူအဆလည်း ရှိသည်။ <ref name = "ပုဂံစေတီပုထိုးများ">ဦးကျော်အောင်(စာတည်းမှူး)၊ တက္ကသိုလ် ဘာသာပြန်နှင့်စာအုပ်ထုတ်ဝေရေးဌာန၊အဆင့်မြင့်ပညာဦးစီးဌာန - ပုဂံစေတီပုထိုးများ</ref>
၃၀၂၈

တည်းဖြတ်မှုများ