အောင်ဇေ (တော်ဘုရားလေး): တည်းဖြတ်မှု မူကွဲများ

No edit summary
စာကြောင်း ၁၄ -
 
==ကိုယ်ရေးအကျဉ်း==
မြန်မာနိုင်ငံ၏ သက်ဦးဆံပိုင်ခေတ်တွင် နောက်ဆုံးဘုရင်မင်းမြတ်ဖြစ်သော သီပေါမင်းတရားကြီးနှင့် မိဖုရားခေါင်ကြီး [[စုဖုရားလတ်]]တို့၏ မြေးတော် တစ်ဦးဖြစ်သော တော်ဖုရားလေးတော်ဘုရားလေး (ဦး) အောင်ဇေကို ၁၉၂၆ ခုနှစ်၊ ဇွန်လ ၃ဝ ရက်နေ့တွင် အဖ ဦးကိုကိုနိုင်၊ အမိ အရှင်ထိပ်စုမြတ်ဖုရားလေးတို့မှ [[ရန်ကုန်မြို့]] ၌ မွေးဖွားခဲ့သည်။
 
၁၉၄၈ မှ ၁၉၆၂ ခုနှစ်များအတွင်း သီပေါရောင်းဝယ်ရေးဆင်ဒီကိတ် တည်ထောင်ပြီး ဒါရိုက်တာအဖြစ် ဆောင်ရွက်ကာ [[တိုကျိုမြို့|တိုကျို]]နှင့် အိုဆာကာတို့တွင် ရုံးခွဲများ ဖွင့်လှစ်ခဲ့သည်။ ၁၉၅ဝ ပြည့်နှစ်တွင် ပြည်ထောင်စုမြန်မာနိုင်ငံတော် ထွက်ကုန် ကုန်သည်များအသင်းချုပ်ကို တည်ထောင်ခဲ့ကာ အထွေထွေအတွင်းရေးမှူးအဖြစ် လုပ်ကိုင်ဆောင်ရွက်ခဲ့သည်။ ၁၉၅၃ ခုနှစ်တွင် ပြည်ထောင်စုမြန်မာနိုင်ငံတော် ထုတ်ကုန် ကုန်သည်များ အရှေ့ဖျားကော်ပိုရေးရှင်းကို ဖွဲ့စည်းပြီး ဒါရိုက်တာအဖြစ် တာဝန်ယူ ဆောင်ရွက်ရင်း ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းများ လုပ်ကိုင်ခဲ့သည်။ [[ထိုင်း]]၊ [[ဟောင်ကောင်]]၊ [[အိန္ဒိယ]]၊ [[ဂျပန်]]တို့သို့လည်း သွားရောက်ခဲ့သည်။ ၁၉၆ဝ ပြည့်နှစ်တွင် တရုတ်နိုင်ငံ၊ မြောက်ကိုရီးယား၊ ၁၉၆၁ ခုနှစ်တွင် တရုတ်နိုင်ငံတို့သို့ မြန်မာအစိုးရ စီးပွားရေးမစ်ရှင်ဖြင့် သွားရောက်ခဲ့သည်။